Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဧရာဝတီတိုင်းရှိ စပါးစိုက်ဧက တစ်ထောင်ကျော်အတွင်း စပါးဖျက်ရွှေခရုများ ဝင်ရောက်

ဧရာဝတီတိုင်းရှိ စပါးစိုက်ဧက တစ်ထောင်ကျော်အတွင်း စပါးဖျက်ရွှေခရုများ ဝင်ရောက် google.com

ဧရာဝတီတိုင်းရှိ စပါး စိုက်ဧက တစ်ထောင်ကျော်တွင် မျိုးပွားမှုနှုန်းနှင့် ဖျက်ဆီးနိုင်မှု မြင့်မားသည့် ရွှေခရုများ ကျ

ရောက်နေခြင်းကြောင့် စပါးခင်းများ ထိခိုက်ပျက်စီးနေသည်။

 

မိုးစပါး ရာသီအစပိုင်းဖြစ် သည့်အတွက် စပါးစိုက်ခင်းများ စိုက်ပျိုးနေချိန်တွင် ရွှေခရုများ ကျရောက်နေကြောင်း ဒေသခံ တောင်သူများက ပြောသည်။ ရွှေခရုများသည် စပါးပင်များကို ကိုက်ဖြတ်စားသောက်ပြီး ပင်စည် အနုကို ကိုက်ဖြတ်သည့်အတွက် အပင်သေသည်အထိဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံ တောင်သူများက ပြောသည်။

 

ဧရာဝတီတိုင်း စိုက်ပျိုးရေး ဦးစီးဌာန၊ ပိုးမွှားသီးနှံကာကွယ် ရေးဌာန စာရင်းများအရ ရွှေ ခရုများသည် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲနှင့် မအူပင်မြို့ နယ်များရှိ စပါးပျိုးခင်းဧက ၁,၂၀၀ ခန့်တွင် ကျရောက်နေ ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

 

‘‘ရွှေခရုက စပါးခင်းအပင်နု တဲ့အချိန်မှာပဲ ကိုက်ဖြတ်စား သောက်တယ်။ ရင့်သွားရင်တော့ မကိုက်တော့ဘူး။ အခုက ပျိုးခင်း တွေစိုက်တဲ့အချိန်ဆိုတော့ ကျနေ တာပေါ့နော်။ နောက်ပြီး သူက ရေရှိတဲ့နေရာတွေမှာပဲ ရှိတာဆို တော့ ပေါင်နဲ့ပျိုးခင်းလုပ်တာ တွေကျတော့ မရှိဘူး။ ပေါင်နဲ့က ရေမရှိတော့ သူကမနေဘူး။ ကျွန်တော်တို့ဆီမှာကတော့ လုပ် သားရှားလို့ ကြဲခင်းတွေပဲဆိုတော့ ခရုကျတာ’’ဟု ဧရာဝတီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ပိုးမွှားသီးနှံ ကာကွယ်ရေးဌာန ဦးစီးမှူးဦးဝင်း စိုးက ပြောသည်။

 

လက်ရှိ ဧက ၁,၂၀၀ ခန့်တွင် ရွှေခရုများကျနေသော်လည်း ကာ ကွယ်မှုများ လုပ်နိုင်သေးသည့် အတွက် အနည်းငယ်သာ ထိခိုက် သည့် အခြေအနေရှိကြောင်း ဦး စိုးဝင်းက ပြောသည်။ သို့သော် ကာကွယ်မှုများ မလုပ်သည့် စိုက်ခင်းများ ပျက်စီးနေကြောင်း ၎င်းကပြောသည်။

 

လက်တွေ့တွင် ရွှေခရုကျ ရောက်နေသည့် စိုက်ခင်းဧကများ သည် စိုက်ပျိုးရေးဦးစီးဌာနရှိ  စာရင်းထက် ပိုများနိုင်ကြောင်း ကျိုက်လတ်မြို့နယ် တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။ ကျိုက် လတ်မြို့နယ်တစ်ခုတည်းတွင်ပင် ရွှေခရုကျရောက်သည့် စပါးစိုက် ခင်း ဧကတစ်ထောင်ခန့်ရှိနိုင် ကြောင်း ၎င်းကခန့်မှန်းသည်။ ရွှေခရုကြောင့် စပါးခင်းပျက်စီးမှု များ ကြုံတွေ့နေရကြောင်း ၎င်း ကပြောသည်။

 

‘‘ခရုကျတဲ့ဧကတွေကို မနေ့ ကတော့ စိုက်ပျိုးရေးဌာန၊ ထွေ အုပ်နဲ့ မြေစာရင်းဌာနကနေ စာ ရင်းလာဆင်းပြီး ကောက်တယ်။ တနင်္လာနေ့ ရုံးဖွင့်ရင်တော့ ဘယ် လောက်လဲသိရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ မြို့နယ်မှာတင် အနည်းဆုံး ဧကထောင်ချီရှိနေ နိုင်တယ်’’ဟု ကျိုက်လတ်မြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုး ရေးအလုပ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။

 

တောင်အာဖရိကတိုက် မျိုး ရင်းဖြစ်သည့် ရွှေခရုသည် စား၍ရ သည့်ခရုမျိုးဖြစ်သည်။ တိုင်ပေမှ တစ်ဆင့် အရှေ့တောင် အာရှနိုင်ငံများသို့ ပျံ့နှံ့လာပြီး ဧရာဝတီတိုင်းသို့ ၂၀၁၁ ခန့်မှစ၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။ ခရု များကြောင့် နှစ်စဉ် မိုးစပါးစိုက် ရာသီများတွင် စပါးခင်းများ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေ ရသည်။

 

 ပြီးခဲ့သည့်နှစ် မိုးစပါး စိုက်ပျိုးရာသီက ဧရာဝတီတိုင်း တွင် စပါးခင်းဧက ၅,၀၀၀ ကျော် ရွှေခရုကျရောက်ခဲ့၍ ဧက ၅၀၀ ခန့် ပျက်စီးခဲ့ကြောင်း ၎င်းကဆို သည်။

 

ယခုနှစ်တွင် လက်ရှိအချိန် သည် စတင်စိုက်ပျိုးစကာလဖြစ် သည့်အတွက် ခရုကျသည့်ဧက များ ထပ်မံရှိလာနိုင်ကြောင်း ၎င်းကဆိုသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:43
Rate this item
(1 Vote)