Food & Livestock
အာဆီယံ ဆန်ဂယက်
အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျင်မြန်စွာ ဖြစ်ပွားသဖြင့် ဒေသတွင်းရှိ အစိုးရတို့သည် စားနပ်ရိက္ခာ ဖူလုံရေး
အထူးသဖြင့် အဓိကကျသည့် ဆန် ဖူလုံရေးကို ကြပ်မတ်ဆောင်ရွက်ကြသည်။ ဆန်စိုက်ပျိုး ထုတ်လုပ်သော နိုင်ငံများက ပြည်ပဆန်တင်ပို့မှုကို ဆိုင်းငံ့ထားလိုက်ကြသည်။
ထိုင်းနိုင်ငံသည် ကမ္ဘာ့ ဒုတိယအများဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်ပြီး ဧပြီလ ၃ ရက်တွင် ကာဖြူး ပြဋ္ဌာန်းရာ အိမ်မှာနေ stay home ကာလ ကြာမြင့်နိုင်သည်ကို စိုးရိမ်သဖြင့် ဆန်များ အလုအယက်ဝယ်ယူကြသည်။
ကမ္ဘာ့ တတိယအများဆုံး ဆန်တင်ပို့သည့် ဗီယက်နမ်နိုင်ငံသည် မတ်လ ၂၄ ရက်တွင် ပြည်ပသို့ ဆန်တင်ပို့ခြင်းကို တားမြစ်လိုက်သည်။ ထို့နောက် ကမ္ဘောဒီးယားကလည်း အလားတူပင် ပြည်ပတင်ပို့ခြင်းကို ရပ်ဆိုင်းထားလိုက်သည်။
ဆန် အမြောက်အမြား တင်ပို့သော နိုင်ငံတို့က ပြည်တွင်း စားသုံးမှု ဖူလုံရေးကို စိုးရိမ်သဖြင့် ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းပစ်လိုက်သောအခါ ဆန်ကို ပြည်ပမှ တင်သွင်းပြီး စားသုံးနေသည့် နိုင်ငံများမှ အကြီးတန်းအရာရှိတို့သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အားလုံးကို ဗီဒီယို ထိပ်သီး အစည်းအဝေး အရေးပေါ်ခေါ်ယူပြီး စားနပ်ရိက္ခာကိစ္စရပ်ကို အဖွဲ့ဝင် ၁၀ နိုင်ငံအကြား ဆွေးနွေးသည်။
အခြေခံအားဖြင့် သဘောတူညီချက် ရရှိသည်မှာ အာဆီယံနိုင်ငံတို့သည် ကုန်သွယ်မှုကို ဖွင့်ပေးထားရမည် ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတို့ ကုန်စည်များ အထူးသဖြင့် စားနပ်ရိက္ခာ ဝယ်ယူုရန် ခွင့်ပြုထားရမည် ဖြစ်သည်။ သို့သော် နိုင်ငံအသီးသီးတို့သည် မိမိနိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံရေး သေချာအောင် လုပ်ဆောင်ပိုင်ခွင့် ရှိသည်။ ဥပမာအားဖြင့် ဆန်တင်ပို့သည့် ဗီယက်နမ်သည် တင်ပို့မှုကို ရပ်ဆိုင်းသည့် ဆောင်ရွက်ချက်မျိုးကို လုပ်ဆောင်ခွင့် ရှိသည်။ ထိုအချက်နှစ်ချက်အကြား ပြေလည်မည့် သဘောတူညီချက် ရရှိရန် အချိန်ယူပြီး ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်သည်။
ဗိယက်နမ်သည် ပြည်ပသို့ ဆန်တင်ပို့ခြင်းကို ပိတ်ပင်ခြင်းအပြင် ပြည်တွင်းစားသုံးမှု ဖူလုံရေးကို ရှေ့ရှုဆောင်ရွက်သည်။ ပြည်ပတင်ပို့သူများနှင့် ပြည်တွင်း ဆန်ဖြန့်ဖြူး ရောင်းချသူတို့က ပြဋ္ဌာန်းထားသည့် ကန့်သတ်ချုပ်ချယ်မှုများ ဖယ်ရှားပေးရန် တောင်းဆိုကြသည်ကို လျစ်လျူပြုထားသည်။ ဘဏ္ဍာရေးဝန်ကြီးက ဧပြီလ ၁၄ ရက်တွင် အသိပေးပြောကြားရာ၌ ဇွန်လ ၁၅ ရက်အထိ အဆင့်နိမ့်ဆန်များ တင်ပို့ခြင်းကို ပိတ်ပင်ထားမည်။ တိုင်းပြည်အရန်ဆန် ၁၉၀ ၀၀၀ တန် ဝယ်ယူသိုလှောင်ခြင်းကို ဆောင်ရွက်ရန်အတွက် ဖြစ်သည်။ ထို့နောက် ပြည်ပပို့ကုန်ခွဲတမ်းအဖြစ် ဆန်တန်ချိန် ၄၀၀ ၀၀၀ သတ်မှတ်ပေးသည်။
ယခုနှစ်တွင် ထိုင်းနှင် ဗီယက်နမ်တို့တွင် မိုးမလုံလောက်သဖြင့် အတွက်နည်းသည်။ အာရှဝယ်လက်တို့က ဝယ်အားကောင်းသည်။ ထိုကြောင့် ကမ္ဘာ့ဆန်ဈေး မြင့်တက်နေစဉ် ဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်ကြခြင်းသည် ဆန်ဈေးပိုတက်သွားစေခဲ့ပေသည်။
ဆက်စပ်ဖတ်ရှုရန် ( နှိပ်ပါ )
ဗီယက်နမ် ဆန်ပြန်လည်တင်ပို့တော့မည်
ကမ္ဘောဒီးယားကလည်း ဗီယက်နမ်နည်းတူ လုပ်ကိုင်သည်။ ဆန်ကို ပြည်ပသို့ တင်ပို့ခြင်း ရုတ်တရက် ရပ်ဆိုင်းလိုက်သဖြင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ရှိ ဆိပ်ကမ်းများတွင် ဆန်တန်ချိန် အနည်းဆုံး နှစ်သိန်းမှ ငါးသိန်းအထိ ပိတ်မိနေသည်။
ထိုအခါ ဆန်တင်သွင်းပြီး စားသုံးရသည့် အာဆီယံနိုင်ငံများအဖို့ စိုးရိမ်ပူပန်စရာ ဖြစ်နေစေသည်။ ဆန်တင်သွင်းပြီး ပြည်တွင်းစားသုံးမှုကို ဖြည့်ဆည်းရသည် ဖိလစ်ပိုင်နိုင်ငံအဖို့ စိုးရိမ်ရေမှတ် ရောက်သည်။ ဖိလစ်ပိုင်သည် အာဆီယံဒေသတွင် ဆန်တင်သွင်းမှု အများဆုံး ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် ၂ ဒသမ ၉ သန်း တင်သွင်းခဲ့သည်။ ယခုနှစ်တွင် ဆန်တန်ချိန် နှစ်သန်းခွဲ တင်သွင်းရန် အစီအစဉ် ရှိသည်။ အများစုမှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းခြင်း ဖြစ်သည်။
ဆန်သည် အဓိကစားစရာ ဖြစ်သည့်အပြင် ဆန်ဈေးတက်ပါက ကုန်ဈေးနှုန်းများတက်ပြီး ငွေဖောင်းပွမှု ဖြစ်ပေါ်စေသည်။ စာစးစရာတို့တွင် ဆန်အတွက် စိုးရိမ်ပူပန်မှုသည် အမြင့်မားဆုံးဖြစ်ပြီး နိုင်ငံရေးအရ ထိုးနှက်ချက်များ ဖြစ်ပေါ်ပြီး မတည်မငြိမ် ဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ ပြည်တွင်း ဆန်ဖူလုံမှုကို ပြည်သူလူထု မပူပန်ရအောင် စီမံထားကြရသည့်အပြင် ဆန်ဈေးနှုန်း တည်ငြိမ်ရေးကိုလည်း ဂရုစိုက်ကြရသည်။ ယခုလို ကိုဗစ်ဂယက် ကြီးမားနေစဉ် ဆန် မလုံလောက်ဟု အထင်မမှားရအောင် ပြည်ပတင်ပို့မှုများကို ရပ်ဆိုင်းပေးထားကြလေ့ရှိသည်။ ဖိလစ်ပိုင်အစိုးရသည် ဗီယက်နမ်မှ ဆန်တင်ပို့မှု ရပ်သဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူရန် ကြိုးပမ်းသည်။ မြန်မာနိုင်ငံကလည်း ကိုဗစ်ဂယက်ကြောင့် ဆန်တင်ပို့မှု ပို့ကုန်လိုင်စင်ကို ဆိုင်းငံ့ထားသည်။ ဖိလစ်ပိုင်သည် အရန်ဆန် သိုလှောင်မှုကို ၇၅ ရက်အတွက် ထားရှိသည်။ ယခုလိုအဖြစ်မျိုး ကြုံရသဖြင့် အရန်ဆန်ကို ၆၇ ရက်စာအထိ တိုးမြှင့် ထားရှိမည် ဖြစ်သည်။
အင်ဒိုနီးရှားသည် ဆန်တန်ချိန် သုံးသန်းခွဲကို အရန်ဆန်အဖြစ် ထားရှိသည်။ သို့သော ်ကိုဗစ် ရှည်ကြာနေမည်ဆိုပါက ပြည်ပမှ တင်သွင်းရန် စီစဉ်ထားသည်။ ထိုသို့ မပြုပါက ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်သွားနိုင်သည်။ ယခင်နှစ်က အင်ဒိုနီးရှားသည် ဆန်တန်ချိန် ခြောက်သိန်း တင်သွင်းခဲ့သည်။ ယခုနှစ်တွင် ဆန်တန်ချိန် တစ်သန်း တင်သွင်းမည် ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံးဖြစ်သော အိန္ဒိယသည်လည်း လော့ဒေါင်းချထားရသဖြင့် ကုန်စည်စီးဆင်းမှုများ ကမောက်ကမ ဖြစ်နေသည်။ ယမန်နှစ်က ဆန်တန်ချိန် ၉ ဒသမ ၈ သန်း တင်ပို့ခဲ့သည်။
အာဆီယံ ဆန္ဂယက္
အေရွ႕ေတာင္အာရွတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ လ်င္ျမန္စြာ ျဖစ္ပြားသျဖင့္ ေဒသတြင္းရွိ အစိုးရတို႔သည္ စားနပ္ရိကၡာ ဖူလုံေရး အထူးသျဖင့္ အဓိကက်သည့္ ဆန္ ဖူလုံေရးကို ၾကပ္မတ္ေဆာင္ရြက္ၾကသည္။ ဆန္စိုက္ပ်ဳိး ထုတ္လုပ္ေသာ ႏိုင္ငံမ်ားက ျပည္ပဆန္တင္ပို႔မႈကို ဆိုင္းငံ့ထားလိုက္ၾကသည္။
ထိုင္းႏိုင္ငံသည္ ကမာၻ့ ဒုတိယအမ်ားဆုံး ဆန္တင္ပို႔သည့္ ႏိုင္ငံျဖစ္ၿပီး ဧၿပီလ ၃ ရက္တြင္ ကာျဖဴး ျပ႒ာန္းရာ အိမ္မွာေန stay home ကာလ ၾကာျမင့္ႏိုင္သည္ကို စိုးရိမ္သျဖင့္ ဆန္မ်ား အလုအယက္၀ယ္ယူၾကသည္။
ကမာၻ႕ တတိယအမ်ားဆုံး ဆန္တင္ပို႔သည့္ ဗီယက္နမ္ႏိုင္ငံသည္ မတ္လ ၂၄ ရက္တြင္ ျပည္ပသို႔ ဆန္တင္ပို႔ျခင္းကို တားျမစ္လိုက္သည္။ ထို႔ေနာက္ ကေမာၻဒီးယားကလည္း အလားတူပင္ ျပည္ပတင္ပို႔ျခင္းကို ရပ္ဆိုင္းထားလိုက္သည္။
ဆန္ အေျမာက္အျမား တင္ပို႔ေသာ ႏိုင္ငံတို႔က ျပည္တြင္း စားသုံးမႈ ဖူလုံေရးကို စိုးရိမ္သျဖင့္ ျပည္ပတင္ပို႔မႈမ်ား ရပ္ဆိုင္းပစ္လိုက္ေသာအခါ ဆန္ကို ျပည္ပမွ တင္သြင္းၿပီး စားသုံးေနသည့္ ႏိုင္ငံမ်ားမွ အႀကီးတန္းအရာရွိတို႔သည္ အာဆီယံ အဖြဲ႕၀င္ႏိုင္ငံမ်ား အားလုံးကို ဗီဒီယို ထိပ္သီး အစည္းအေ၀း အေရးေပၚေခၚယူၿပီး စားနပ္ရိကၡာကိစၥရပ္ကို အဖြဲ႕၀င္ ၁၀ ႏိုင္ငံအၾကား ေဆြးေႏြးသည္။
အေျခခံအားျဖင့္ သေဘာတူညီခ်က္ ရရွိသည္မွာ အာဆီယံႏိုင္ငံတို႔သည္ ကုန္သြယ္မႈကို ဖြင့္ေပးထားရမည္ ျဖစ္ၿပီး အဖြဲ႕၀င္ႏိုင္ငံတို႔ ကုန္စည္မ်ား အထူးသျဖင့္ စားနပ္ရိကၡာ ၀ယ္ယူုရန္ ခြင့္ျပဳထားရမည္ ျဖစ္သည္။ သို႔ေသာ္ ႏိုင္ငံအသီးသီးတို႔သည္ မိမိႏိုင္ငံအတြက္ စားနပ္ရိကၡာဖူလုံေရး ေသခ်ာေအာင္ လုပ္ေဆာင္ပိုင္ခြင့္ ရွိသည္။ ဥပမာအားျဖင့္ ဆန္တင္ပို႔သည့္ ဗီယက္နမ္သည္ တင္ပို႔မႈကို ရပ္ဆိုင္းသည့္ ေဆာင္ရြက္ခ်က္မ်ဳိးကို လုပ္ေဆာင္ခြင့္ ရွိသည္။ ထိုအခ်က္ႏွစ္ခ်က္အၾကား ေျပလည္မည့္ သေဘာတူညီခ်က္ ရရွိရန္ အခ်ိန္ယူၿပီး ညိႇႏိႈင္းေဆာင္ရြက္ရမည္ ျဖစ္သည္။
ဗိယက္နမ္သည္ ျပည္ပသို႔ ဆန္တင္ပို႔ျခင္းကို ပိတ္ပင္ျခင္းအျပင္ ျပည္တြင္းစားသုံးမႈ ဖူလုံေရးကို ေရွ႕ရႈေဆာင္ရြက္သည္။ ျပည္ပတင္ပို႔သူမ်ားႏွင့္ ျပည္တြင္း ဆန္ျဖန္႔ျဖဴး ေရာင္းခ်သူတို႔က ျပ႒ာန္းထားသည့္ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈမ်ား ဖယ္ရွားေပးရန္ ေတာင္းဆိုၾကသည္ကို လ်စ္လ်ဴျပဳထားသည္။ ဘ႑ာေရး၀န္ႀကီးက ဧၿပီလ ၁၄ ရက္တြင္ အသိေပးေျပာၾကားရာ၌ ဇြန္လ ၁၅ ရက္အထိ အဆင့္နိမ့္ဆန္မ်ား တင္ပို႔ျခင္းကို ပိတ္ပင္ထားမည္။ တိုင္းျပည္အရန္ဆန္ ၁၉၀ ၀၀၀ တန္ ၀ယ္ယူသိုေလွာင္ျခင္းကို ေဆာင္ရြက္ရန္အတြက္ ျဖစ္သည္။ ထို႔ေနာက္ ျပည္ပပို႔ကုန္ခြဲတမ္းအျဖစ္ ဆန္တန္ခ်ိန္ ၄၀၀ ၀၀၀ သတ္မွတ္ေပးသည္။
ယခုႏွစ္တြင္ ထိုင္းႏွင္ ဗီယက္နမ္တို႔တြင္ မိုးမလုံေလာက္သျဖင့္ အတြက္နည္းသည္။ အာရွ၀ယ္လက္တို႔က ၀ယ္အားေကာင္းသည္။ ထိုေၾကာင့္ ကမာၻ႕ဆန္ေဈး ျမင့္တက္ေနစဥ္ ဆန္တင္ပို႔မႈ ရပ္ဆိုင္းလိုက္ၾကျခင္းသည္ ဆန္ေဈးပိုတက္သြားေစခဲ့ေပသည္။
ဗီယက္နမ္ ဆန္ျပန္လည္တင္ပို႔ေတာ့မည္
ကေမာၻဒီးယားကလည္း ဗီယက္နမ္နည္းတူ လုပ္ကိုင္သည္။ ဆန္ကို ျပည္ပသို႔ တင္ပို႔ျခင္း ႐ုတ္တရက္ ရပ္ဆိုင္းလိုက္သျဖင့္ ဗီယက္နမ္ႏွင့္ ကေမာၻဒီးယားတို႔ရွိ ဆိပ္ကမ္းမ်ားတြင္ ဆန္တန္ခ်ိန္ အနည္းဆုံး ႏွစ္သိန္းမွ ငါးသိန္းအထိ ပိတ္မိေနသည္။
ထိုအခါ ဆန္တင္သြင္းၿပီး စားသုံးရသည့္ အာဆီယံႏိုင္ငံမ်ားအဖို႔ စိုးရိမ္ပူပန္စရာ ျဖစ္ေနေစသည္။ ဆန္တင္သြင္းၿပီး ျပည္တြင္းစားသုံးမႈကို ျဖည့္ဆည္းရသည္ ဖိလစ္ပိုင္ႏိုင္ငံအဖို႔ စိုးရိမ္ေရမွတ္ ေရာက္သည္။ ဖိလစ္ပိုင္သည္ အာဆီယံေဒသတြင္ ဆန္တင္သြင္းမႈ အမ်ားဆုံး ျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္က ဆန္တန္ခ်ိန္ ၂ ဒသမ ၉ သန္း တင္သြင္းခဲ့သည္။ ယခုႏွစ္တြင္ ဆန္တန္ခ်ိန္ ႏွစ္သန္းခြဲ တင္သြင္းရန္ အစီအစဥ္ ရွိသည္။ အမ်ားစုမွာ ဗီယက္နမ္ႏိုင္ငံမွ တင္သြင္းျခင္း ျဖစ္သည္။
ဆန္သည္ အဓိကစားစရာ ျဖစ္သည့္အျပင္ ဆန္ေဈးတက္ပါက ကုန္ေဈးႏႈန္းမ်ားတက္ၿပီး ေငြေဖာင္းပြမႈ ျဖစ္ေပၚေစသည္။ စာစးစရာတို႔တြင္ ဆန္အတြက္ စိုးရိမ္ပူပန္မႈသည္ အျမင့္မားဆုံးျဖစ္ၿပီး ႏိုင္ငံေရးအရ ထိုးႏွက္ခ်က္မ်ား ျဖစ္ေပၚၿပီး မတည္မၿငိမ္ ျဖစ္ေပၚေစသည္။ သို႔ျဖစ္ရာ ျပည္တြင္း ဆန္ဖူလုံမႈကို ျပည္သူလူထု မပူပန္ရေအာင္ စီမံထားၾကရသည့္အျပင္ ဆန္ေဈးႏႈန္း တည္ၿငိမ္ေရးကိုလည္း ဂ႐ုစိုက္ၾကရသည္။ ယခုလို ကိုဗစ္ဂယက္ ႀကီးမားေနစဥ္ ဆန္ မလုံေလာက္ဟု အထင္မမွားရေအာင္ ျပည္ပတင္ပို႔မႈမ်ားကို ရပ္ဆိုင္းေပးထားၾကေလ့ရွိသည္။ ဖိလစ္ပိုင္အစိုးရသည္ ဗီယက္နမ္မွ ဆန္တင္ပို႔မႈ ရပ္သျဖင့္ ျမန္မာႏိုင္ငံမွ ၀ယ္ယူရန္ ႀကိဳးပမ္းသည္။ ျမန္မာႏိုင္ငံကလည္း ကိုဗစ္ဂယက္ေၾကာင့္ ဆန္တင္ပို႔မႈ ပို႔ကုန္လိုင္စင္ကို ဆိုင္းငံ့ထားသည္။ ဖိလစ္ပိုင္သည္ အရန္ဆန္ သိုေလွာင္မႈကို ၇၅ ရက္အတြက္ ထားရွိသည္။ ယခုလိုအျဖစ္မ်ဳိး ၾကံဳရသျဖင့္ အရန္ဆန္ကို ၆၇ ရက္စာအထိ တိုးျမႇင့္ ထားရွိမည္ ျဖစ္သည္။
အင္ဒိုနီးရွားသည္ ဆန္တန္ခ်ိန္ သုံးသန္းခြဲကို အရန္ဆန္အျဖစ္ ထားရွိသည္။ သို႔ေသာ ္ကိုဗစ္ ရွည္ၾကာေနမည္ဆိုပါက ျပည္ပမွ တင္သြင္းရန္ စီစဥ္ထားသည္။ ထိုသို႔ မျပဳပါက ျပည္တြင္းဆန္ေဈးႏႈန္း ျမင့္တက္သြားႏိုင္သည္။ ယခင္ႏွစ္က အင္ဒိုနီးရွားသည္ ဆန္တန္ခ်ိန္ ေျခာက္သိန္း တင္သြင္းခဲ့သည္။ ယခုႏွစ္တြင္ ဆန္တန္ခ်ိန္ တစ္သန္း တင္သြင္းမည္ ျဖစ္သည္။
ကမာၻေပၚတြင္ ဆန္တင္ပို႔မႈ အမ်ားဆုံးျဖစ္ေသာ အိႏိၵယသည္လည္း ေလာ့ေဒါင္းခ်ထားရသျဖင့္ ကုန္စည္စီးဆင္းမႈမ်ား ကေမာက္ကမ ျဖစ္ေနသည္။ ယမန္ႏွစ္က ဆန္တန္ခ်ိန္ ၉ ဒသမ ၈ သန္း တင္ပို႔ခဲ့သည္။



