Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာသင်တန်းပေးမည်

ရာသီအလိုက်ထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ နှင့် သီးနှံများကို တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်တတ်စေရန် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေလ ၇ ရက်နေ့မှ ၁၅ ရက်နေ့အထိ

မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (မန္တလေး) ထံမှ သိရှိရပါသည်။

 

သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ သင်ကြားမည်ဖြစ်ပြီး သင်တန်းတွင် လျှာပေါ်ဝဲ၊ Butter Cake၊ ပဲလမုန့်၊ Birthday Cake၊ Swiss Roll၊ Plank Cake၊ စာကလေးခွေ၊ အာလူးကြော်၊ အချိုမှုန့် အစားထိုးဟင်းခတ်အရသာမှုန့်၊ ပြောင်းဖူးပေါက်ပေါက်၊ သစ်သီးဖျော်ရည်စုံ၊ သစ်သီးယိုမျိုးစုံ၊ ဂျယ်လီနှင့် ဆော့စ်ထုတ်လုပ်နည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ပါသည်။

 

သင်တန်းကြေးမှာ ကျပ်တစ်သောင်းဖြစ်ပြီး သင်တန်းကုန်ကျစရိတ်ကို အချိုးကျ ကျခံရမည်ဖြစ်ကာ ပတ်စ်ပို့ ဓာတ်ပုံသုံးပုံ ယူဆောင်လာရမည်ဖြစ်ကြောင်း၊ သင်တန်းတွင် မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင်ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Read More >>>>>   ဒူးရင်းမလိုင်လေး အိမ်တွင် လုပ်စားရအောင်

 

သင်တန်းပြီးဆုံးသည်နှင့် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပြီး လိုအပ်သည့် အကြံဥာဏ်များနှင့် ကူညီပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကာ သင်တန်းဆင်းလက်မှတ်ပေးအပ်မည်ဖြစ်ကြောင်း၊ သင်တန်းသားဦးရေကို ကန့်သတ်ထားကာ ဖုန်း ၀၂-၄၀၃၉၆၀၉၊ ၀၉-၇၉၇၃၀၃၀၃၇၊ ၀၉-၇၈၁၈၂၀၀၂၅ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (မန္တလေး) ထံမှသိရပါသည်။

 

Source: The voice

Read times Last modified on Friday, 03 May 2019 16:59
Rate this item
(2 votes)