Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဇွန်လမှ စတင်ပြီး မြန်မာ့ပဲများ အိန္ဒိယကို ကိုတာစနစ်ဖြင့် တင်ပို့တော့မည်

မြန်မာနိုင်ငံမှ ပဲများ ဇွန်လမှစတင်ပြီး အိန္ဒိယနိုင်ငံသို့ ကိုတာစနစ်ဖြင့် တစ်နှစ်တာ တင်ပို့ခွင့်ရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

 

အိန္ဒိယကို ပဲတင်ပို့ခွင့်ရဖို့ အစိုးရချင်း အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေးကြသလို လုပ်ငန်းရှင်တွေကလည်း အိန္ဒိယဘက်ကို သွားရောက်ဆွေးနွေးကြပါတယ်။ အိန္ဒိယဘက်ကလည်း ပဲတင်ပို့မှုကို ဇွန်လကစတင်ပြီး တစ်နှစ်ပတ်လုံး တင်ပို့ခွင့်ကိုတာပေးထားပါတယ်။

 

ထို့ကြောင့် ဒီကိုတာပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ တစ်ဖက်က အာဖရိကမှ ပဲတင်သွင်းတဲ့ လုပ်ငန်းရှင်တွေနဲ့ အပြိုင်အဆိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါက ပဲတင်ပို့တဲ့ လုပ်ငန်းရှင်၊ စိုက်ပျိုးတဲ့ လုပ်ငန်းရှင်တွေအတွက် အရေးကြီးပါတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။


မြန်မာနိုင်ငံရဲ့ ပဲဈေးကွက်ဟာ အိန္ဒိယနိုင်ငံအပေါ်မှာသာ မှီခိုနေရပါတယ်။ လွန်ခဲတဲ့နှစ်တွေက အိန္ဒိယနိုင်ငံဟာ ပဲအထွက်များခဲ့ပြီး နိုင်ငံရဲ့မူဝါဒ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံမှပဲကို ဝယ်ယူမှုလျော့နည်းသွားခဲ့ပါတယ်။

 

ထို့ကြောင့် လယ်သမားများ၊ ကုန်သည်လုပ်ငန်းရှင်များ ထိခိုက်မှုများစွာရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံမှ ဝယ်ယူမယ့် ကိုတာကိုသာရရှိထားပြီး ဝယ်ယူမယ့်ပုံစံကိုတော့ မသိရှိရသေးကြောင်း သိရပါတယ်။

 

မြန်မာ့ပဲတီစိမ်းကလည်း အလားအလာကောင်းတဲ့ အခြေအနေမှာ ရှိနေပြီး ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ဝယ်ယူမှုများမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: Pyi Myanmar

Read times Last modified on Wednesday, 29 May 2019 13:25
Rate this item
(0 votes)