Food & Livestock
အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်တွင် အသားဝယ်ယူမှုကန့်သတ်
ယခုကိုရိုနာရောဂါဖြစ်ပွားသော ကာလတွင် အသားများ ပျက်လက်တော့မည်ဖြစ်သောကြောင့် နာမည်ကြီး လူကြိုက်များတဲ့ အိုဟိုင်းရိုးပြည်နယ်မှ ဈေးဆိုင်ကြီးတစ်ဆိုင်မှာ အသားများကို သတ်မှတ်ထားသော အတိုင်းအတာ ထိသာဝယ်ရန် စံပမာဏတစ်ခု ထားကာသတ်မှတ်ရောင်းချ နေသည်ဟုသိရပါတယ်။
၎င်း Kroger မှ အမဲသားအရောင်းကို ကန့်သတ်လိုက်ပြီး တစ်ပတ်လျှင် လူတစ်ဦးမှ ထုတ်ပိုးထားသည့် တစ်ခါချက်စာ အမဲသားတုံး ၂ ခုသာ ဝယ်ယူနိုင်မည်သိရပါတယ်။ဘာကြောင့်ဆို၎င်း အမဲသားတုံးတွေဟာ လူကြိုက်အများဆုံးဖြစ်နေတာမို့ အသား ပြတ်လက်မှာ မလိုလားလို့ ယခုလို ကန့်သတ်ရခြင်းဖြစ်တယ်သိရပါတယ်။
ထို အမဲသား အပြင် ၊ ကြက်သား ၊ ဝက်သား စတာတို့ကိုလည်း အရေအတွက်နဲ့သာ ဝယ်ယူနိုင်ရန် သတ်မှတ်ထားတယ်သိရပါတယ်။လက်လီရောင်းချ သူတွေနဲ့ အခုလို အသားဓာတ်ရရှိနိုင်တဲ့ အစားအစာ တွေ လုံလုံလောက်လောက် ရောင်းနိုင်သေးတဲ့ အချိန်မှာ ကန့်သတ်မှ သာလျှင် ၎င်းတို့ အနေနဲ့ အဆင်ပြေမှာပါ ကုန်လောက်မှ ကန့်သတ်ရင် ဘာမှ ထူးခြားမှု့ မရှိနိုင်ပါဘူးတဲ့။
လက်လီရောင်းချတဲ့ဆိုင်ကြီးဖြစ်တဲ့ Kroger အနေနဲ့ ပြောကြားချက် ကတော့ ၎င်းတို့အနေနဲ့ အသားငါးနဲ့ ပင်လယ်စာတွေကို ရနိုင်သလောက် ပစ္စည်းလာချပေးဖို့တော့ပြောကြားထားပါတယ်။အသား၊ငါးထုတ်လုပ်သူတွေ အနေနဲ့လည်း သူတို့မှာ အခက်အခဲတစ်ခုနဲ့ကြုံနေရတဲ့ကာလ ပါ ထို့ကြောင့် သားသတ်ရုံတွေ အကုန် ပိတ်ထားကြရပါတယ်။ယခုအချင်းအရာတွေကြောင့် အိုဟိုင်းရိုးပြည်နယ်ကနေမှ အမဲသား ၊ ကြက်သား နဲ့ ဝက်သားတို့ကို ပျက်လက်သွားခြင်းမဖြစ်စေအောင် သင့်တင့်လျှောက်ပတ်စွာ ဝယ်ယူစားသောက်သင့်ပါတယ်တဲ့။
Walmart အနေနဲ့ ပြောကြားချက်ကတော့ ၎င်းတို့ အနေနဲ့ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို အဆင်ပြေစေဖို့ကြိုးစားနေကြပါတယ်ဆိုကာ Fox 8 ကိုပြောကြားသွားပါသေးတယ်။အသားဆိုတာ တကယ်တန်းမှာ ဝယ်သူတွေ ကြိုက်တဲ့ အရာပါပဲ ။ သာမန် အချိန်မှာတောင် အမြဲတမ်း လူတွေ သဘောကျတဲ့ ရွေးချယ်မှု့ပါ မဝယ်အောင် ဈေးတွေ တိုးမြှင့် ပြစ်လိုက်တာ ထက် အခုလို ကိုယ်တာနဲ့ ကန့်သတ်လိုက်ခြင်းက အတော်လေးကောင်းပါတယ်။
အိုဟိုင်းရိုးရဲ့ လယ်သမား အစည်းအဝေးက အမှု့ဆောင်ချုပ်ဖြစ်သူ Ty Higgins ပြောကြားချက်အရ ကိုရိုနာ ဗိုင်းရပ်စ်က အိုဟိုင်းရိုးရဲ့ အစားအစာ ချပေးရောင်းချ ရေးကို အတော်လေး သက်ရောက်မှု့ရှိနေပါတယ် ၊ သားငါးတွေ ရောင်းချ ပေးတဲ့ သားသတ်ရုံတွေရဲ့ ဝန်ထမ်းများက ကိုရိုနာကြောင့် ရောဂါကူးစက်လို့ သားသတ်ရုံများ ပိတ်လိုက်ရပါတယ် ဆိုကာပြောကြားသွားပါတယ်။
တကယ်တန်းမှာ ဆူပါးမားကတ် ဈေးဆိုင်တွေတိုင်း မှာ အသားကို လုပြီးဝယ်နေကြပြီးဒါကြောင့် အပတ်စဉ် အသား ၂ တွဲစာသာရောင်းပေးတယ်သိရပါတယ်။တကယ်တန်းမှာ အသားဓာတ်က လိုအပ်တာမို့ ထိုသို့ ပစ္စည်းမပျက်စေရန် ထိန်းသိမ်းခြင်းဖြစ်ပါတယ်လို့သိရပါတယ်။
<<< Zawgyi >>>
------------------------------------------
Ref ; Fox 8



