Food & Livestock



အာရှဆန် ဈေးနှုန်းများ ကျဆင်း

အာရှဆန် ဈေးနှုန်းများ ကျဆင်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

အိန္ဒိယ၏ ပို့ကုန်ဆန် ကန့်သတ်ချက် အမျိုးမျိုးကြောင့် အာရှဆန် ဈေးတက်ခဲ့ပြီး ဝယ်လိုအား  ဆက်တိုက်ကျဆင်းနေခြင်းကြောင့် ဆန်ဈေးလည်း ကျဆင်းလာသည်။

 

၅% ဆန်ကွဲပါ ထိုင်း ဆန်ဖြူသည် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၃)တွင် $19 ကျဆင်းပြီး ခေါ်ဈေး တစ်တန်လျှင် $621 သို့ ကျသွားသည်ဟု ထိုင်း ဆန်တင်ပို့သူများ အသင်း Thai Rice Exporters Association မှ ပြောကြားသည်။ ထိုင်းဆန် ဈေးနှုန်းများသည် ယခင်လဆန်းပိုင်းတွင် ၁၅ နှစ်နီးပါးအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

 

ပြည်တွင်း ဆန်လိုအပ်ချက်၏ သုံးပုံတပုံကို ပြည်ပမှ တင်သွင်းပြီး ဖြည့်တင်းသည့် မလေးရှားနိုင်ငံသည် ပြည်ပဆန်အပေါ် အားကိုးအားထားပြုနေရခြင်းကို လျှော့ချရန် ကြိုးပမ်းနေသည်။

 

မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Mohamad Sabu က မလေးရှားနိုင်ငံသည် စပါး ထုတ်လုပ်မှု တိုးမြှင့်ပေးနိုင်သည့် 

 အခွင့်အလမ်း ရှိပါလျက် ပြည်တွင်း ဆန်လိုအပ်ချက်၏ ၃၅ ရာခိုင်နှုန်းကို “အချိန်အတော်ကြာအောင် တင်သွင်းနေခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့မှာရှိနေတဲ့ မြေယာနဲ့ အရင်းအမြစ်များဖြင့် မလေးရှားဟာ ပြည်တွင်း ဆန်ဖူလုံမှု ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ပေမဲ့  အဲဒါကို ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး"ဟု Sabu က အင်္ဂါနေ့ (စက်တင်ဘာ ၁၂ ရက်)တွင် ပြောကြားသည်။

 

“အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်တဲ့အထိ အဲဒါကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးတာကို ကျွန်တော် အံ့ဩမိပါတယ်”ဟု ၎င်းက ပြောကြားသည်။

 

အိန္ဒိယ၏ ဘာစမာတီမဟုတ်သော ဆန်အမျိုးမျိုးကို အများဆုံးဝယ်ယူသည့် နိုင်ငံအချို့မှာ ဘီနင်၊ ဆီနီဂေါ၊ တိုဂိုနှင့် ဂီနီတို့ကဲ့သို့သော အာဖရိကနိုင်ငံများ ဖြစ်သည်။

 

photo_2023-09-14_20-41-10.jpg

 

Source theedgemalaysia


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 14 September 2023 20:43
Rate this item
(0 votes)