Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသားတိုးကြက် မွေးမြူခြင်းကြောင့် အကျိုးအမြတ်ရရှိကြ

ပြည်ခရိုင်နှင့် သာယာဝတီခရိုင်မြို့နယ်များတွင် လွန်ခဲ့သည့် နှစ်နှစ်လောက်မှစ၍ အသားတိုးကြက်မွေးမြူမှုများ

များလာကြောင်း သိရပါတယ်။

 

မွေးမြူထုတ်လုပ်မှုအရေအတွက်မှာ ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်းမြို့နယ်များတွင် တစ်မြို့နယ်ချင်းအနေဖြင့် ကြက် လေးဆယ့်ငါးရက် တစ်သုတ်လျှင် အကောင်ပေါင်း ၄ သောင်းမှ ၅ သောင်းခန့်အထိ မွေးမြူလာကြပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် ပြည်၊ ရန်ကုန်တို့သို့ တင်ပို့ရောင်းချကြောင်း သိရပါတယ်။

မွေးမြူကြသည့် ကြက်အမျိုးအစားများမှာ စီပီ၊ ကောင်းထက်၊ ဒိုင်းမွန်းကြက်မျိုးများကို အများဆုံးမွေးမြူကြပြီး အခြားကြက်မျိုးများကိုလည်း ၀ယ်ယူမွေးမြူကြကြောင်း သိရပါတယ်။

စီပီကြက်အကောင် တစ်ထောင်မွေးလျှင် တစ်ရက်သားမှ ဆယ်ရက်သားအထိ 910SP ကြက်ငယ်စာ ၅ အိတ်၊ တစ်ဆယ့်တစ်ရက်သားမှ နှစ်ဆယ်ရက်သားအထိ 910S ကြက်ငယ်စာ ၁၃ အိတ်၊ နှစ်ဆယ့်တစ်ရက်သားမှ သုံးဆယ်ရက်သားအထိ 910 ကြက်လတ်စာ ၂၀ အိတ်၊ သုံးဆယ့်တစ်ရက်သားမှ လေးဆယ့်ငါးရက်သားအထိ 911 ကြက်ကြီးစာ လေးဆယ့်ငါးအိတ်၊ 913 ကြက်ကြီးစာ ဆယ့်ခုနစ်အိတ်၊ စုစုပေါင်း ပိဿာ ၃၀ ၀င် အိတ် ၉၀ ခန့် အစာကျွေးရကြောင်း သိရပါတယ်။

ကြက်ကို ကာကွယ်ဆေးအနေဖြင့် ၇ ရက်သားလျှင် တစ်ကြိမ်၊ ၁၄ ရက်သားလျှင် တစ်ကြိမ်၊ ၂၁ ရက်သားလျှင် တစ်ကြိမ်၊ ၂၈ ရက်သားလျှင် တစ်ကြိမ်တိုက်ကျွေးပြီး အခြားအသက်ရှူလမ်းကြောင်းနှင့် အူလမ်းကြောင်းဆိုင်ရာ ဆေးများ၊ အားဆေးများကိုလည်း တစ်ရက်သားမှ သုံးဆယ့်ငါးရက်သားအထိ အသုံးပြုကြပြီး သုံးဆယ့်ငါးရက်သားမှ ရောင်းတန်းဝင် လေးဆယ့်ငါးရက်သားအထိ အားဆေးကို အသုံးပြုကြပါတယ်။

အသားတိုးကြက်များကို တစ်ရက်သားမှ လေးဆယ့်ငါးရက်သားထိ မွေးမြူကြပြီး လေးဆယ့်ငါးရက်ပြည့်လျှင် ပျမ်းမျှအလေးချိန် တစ်ကောင်ကို တစ်ပိဿာ သုံးဆယ့်ငါးကျပ်သားမှ တစ်ပိဿာ ခြောက်ဆယ့်ငါးကျပ်သားအထိ ရှိကြောင်း သိရပါတယ်။

တစ်ရက်မှ ဆယ့်ကိုးရက်သားထိ ယိုင်ကာဖွဲခင်း၍ မီးကိုင်ရကြောင်း သိရပါတယ်။ ဆယ့်ကိုးရက်သားကျော်လျှင် မီးလွတ်လေ့ရှိပြီး တစ်ကောင်အလေးချိန် ဆယ့်ကိုးရက်သားလျှင် ပျမ်းမျှ သုံးဆယ့်ရှစ်ကျပ်သား ရှိကြောင်း သိရပါတယ်။

ကြက်သားပေါက်တစ်ကောင်လျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ် ဖြင့် ၀ယ်ယူရပြီး ပြန်လည်ရောင်းချချိန်တွင် တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ရောင်းချမှသာ အမြတ်ရရှိနိုင်မှာဖြစ်ကြောင်း မွေးမြူထုတ်လုပ်သူများ၏ ပြောကြားချက်အရ သိရပါတယ်။

Source: Commerce

Read times Last modified on Thursday, 06 September 2018 16:19
Rate this item
(2 votes)