Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မုန်တိုင်းအလားအလာနှင့် စပါးများ အမိုးအကာအောက် ရောက်ရှိရေး နှိုးဆော်ချက်

ဘင်္ဂလားပင်လယ် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီတောင်ပိုင်းတွင်

လေဖိအားနည်းရပ်ဝန်းတစ်ခု ဧပြီလ ၂၉-၃၀ တွင် တဖြည်းဖြည်းချင်း ဖြစ်ပေါ်နေရာမှ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုံး မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ မေလ ၅-၆ တွင် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ဆက်လက် အားကောင်းလာပြီး မေလ ၆-၇ တွင် အားပြင်းသော ဆိုင်ကလုံး မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

အထက်ပါ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အခြေအနေများကို အထွေထွေ အုပ်ချုပ်ရေး၊ ကယ်ဆယ်ရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး၊ ‌လေကြောင်းပို့ဆောင်ရေး၊ ရေအရင်းအမြစ် အထူးစုံစမ်းစစ်ဆေးရေး၊ ဆည်မြောင်း၊ သတင်းနှင့် စာနယ်ဇင်း၊ ဆိပ်ကမ်း၊ မြန်မာ့လေကြောင်း၊ ပြည်တွင်းလေကြောင်းနှင့် မြန်မာ့စိုက်ပျိုးရေး တို့ကို ပေးပို့ထားသည်၊

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှမိုးဦးလေဦး အန္တရာယ် စပါးများ အမိုးအကာအောက် ရောက်ရှိရေး နှိုးဆော်ချက် ထုတ်ပြန်ထားပါသည်။

၁။ ယခု အချိန်အခါ၌ မိုးဦးလေဦး စတင် ကျရောက်လျက် ရှိပါသည်။

၂။ မိုးဦးလေဦး ကျရောက်ချိန်တွင် စိုက်ပျိုး ထားသော နွေသီးနှံများကို အချိန်မီ ရိတ်သိမ်းနိုင်ပြီး အမိုးအကာများ အောက်ရောက်ရှိရေး၊ သီးနှံများ မပျက်စီး မဆုံးရှုံးစေရေး အတွက်၊ အထူးသဖြင့် စပါးသီးနှံတွင် “ရိတ်သိမ်း ချွေလှေ့ စက်ကြီးများကို ထိထိ ရောက်ရောက် အသုံးပြုနိုင်ကြခြင်း အားဖြင့်” တောင်သူ လယ်သမားများ၏ စိုက်ပျိုး သီးနှံများ မပျက်စီးစေရေး အတွက် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ် အလိုက် ကြိုးပမ်း ဆောင်ရွက် ပေးကြပါရန် နှိုးဆော် အပ်ပါသည်။

၃။ နိုင်ငံနှင့်အဝန်း တောင်သူ လယ်သမားများ ပင်ပင်ပန်းပန်း စိုက်ပျိုး ထားရှိသော စပါးသီးနှံများ အလေအလွင့် လျော့နည်းစေရေး၊ အရည်အသွေး ပိုမို ကောင်းမွန်ရေးကို ဆောင်ရွက် ပေးနိုင်ခြင်းအားဖြင့် တောင်သူ လယ်သမားများ မိသားစုတစ်စုချင်း၏ ဝင်ငွေနှင့် လူနေမှုဘဝကို လက်ငင်း အမှန်တကယ် တိုးတက် စေနိုင်မည် ဖြစ်ပါသည်။

၄။ ကျေးလက်နေ တောင်သူ လယ်သမားများ၏ ဝင်ငွေနှင့် လူနေမှုဘဝ တိုးတက်စေရေး၊ သီးနှံများ အချိန်မီ အမိုးအကာအောက် ရောက်ရှိစေရေး၊ “စပါး ရိတ်သိမ်း ချွေလှေ့စက်များအား” တောင်သူ လယ်သမားများ လက်လှမ်း တစ်မှီ အသုံးပြုနိုင်ရေး အဆင့်ဆင့်သော ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ဝိုင်းဝန်း ကူညီ ရိုင်းပင်း ဆောင်ရွက် ပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ် ပါသည်။

 

ဘဂၤလားပင္လယ္ အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ကပၸလီေတာင္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခု ဧၿပီလ ၂၉-၃၀ တြင္ တျဖည္းျဖည္းခ်င္း ျဖစ္ေပၚေနရာမွ ပိုမိုအားေကာင္းလာၿပီး ဆိုင္ကလုံး မုန္တိုင္းငယ္တစ္ခုအျဖစ္သို႔ ေမလ ၅-၆ တြင္ ေရာက္ရွိႏိုင္သည္ဟု ခန႔္မွန္းထားၾကသည္။ ဆက္လက္ အားေကာင္းလာၿပီး ေမလ ၆-၇ တြင္ အားျပင္းေသာ ဆိုင္ကလုံး မုန္တိုင္းအျဖစ္သို႔ ေရာက္ရွိႏိုင္ပါသည္။

အထက္ပါ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ အေျခအေနမ်ားကို အေထြေထြ အုပ္ခ်ဳပ္ေရး၊ ကယ္ဆယ္ေရး၊ က်န္းမာေရး၊ ပို႔ေဆာင္ေရး၊ ‌ေလေၾကာင္းပို႔ေဆာင္ေရး၊ ေရအရင္းအျမစ္ အထူးစုံစမ္းစစ္ေဆးေရး၊ ဆည္ေျမာင္း၊ သတင္းႏွင့္ စာနယ္ဇင္း၊ ဆိပ္ကမ္း၊ ျမန္မာ့ေလေၾကာင္း၊ ျပည္တြင္းေလေၾကာင္းႏွင့္ ျမန္မာ့စိုက္ပ်ိဳးေရး တို႔ကို ေပးပို႔ထားသည္၊

လယ္ယာ စိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာနမွမိုးဦးေလဦး အႏၲရာယ္ စပါးမ်ား အမိုးအကာေအာက္ ေရာက္ရွိေရး ႏႈိးေဆာ္ခ်က္ ထုတ္ျပန္ထားပါသည္။

၁။ ယခု အခ်ိန္အခါ၌ မိုးဦးေလဦး စတင္ က်ေရာက္လ်က္ ရွိပါသည္။

၂။ မိုးဦးေလဦး က်ေရာက္ခ်ိန္တြင္ စိုက္ပ်ိဳး ထားေသာ ေႏြသီးႏွံမ်ားကို အခ်ိန္မီ ရိတ္သိမ္းႏိုင္ၿပီး အမိုးအကာမ်ား ေအာက္ေရာက္ရွိေရး၊ သီးႏွံမ်ား မပ်က္စီး မဆုံးရႈံးေစေရး အတြက္၊ အထူးသျဖင့္ စပါးသီးႏွံတြင္ “ရိတ္သိမ္း ေခြၽေလွ႔ စက္ႀကီးမ်ားကို ထိထိ ေရာက္ေရာက္ အသုံးျပဳႏိုင္ၾကျခင္း အားျဖင့္” ေတာင္သူ လယ္သမားမ်ား၏ စိုက္ပ်ိဳး သီးႏွံမ်ား မပ်က္စီးေစေရး အတြက္ သက္ဆိုင္ရာ ေက်း႐ြာ၊ ၿမိဳ႕နယ္ အလိုက္ ႀကိဳးပမ္း ေဆာင္႐ြက္ ေပးၾကပါရန္ ႏႈိးေဆာ္ အပ္ပါသည္။

၃။ ႏိုင္ငံႏွင့္အဝန္း ေတာင္သူ လယ္သမားမ်ား ပင္ပင္ပန္းပန္း စိုက္ပ်ိဳး ထားရွိေသာ စပါးသီးႏွံမ်ား အေလအလြင့္ ေလ်ာ့နည္းေစေရး၊ အရည္အေသြး ပိုမို ေကာင္းမြန္ေရးကို ေဆာင္႐ြက္ ေပးႏိုင္ျခင္းအားျဖင့္ ေတာင္သူ လယ္သမားမ်ား မိသားစုတစ္စုခ်င္း၏ ဝင္ေငြႏွင့္ လူေနမႈဘဝကို လက္ငင္း အမွန္တကယ္ တိုးတက္ ေစႏိုင္မည္ ျဖစ္ပါသည္။

၄။ ေက်းလက္ေန ေတာင္သူ လယ္သမားမ်ား၏ ဝင္ေငြႏွင့္ လူေနမႈဘဝ တိုးတက္ေစေရး၊ သီးႏွံမ်ား အခ်ိန္မီ အမိုးအကာေအာက္ ေရာက္ရွိေစေရး၊ “စပါး ရိတ္သိမ္း ေခြၽေလွ႔စက္မ်ားအား” ေတာင္သူ လယ္သမားမ်ား လက္လွမ္း တစ္မွီ အသုံးျပဳႏိုင္ေရး အဆင့္ဆင့္ေသာ ဌာနဆိုင္ရာမ်ားႏွင့္ အဖြဲ႕အစည္းမ်ားမွ ဝိုင္းဝန္း ကူညီ ႐ိုင္းပင္း ေဆာင္႐ြက္ ေပးၾကပါရန္ တိုက္တြန္း ႏႈိးေဆာ္အပ္ ပါသည္။

Read times
Rate this item
(0 votes)