Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီများ စတင်နုတ်သိမ်းချိန် ဈေးနှုန်းကျဆင်းခြင်းကြောင့် တောင်သူများအရှုံးပေါ်

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများရှိ ပင်းချောင်းမြေနုစိုက်ကြက်သွန်နီများ    စတင်နုတ်သိမ်း နေပြီး  ဈေးကျဆင်းနေခြင်းကြောင့်    အရှုံးပေါ်နေကြောင်း ဒေသခံတောင်သူ များထံမှ သိရသည်။

 

''အပင်စိုက်ကြက်သွန်နီတွေနုတ်နေပြီး လက်ရှိဈေးက တစ်ပိဿာငွေကျပ် ၃၅ဝ ပဲရှိတာ။ အရင်းကလည်း  တစ်ပိ ဿာ ငွေကျပ် ၃၅ဝ ပဲရှိတော့   လုပ်အားခရှုံးပါတယ်''ဟု  ရေနံချောင်း မြို့နယ်  သုံးဆယ့်ခြောက်ကျေးရွာအုပ်စုမှ  တောင်သူ တစ်ဦးက ပြောသည်။

 

''အပင်စိုက်ခ မျိုးစေ့တစ်ပြည်ကို ငွေကျပ် ၁ဝဝဝဝဝ ပေးရပြီးစိုက်ရတယ်။ ရေသွင်းခနဲ့ အရင်းအနှီးငွေကျပ်ရှစ်သိန်း ကုန်တယ်။  ရောင်းတော့လည်း ရှစ်သိန်းပဲရတယ်''ဟု ရေနံချောင်းမြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။

 

ဈေးကွက်အနေအထား လက်ရှိဥစိုက်ကြက်သွန်နီဈေးတစ်ပိဿာ ငွေကျပ် ၃၅ဝ ရှိပြီး ယခင်နှစ်က တစ်ပိဿာငွေကျပ်  ၅ဝဝ ဝန်းကျင် ရှိကြောင်း သိရသည်။

 

အပင်စိုက်ကြက်သွန်နီသည် နှစ်ပေါက်တစ်နှစ်လုံးလှောင်ထားနိုင်ပြီး ကုန်သည်ပွဲစားအများစုအပြင် စားသုံးသူများက ကြိုက်နှစ် သက်ကြကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Thursday, 11 April 2019 10:11
Rate this item
(1 Vote)