Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝန်ဆောင်ခကောက်ယူကြောင်း ကြော်ငြာစာမကပ်သည့် စားသောက်ဆိုင်များကို အရေးယူမည်

ဝန်ဆောင်ခကောက်ယူကြောင်း ကြော်ငြာစာမကပ်သည့် စားသောက်ဆိုင်များကို အရေးယူမည် google.com

စားသောက်သူများထံမှ ၀န်ဆောင်ခကောက်ယူသည့် စားသောက်ဆိုင်များ၏ ၀န်ဆောင်ခ ကောက်ယူကြောင်း

ကြော်ငြာစာ မြင်သာသည့်နေရာတွင် မကပ်ထားပါက အရေးယူမည်ဖြစ်ကြောင်း စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ သတင်းရရှိ သည်။

 

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ ဇူလိုင် ၇ ရက်က တွေ့ဆုံ စဉ် ညှိနှိုင်းပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

 


ယင်းအကြောင်းအရာကို စားသုံးသူရေးရာ ဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

 

စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင် ဦးမောင်မောင်က ‘‘၀န်ဆောင်ခကောက်ရင် ကောက်ကြောင်း လူသိမြင်သာတဲ့ နေရာမှာ ကြော်ငြာစာကပ်ရမယ်။ အခု ကျွန်တော့်ဖေ့စ်ဘွတ်ခ်မှာ စတေးတပ်တင်ပြီး စားသောက် ဆိုင်တွေကို ၀န်ဆောင်ခပေးရတာကို ကြိုက်၊ မကြိုက်မေးတာ မကြိုက်သူများတယ်။ လူတွေက နိုင်ငံတော်ကို ပေးရတဲ့အခွန်နဲ့ စားသောက်ဆိုင်တွေက ကောက်နေတဲ့ဝန်ဆောင်ခကို ရောနေကြ သေးတဲ့သူတွေရှိတယ်’’ဟု ပြောသည်။

 

မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုပေးသည့် အဆင့်အတန်း၊ အဆင့်သတ်မှတ်ချက် မရှိသည့်အပြင် ၀န်ဆောင်မှုပေးနေသည့် စားသောက်ဆိုင်ဝန်ထမ်းများအနေဖြင့် ၀န်ဆောင်မှုသင်တန်း သတ်သတ်မှတ်မှတ် တက်ရောက်ထားခြင်းမရှိဟု ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနေလင်းက ‘‘စားသောက် ဆိုင်တွေက ၀န်ဆောင်ခကောက်ယူတာက နိုင်ငံတကာမှာလည်း ကောက်ယူပါတယ်။ ၀န်ဆောင်ခကို စားသောက်ဆိုင်တွေက ကောက်ယူတာကို မသိဘဲ ရှင်းခါနီးမှ ၀န်ဆောင်ခထည့်ပေးရရင် စားသောက်သူတွေနဲ့ အငြင်းပွားမှုဖြစ်မှာစိုးလို့ ကြော်ငြာစာကပ်ထားဖို့ စည်းရုံးအသိပေးလုပ်တာတွေတော့ရှိပါတယ်။ ဆိုင်တိုင်း က ၀န်ဆောင်ခကောက်တာတော့ မဟုတ်ပါဘူး။

ကိုယ်တိုင်ယူစနစ်ကျင့်သုံးတဲ့ ဆိုင်တွေဆိုရင်လည်း ၀န်ဆောင်ခ မကောက် ကြဘူး’’ဟုပြောသည်။

 

ဝန်ဆောင်ခ ကောက်ယူကြောင်း အသိပေးစာကပ်ထား ခြင်းမရှိသည့် စားသောက်ဆိုင်များကို ၂၀၁၄ က အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

စားသုံးသူ အကာအကွယ် ပေးရေးဥပဒေတွင် ကုန်စည် (သို့ မဟုတ်) ၀န်ဆောင်မှုအပေါ် ရှင်း လင်းမှန်ကန်သော အချက်အ လက်များ ပေးရမည်ဆိုသည့်အ ချက်ကို ထည့်သွင်းရေးဆွဲထားပြီး ဥပဒေတွင် ဖော်ပြထားသည့် အချက်များကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက သတိပေး ခြင်း၊ ပြင်းထန်စွာသတိပေးခြင်း၊ လျော်ကြေးပေးခြင်း စသည့် အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:35
Rate this item
(0 votes)