Food & Livestock
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၁၁ သန်းကျော်ရရှိ
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ) ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၁၁ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။
ယခင်ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅၆၈ သန်းခန့်သာ ရရှိခဲ့သည့် အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် အမေ ရိကန်ဒေါ်လာ သန်း ၄ဝ ကျော် ပိုမိုရရှိထားကြောင်း သိရပါတယ်။
ပြည်ပသို့ ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ၌ အအေးခန်း ပါသော ရေထွက်ကုန် စက်ရုံအရေအတွက် နည်းနေသဖြင့် ကုန်သိုလှောင်ရာတွင် အခက်အခဲများ တွေ့ကြုံနေရပါတယ်။
" အမေရိကန်တို့၊ ဥရောပဈေးကွက်တို့ကို ပို့ဖို့ဆိုတာက ကုန်ပစ္စည်း အရည်အသွေး ကောင်းဖို့လိုတယ်။စက်ရုံအရည်အသွေး ကောင်းဖို့လိုတယ်။ ဒီလိုအဆင့်မီအောင် လုပ်ဖို့က ငွေကြေးအရင်းအနှီးနဲ့ လျှပ်စစ်မီး လုံလုံလောက်လောက် ရဖို့လိုတယ်။ အရည် အသွေးမြင့် ထုတ်ကုန်တွေရဖို့ ခေတ်သစ် မွေးမြူရေး နည်းစနစ်တွေနဲ့ ဆောင်ရွက်ဖို့က အအေးခန်းပါတဲ့စနစ် လိုအပ်တယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောကြားခဲ့ပါတယ်။
Read More >>>>>> တရုတ်နိုင်ငံသို့ ဆန်ကွဲတရားဝင် တင်ပို့နိုင်ရေး ဆောင်ရွက်
အအေးခန်းစနစ်ဖြင့် ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအသွင် ပြောင်းလဲ တည်ဆောက်မှုနှင့် အမယ်စုံ ထုတ်လုပ်ခြင်းဖြင့် ငါးလုပ်ငန်း ပို့ကုန်များ စဉ်ဆက်မပြတ် တင်ပို့ရေး၊ ကမ္ဘာ့ ဝယ်လိုအား မြင့်မားနေသည့် အလှမွေးငါး အပါအဝင် ငါးလုပ်ငန်း ပို့ကုန်များအတွက် အကျိုးအမြတ် ရရှိစေရေး၊ နိုင်ငံတကာ ငါးလုပ်ငန်းကဏ္ဍတွင် လိုက်နာကျင့်သုံးနေသည့် အရည်အသွေး၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများနှင့် ပတ်သက်၍ စိန်ခေါ်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရေး စသည့် အချက်များက စိန်ခေါ်မှု အသွင်ရှိနေပါတယ်။
လက်ရှိ ပြည်ပသို့ ငါးမျိုးစုံတင်ပို့နေသည့် စက်ရုံပေါင်း ၁၂၃ ရုံခန့် ရှိနေသော်လည်း ဥရောပ ဈေးကွက်သို့ တင်ပို့နေသည့် စက်ရုံ ပေါင်း ၂၃ ရုံခန့်ရှိကာ ၁၅ ရုံမှာ ပင်လယ်ပြင်မှ ဖမ်းဆီး ရမိသော သဘာဝငါးများကို တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။
Source: Myawady



