Food & Livestock





မြန်မာ့ကော်ဖီ၊ လက်ဖက်ရည်နှင့် သရေစာပြပွဲ ၂၀၂၀

Unicode >>>>


မြန်မာ့ကော်ဖီ၊ လက်ဖက်ရည်နှင့် သရေစာပြပွဲ ၂၀၂၀


မြန်မာ့ကော်ဖီနှင့်သရေစာ ပြပွဲကြီးကို မတ် ၆ ရက်နေ့  Fortune Plaza တွင် ဖွင့်ပွဲပြုလုပ်၍ ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲကို  ALT Exhibition မှ MD ဖြစ်သူမှ အဖွင့်အမှာစကားပြောကြားပြီး ပြပွဲကို ဖွင့်လှစ်ခဲ့ပါတယ်။


Dried Tea Leaves လက်ဖက်ခြောက်လုပ်ငန်းများ (၂၉၆) ခုကိုရှာရန်နှိပ်ပါ။


မြန်မာ့ကော်ဖီ လက်ဖက်ရည် သရေစာပြပွဲကို မြန်မာ့အကြီးဆုံး အစားအသောက်ပြပွဲနှင့်တတိယအကြိမ် ကုန်စည်ပြပွဲ ညီလာခံ တို့နှင့်အတူ ပူးပေါင်း၍ မတ်လ ၆ ရက်မှ ၈ ရက်နေ့ထိ Myanmar Expo Hall @ Fortune Plaza မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ရက်ပေါင်း သုံးရက်တာ ကျင်းပပြုလုပ်မဲ့ the 3rd power-packed show တွင် ကုန်အမှတ်တံဆိပ်အမည်ပေါင်း ၃၀၀ ကျော်၊ ပြခန်းပေါင်း ၁၂၀ ကျော်ကို ခင်းကျင်းပြသမှာသွားမှာ ဖြစ်ပါတယ်။


Tastefull Myanmar Expo 2020 - မြန်မာနိုင်ငံ၏ အကြီးဆုံးအစားအသောက်ပြပွဲ၏ မြန်မာ့ကော်ဖီလက်ဖက်ရည် သရေစာပြပွဲနှင့် အတူပူးပေါင်းပြသမှုအတွင်း လုပ်ငန်းပါတနာပုံစံဖြင့် ဖွဲ့စည်း၍ စက်မှုလုပ်ငန်းအရ ကမ်းလှမ်းထားတဲ့ ပြည်တွင်းနှင့်ပြည်ပနိုင်ငံများတွင် ထုတ်လုပ်သော နောက်ဆုံးပေါ် ကုန်ပစ္စည်းများ၊ အသား၊ ပင်လယ်စာများ၊ အစားအသောက်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ကိရိယာများနှင့် စားသောက်ကုန်မျိုးစုံကို ရရှိစုဆောင်းနိုင်မည့် ကြားခံနယ်တစ်ခု ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံအတွင်း အခြေချမည့် နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှုများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။


တတိယအကြိမ်မြောက်မြန်မာ့ကုန်စည်ပြပွဲနှင့် ညီလာခံကျင်းပမှုအတွင်း မြန်မာနိုင်ငံအတွင်း ကုန်စည်အမှတ်တံဆိပ်များအား ဖြန့်ဖြူးရန်အလားအလာရှိသည့် လုပ်ငန်းပါတနာများ၊ ကျွမ်းကျင်ကုန်စည်လုပ်ငန်းရှင်များနှင့် နယ်ပယ်ဖွံဖြိုးသူများအားရှာဖွေနေသည့် နိုင်ငံတကာမှ ကုန်စည်အမှတ်တံဆိပ်များကိုလည်း စည်းရုံးရရှိခဲ့ပါတယ်။


Grab Food Myanmar ၏ ဥက္ကဌဖြစ်သူ ဦးကောင်းမြတ်၏ တင်ပြချက်အရ ပြည်တွင်းကုန်စည် လုပ်ငန်းလက်ခံသူများမှ နိုင်ငံအတွင်းရှိ Grab Food Myanmar ၏ အကြီးမားဆုံးသုံးစွဲသူများ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ယင်းတို့လုပ်ငန်းများအား တိုးချဲ့နိုင်တဲ့အတွက်၎င်း၊ အစားအစာများကို စားသုံးသူနေအိမ်နှင့်ရုံးခန်းများထံသို့ အရောက်ပို့ပေးပို့ခြင်းမှတဆင့် သက်သာတဲ့ အရင်းအနှီးအပါအဝင် ထောက်ပံ့ရေးပြဿနာ အနည်းငယ်မျှဖြင့် ယင်းတို့၏ ငွေပင်ငွေရင်းများကို ကာမိစေတဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။


Read More >>>>>  မြန်မာ့ကော်ဖီ ဈေးနှုန်းမြင့်မားနေ


စည်းရုံးသူမှ ယင်း၏ပထမအကြိမ် မြန်မာ့ယမကာဖလားပြိုင်ပွဲအား ကျင်းပနိုင်ရေးအတွက် Golden Brown Coffee နှင့် စပ်တူလုပ်ကိုင်ခဲ့ပြီး ယင်းတွင် Culinary institute of Myanmar (CIM) မှကြီးမှူးတဲ့  မုန့်အပြင်အဆင်ပြိုင်ပွဲ၊ Wine Master Classes and Wine Tasting ပြိုင်ပွဲ၊ အချက်အပြုတ်သရုပ်ပြပွဲ၊ Barista and Latte အနုပညာပြပွဲ၊ Cupping Session, MAHA မှ ကြီးမှုးသည့် မုန့်ဖုတ်နှင့် အချိုမုန့်ပြပွဲများအတွင်း နိုင်ငံတကာကုန်စည်အမှတ်တံဆိပ်များ နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူများမှ စက်မှုလုပ်ငန်းအတွင်းရှိ အမှတ်တံဆိပ်များအား တည်ဆောက်တဲ့ နောက်ဆုံးပေါ် ခေါင်းစဉ်နှင့် အောင်မြင်သည့် ရာဇဝင်များအား ဝေမျှပေးရန်အတွက် စီတန်းစောင့်ခိုင်းခဲ့ကြရတာ ဖြစ်ပါတယ်။


ALT Exhibitions စည်းရုံးသူများမှ Myanmar Coffee Association, Culinary institute of Myanmar, Maritime and Hospitality Academy, World Franchise Associates, Myanmar Sommelier Association နှင့်တကွ ပံ့ပိုးပေးသည့် ပါတနာများ၊ ပြသသူများ၊ တင်ဆက်သူများ၊ မှတ်ပုံတင်ပါတနာများ၊ ပြည်တွင်းပါတနာများ စတဲ့ အဖွဲ့အစည်းများကို ပြပွဲတွင်အောင်မြင်စွာပြသနိုင်ခဲ့ပါတယ်။


ပြပွဲကို Myanmar Expo @ Fortune Plaza တွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီထိ ဝင်ကြေးအခမဲ့ဖြင့် သွားရောက်လေ့လာကြည့််ရှုနိုင်ပါတယ်။


Myanmar Food Industry Directory

 

 

Zawgyi<<<<<<

 


 


 


 


 


 


 


 


 


 




 

ပြပွဲကို Myanmar Expo @ Fortune Plaza တွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီထိ ဝင်ကြေးအခမဲ့ဖြင့် သွားရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။

 


Read times Last modified on Friday, 06 March 2020 14:30
Rate this item
(0 votes)