Food & Livestock
ကယားပြည်နယ်အတွင်း ၂၀၂၀ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေး

ကယားပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအား ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ(၁၅) ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လွိုင်ကော်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မေလ ၁၈ ရက်နေ့အထိ တောင်သူ (၅၇)ဦးအား ထုတ်ချေးပေးခဲ့ပြီး စိုက်ပျိုးစရိတ်ချေးငွေများမှာ စပါး(၁)ဧကလျှင် ကျပ် ၁၅၀၀၀ဝိ/- နှင့် အခြားသီးနှံများအတွက် (၁) ဧကလျှင် ငွေကျပ် ၁၀၀၀၀ဝိ/- နှုန်းဖြင့် ချေးငွေများ ထုတ်ပေးလျက်ရှိပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းသာ ကောက်ခံကြောင်း သိရသည်။
ယခင်နှစ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကယားပြည်နယ်အတွင်းရှိ တောင်သူလယ်သမား (၅၉၇၂)ဦး၊ ဧကပေါင်း (၃၀၁၀၄)ဧကအတွက် ငွေကျပ် (၃၈၈၅.၂၀)သန်း ထုတ်ချေးပေးလျက်ခဲ့ရာ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ယခုနှစ်တွင် အတိုးနှုန်းများကို ၃ ရာခိုင်နှုန်း လျော့ချ၍ ၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ လွိုင်ကော်မြို့နယ် ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၀ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို (၄၀၇၅.၂၅)သန်း ထုတ်ချေးရန် လျာထားခဲ့ပြီး ယခုကနဦး ခွင့်ပြုရန်ပုံငွေကျပ် (၄၀၇၅.၂၅)သန်းကို ချေးငွေများထုတ်ချေးပေးလျက် ရှိကြောင်း ၊ ယခုနှစ် ချေးငွေများကို မေလ (၁၅)ရက်နေ့မှ စတင်၍ ဇူလိုင်လအထိ ထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း လွိုင်ကော်မြို့နယ် ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဇော်မင်းခိုင် ထံမှ သိရသည်။
ကယားပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည် ပေးဆောင်ကြရာတွင် နှစ်စဉ်သီးနှံပေါ်ချိန်၌ ပုံမှန်လာရောက်ပေးဆပ်လျက်ရှိပြီး ကြွေးကျန်များလည်း မရှိကြောင်း သတင်းရရှိသည်။
Moi.Gov



