Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံမှ ထွက်ရှိသည့်သီးနှံများကို လာအိုနှင့် ဗီယက်နမ်နိုင်ငံသို့ Transit Trade စနစ်ဖြင့် ရာင်းချနေ

မြန်မာနိုင်ငံမှထွက်ရှိသည့် သီးနှံများကို လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့သို့  Transit Trade စနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း   မြဝတီနယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၏ ပြောပြချက်အရ သိရပါတယ်။


မြဝတီနယ်စပ် ကုန်သွယ်မှုတွင်  ထိုင်းနိုင်ငံဘက်မှ   သွင်းကုန်ပမာဏ ပိုများပြီး ပြည်တွင်းမှ  ပို့ကုန်ပမာဏမှာ   နည်းပါးလျက်ရှိသည်။  ပြည်တွင်းမှ  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲမျိုးစုံ၊ သီဟိုဠ်ဆန်၊ ပြောင်း နှင့်ပြောင်းဆန်  စသည့် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံမှ တစ်ဆင့် Transit Trade စနစ်ဖြင့် မလေးရှားနိုင်ငံသို့   တိုက်ရိုက် တင်ပို့ရောင်းချခွင့် ရရှိရေး သက်ဆိုင်ရာသို့  တင်ပြထားကြောင်း သိရပါတယ်။

 

Rice Merchants ဆန်ကုန်သည် ၁၅၄၆ ခုကိုရှာရန် နှိပ်ပါ။


''အခုဆိုရင် နိုင်ငံတကာနဲ့ ကုန်သွယ်မှု လမ်းကြောင်းတွေ တိုးတက်လာပြီဖြစ်တဲ့အတွက်   မြန်မာနိုင်ငံက ထွက်တဲ့သီးနှံတွေကို   လာအိုနဲ့ဗီယက်နမ် နိုင်ငံတို့ကို   ထိုင်းနိုင်ငံကနေ တစ်ဆင့်  Transit Tradeစနစ်နဲ့  တိုက်ရိုက်တင်ပို့ ရောင်းချနေပါ တယ်။ မလေးရှားနိုင်ငံကို တင်ပို့ရာမှာတော့ MoU မရှိထားလို့ Transit Trade စနစ်နဲ့ပို့လို့မရဘဲ ထိုင်းနိုင်ငံကိုပဲ ရောင်းချ နေရတယ်။ အဲဒီအတွက်  ထိုင်းနိုင်ငံက  ဈေးကွက်အသာ ရနေပါတယ်။  ထိုင်းနိုင်ငံ ကနေတစ်ဆင့်  Transit Trade စနစ်နဲ့ မလေးရှားနိုင်ငံကို တင်ပို့ခွင့်ရရင် နိုင်ငံတော် အနေနဲ့လည်း ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက် လာနိုင်မှာဖြစ်ပါတယ်'' ဟု ဒေါ်သင်းသင်းမြတ် ကပြောကြားခဲ့ပါတယ်။

 

Rice Mills  ဆန်စက်ပေါင်း ၈၃ ခုကိုရှာရန်နှိပ်ပါ။


မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ငါးမျိုးအား ကိုတာစနစ်မရှိဘဲ အခွန်ကင်းလွတ်ခွင့်ပြုသည့် Form D အကျိုးခံစားခွင့်ကို  ၂ဝ၁၈  ခုနှစ်  စက်တင်ဘာလက မြဝတီမြို့၌ပြုလုပ်သည့် ဒုတိယအကြိမ်  မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး   ပူးတွဲကော်မတီ အစည်းအဝေး၌ နှစ်ဖက်အစိုးရ G to G သဘောတူ ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း လက်တွေ့ ကုန်ပစ္စည်းတင်ပို့ရာတွင်  ထိုင်းနိုင်ငံဘက်သို့ တင်ပို့ခွင့် မရရှိကြောင်း သိရပါတယ်။

 

Read More >>>>>  ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ (၂၉) သန်းကျော် ပိုမိုရရှိထား


Source: Myawady

Read times Last modified on Wednesday, 28 August 2019 14:46
Rate this item
(0 votes)