Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှစ်နိုင်ငံ သဘောတူညီမှုဖြင့် အင်ဒိုနီးရှားသို့ ဆန်ရောင်းရန် ဆန်စပါးအသင်းချုပ် ကြိုးပမ်း

 နှစ်စဉ်ပြည်ပမှ ဆန် တန်ချိန်နှစ်သန်းခန့် တင်သွင်းနေ ရသော အင်ဒိုနီးရှားနိုင်ငံသို့ အစိုး ရချင်းသဘောတူညီမှုဖြင့် ဆန် ရောင်းချရန် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)က ကမ်းလှမ်းထားသည်။

 

ဆန်တင်သွင်းရန် တင်ဒါ ခေါ်ယူပါက မြန်မာနိုင်ငံကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည် ဟု သံရုံးကအကြောင်းပြန်ထား ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

 

အင်ဒိုနီးရှားသည် ထိုင်း၊ဗီယက်နမ် နိုင်ငံတို့မှ ဆန် ၀ယ်ယူတင်သွင်းနေသော နိုင်ငံ ဖြစ်သည်။

 

မြန်မာနိုင်ငံမှ ပြည်ပဆန် တင်ပို့မှုပမာဏသည် ၂၀၁၈ ဧပြီ မှ ၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရက်အ ထိ တန်ချိန် ၂ ဒသမ ၁ သန်း ကျော်ရှိပြီး အဆိုပါပမာဏက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ထက် တန် ချိန်တစ်သန်းခန့် လျော့နည်းနေသည်။

 

Read More>>>>>  ပြည်တွင်း ပဲမျိုးစုံဈေးကွက် တည်ငြိမ်ရေး ရေတို၊ ရေရှည် အစီအစဉ်များ ချမှတ်ဆောင်ရွက်မည်

 

တရုတ်နိုင်ငံနယ်စပ်မှ ဆန် တင်သွင်းမှုကို တင်းကျပ်ထား ခြင်းကြောင့် ပြည်ပဆန်တင်ပို့မှု လျော့နည်းခြင်းဖြစ်သည်ဟု ဆန် ကုန်သည်အချို့က ပြောသည်။ ထို့ကြောင့် အစိုးရချင်းသဘောတူ ညီမှုဖြင့် ဆန်ရောင်းချရေးအစီအစဉ်ကို ညှိနှိုင်းအကောင်အ ထည်ဖော်ပေးရန် ကုန်သည်များ က လိုလားနေသည်။

 

ထို့ကြောင့် အစိုးရချင်း သဘောတူညီမှုဖြင့် ဈေးကွက်အ သစ်များ တိုးချဲ့တင်ပို့နိုင်ရန် မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြိုးပမ်းနေခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံသို့ အစိုးရချင်း သဘောတူညီမှုဖြင့် ဆန်တန်ချိန် လေးသိန်းခန့်တင်ပို့နိုင်ရေး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆောင်ရွက်နေပြီး ယင်းသို့ ဆန် ရောင်းချရေးအစီအစဉ်များတွင် ပြည်ပသို့ ဆန်တင်ပို့နေသူအား လုံးပါဝင်နိုင်ရေးကိုလည်း ပြင် ဆင်ထားသည်ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောသည်။

 

ယခုလလယ်ကစပြီး နွေ စပါးအသစ်များ ဈေးကွက်အ တွင်းဝင်လာမည်ဟု ဆန်ကုန် သည်များက ခန့်မှန်းနေပြီး ပြည်ပ တင်ပို့မှု ပုံမှန်အခြေအနေရှိချိန် တွင် ဈေးကွက်အတွင်း ဆန်အ သစ်များ ထပ်မံဝင်ရောက်လာ မည်ဆိုပါက ပြည်တွင်းဆန်ဈေး ကျဆင်းမည်ကို ၎င်းတို့က စိုးရိမ် နေသည်။

 

Source: 7 day news

Read times Last modified on Friday, 08 March 2019 10:06
Rate this item
(1 Vote)