Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရပ်ကွက်ဈေးများတွင် အအေးခန်းယာဉ်များဖြင့် ငါးရောင်းရန် စီစဉ်

ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများတွင် အအေးခန်းယာဉ်များဖြင့် ငါးရောင်းမည့် အစီအစဉ်ကို

တစ်လအတွင်း စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

 

အဆိုပါအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

 

‘‘ရန်ကုန်မြို့တွင်းက ဈေးတွေမှာ အအေးခန်းကားတွေနဲ့ လှည့်ပြီးရောင်းဖို့ စီစဉ်နေတာ သုံးမြို့နယ်၊ လေးမြို့နယ်မှာ တစ်လအတွင်း စနိုင်အောင် စီမံချက်ချပြီး လုပ်နေပါတယ်’’ဟု ဦးထွန်းဝင်းမြင့်က ပြောသည်။

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ(မဆလ)နှင့် နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရလက်ထက်တွင် မြန်မာ့ပုလဲနှင့် ငါးလုပ်ငန်းက တိုင်းနှင့်ပြည်နယ်အနှံ့ရှိ မြို့နယ်များသို့ ရန်ကုန်မြို့မှ အအေးခန်းယာဉ်များဖြင့် ပို့ဆောင်ပေးသကဲ့သို့ ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဟန်ထွန်းက ပြောသည်။

 

‘‘၁၉၉၀ ဝန်းကျင်လောက်အထိ မြို့နယ်တွေမှာ အအေးခန်းကားနဲ့ ငါးရောင်းပေးသလိုမျိုး ပြန်ဖော်ဆောင်တာပဲ’’ ဟု မြန်မာ့ပုလဲနှင့် ငါးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော ဦးဟန်ထွန်းက ပြောသည်။

 

ဈေးနှုန်းချိုသာမှုနှင့် သန့်ရှင်းလတ်ဆတ်မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့ ရပ်ကွက်ဈေးများတွင် အအေးခန်းယာဉ်ဖြင့် ငါးရောင်းချမည့်အစီအစဉ်ကို အခွန်လွတ်ဈေးများ၌ စတင်မည်ဖြစ်ပြီး အောင်မြင်ပါက ဈေးကို တိုးချဲ့မည်ဖြစ်ကြောင်း ဦးထွန်းဝင်းမြင့်က ပြောသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:10
Rate this item
(1 Vote)