Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှမ်းဈေးမကောင်းသောကြောင့် တွက်ခြေမကိုက်

Unicode >>>>>

 

နှမ်းဈေးမကောင်းသောကြောင့်  တွက်ခြေမကိုက်


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင်  စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ ယခုအခါ နှမ်းဈေးနှုန်းမှာ ပြည်ပနိုင်ငံများမှ ဝယ်ယူမှုနည်းခြင်းကြောင့် ဈေးကောင်းမရရှိ၍ တောင်သူများ တွက်ခြေမကိုက်ဘဲ အဆင်မပြေဖြစ် လျက်ရှိကြောင်း ကလိန်အောင်မြို့ရှိ နှမ်းစိုက်တောင်သူ တစ်ဦးထံမှ သိရပါတယ်။


Boxes & Cartons ဘူးခွံ၊ ပုံးခွံရရှိနိုင်သည့်ဆိုင်များ ၉၄ ခုကိုရှာရန်နှိပ်ပါ။


ကလိန်အောင်မြို့တွင် နှမ်းပင်များကို မိုးအကုန် ဆောင်းအကူးတွင် စတင်စိုက်ပျိုးကြပြီး နှမ်းပင်များ စိုက်ပျိုးရာတွင် တစ်ဧကလျှင်မျိုးစေ့ နှစ်ပြည်ခန့်စိုက်ပျိုးရကြောင်း၊ တစ်ဧကကုန် ကျစရိတ်မှာ ငွေကျပ် ၂၅ဝဝဝဝ ရှိကြောင်းနှင့် စတင်စိုက်ပျိုးချိန်မှစ၍ သုံးလခွဲနှင့် လေးလတွင် ရိတ်သိမ်းရကြောင်း ကလိန်အောင်မြို့ရှိ နှမ်းစိုက် တောင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။


''အစပိုင်း နှမ်းထွက်ချိန်ကဆိုရင် တစ်ပိဿာကို ငွေကျပ် ၃၃ဝဝ လောက်ရတော့ အဆင်ပြေပါတယ်။ အခုကျတော့ ပြည်ပနိုင်ငံကလည်း အဝယ်အေးတာကြောင့် နှမ်းဈေးက တစ်ပြည်ကို ငွေကျပ် ၂၇၅ဝ နှုန်းလောက်ဈေး ကျသွားတော့ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေပါတယ်''ဟု  နှမ်းစိုက် တောင်သူတစ်ဦးက ဆက်လက်ပြောကြားခဲ့ပါတယ်။


Read More >>>>>    အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်


ကလိန်အောင်မြို့နယ်အတွင်း ကျေးရွာများရှိ တောင်သူများမှာ ဆောင်းသီးနှံအဖြစ် နှမ်း၊  ပြောင်းဖူး၊ ကြံများ စိုက်ပျိုးကြသော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ယခုအခါ နှမ်းသီးနှံ ကိုစိုက်ပျိုးလာကြကြောင်း သိရပါတယ်။


#MFID

 

 

Home Page Food

Zawgyi >>>>>

 


 


 


 


 


 


 


 

#MFID

Read times Last modified on Monday, 23 March 2020 12:38
Rate this item
(0 votes)