Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လေးလစာ ပြည်တွင်းစားသုံးမှုအတွက် ဆန်တန်ချိန် လုံလောက်မှုရှိ

လေးလစာ ပြည်တွင်းစားသုံးမှုအတွက် ဆန်တန်ချိန် လုံလောက်မှုရှိ

 

ယခုနှစ်မိုးစပါးမှ ဆန်သစ်များ ဈေးကွက်သို့ စတင်ဝင်ရောက် လာခြင်းကြောင့် ပြီးခဲ့သည့်နှစ်က မိုးစပါးဆန်အဟောင်းများ ဈေးတည်ငြိမ်နေကြောင်း သိရသည်။

 

ပြည်တွင်း၌ လက်ကျန်ဆန်နည်းပါးသည်ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်ပြီးနောက် ဇူလိုင်နှင့် ဩဂုတ်လဆန်းပိုင်းအတွင်း ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့ရာမှ လက်ရှိတွင် ဈေးနှုန်းဆက်လက် မြင့်တက်ခြင်းမရှိဘဲ ငြိမ်သက်လျက်ရှိသည်။

 Bawgawadi

 

ပြည်တွင်း၌ ဆန်လက်ကျန်သည် ဩဂုတ်အထိ ဆန်တန်ချိန်ပေါင်း ၃ ဒသမ ၆၃၅ သန်းခန့်ရှိရာ စက်တင်ဘာမှ ဒီဇင်ဘာအထိ လေးလစာ ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သော ဆန်တန်ချိန်ပေါင်း ၃ ဒသမ ၁၃၄ သန်း ရှိနေခြင်းကြောင့် လုံလောက်မှုရှိကြောင်း၊ မကြာမီကာလတွင် မိုးစပါး ထွက်ပေါ်လာတော့မည်ဖြစ်ရာ ပုံမှန်အတိုင်း ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်းစီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပြည်တွင်းစားသုံးမှုသည် ပြီးခဲ့သည့်နှစ်က မိုးစပါးဆန်ဟောင်း ကို ဒီဇင်ဘာကုန်အထိ စားသုံးလေ့ရှိကြပြီး ဆန်ကြမ်းစပါးသစ် ပေါ်ထွက်ချိန်၌ မိုးများစွာရွာသွန်းနေသောကြောင့် စပါးသစ်မှ ဆန်ထွက်ပစ္စည်းများ ထွက်ရှိမှုနည်းသွားနိုင်သော်လည်း ဆန်ကြမ်း ဈေးကွက်ကို မထိခိုက်နိုင်ကြောင်းသိရသည်။

 

လက်ရှိဈေးကွက်တွင် ဆန်တစ်အိတ်လက္ကားဈေးနှုန်းမှာ ရွှေဘို ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၉၀၀၀၀ ကျပ်ဝန်းကျင်၊ ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဝန်းကျင်၊ ပေါ်ဆန်းထူးရှယ်တစ်အိတ် လျှင် ၆၈၀၀၀ ကျပ် ဝန်းကျင်ရှိသော်လည်း ဒေသအလိုက် ဈေးနှုန်းများ ကွာခြားကြောင်းသိရသည်။

 

Source MDN
#MyanmarFoodIndustryGuide

Read times Last modified on Friday, 16 September 2022 11:09
Rate this item
(1 Vote)