Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


AMPHAN ၏ အရှိန်ကြောင့် မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၃၂/၂၀၂၀)


(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်) (မြန်မာစံတော်ချိန်(၀၄:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
===============================================
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အခြေအနေ
===============================================
၁။ ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်၊ ဒီဂါမြို့(Digha)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဟတီရာကျွန်းစု(Hatiya Islands)တို့ကြားမှ ဖြတ်ကျော် ခဲ့သော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ (Kolkata)၏ အရှေ့မြောက်ဘက် (၉၅)မိုင် ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။

နောက်(၆)နာရီအတွင်းခန့်မှန်းချက်
=======================
၂။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၆)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN)အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်
=========================
၃။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် နောက် (၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် ရှမ်းပြည်နယ်နှင့် ကယားပြည် နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
မြေပြင်လေတိုက်ခတ်နိုင်မှုအခြေအနေခန့်မှန်းချက်
=================================
၄။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် နောက်(၂၄)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ တိုက်ခတ်နိုင်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်
==============================
၅။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝ ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိုင်ပါသည်။
အသိပေးနှိုးဆော်ချက်
================
၆။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသအခြေအနေများကို လေကြောင်းပျံသန်းရေးအနေဖြင့် လည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

(AMPHAN)၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းမႈ အေျခအေန ခန႔္မွန္းခ်က္
အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းသတင္း အမွတ္စဥ္ (၃၂/၂၀၂၀)
(၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၂၁ ရက္) (ျမန္မာစံေတာ္ခ်ိန္(၀၄:၃၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)
===============================================
အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) အေျခအေန
===============================================
၁။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ အိႏၵိယႏိုင္ငံ၊ အေနာက္ဘဂၤလား ျပည္နယ္၊ ဒီဂါၿမိဳ႕(Digha)ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဟတီရာကြၽန္းစု(Hatiya Islands)တို႔ၾကားမွ ျဖတ္ေက်ာ္ ခဲ့ေသာ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm) အမ္ဖန္ (AMPHAN) သည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) အမ္ဖန္ (AMPHAN) အျဖစ္သို႔ အားေလ်ာ့သြားခဲ့ကာ၊ အိႏၵိယႏိုင္ငံ၊ ကိုးလ္ကတၱားၿမိဳ႕ (Kolkata)၏ အေရွ႕ေျမာက္ဘက္ (၉၅)မိုင္ ခန႔္အကြာတြင္ ဆက္လက္တည္ရွိေနပါသည္။
ေနာက္(၆)နာရီအတြင္းခန္႔မွန္းခ်က္
=======================
၂။ အဆိုပါ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) အမ္ဖန္ (AMPHAN) သည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ ေနာက္(၆)နာရီအတြင္း ဆိုင္ကလုန္း မုန္တိုင္း (Cyclonic Storm) အမ္ဖန္ (AMPHAN)အျဖစ္သို႔ အားေလ်ာ့သြားမည္ဟု ခန႔္မွန္းရပါသည္။
မိုး႐ြာသြန္းမႈအေျခအေနခန႔္မွန္းခ်က္
=========================
၃။ အဆိုပါ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) အမ္ဖန္ (AMPHAN)၏ အရွိန္ေၾကာင့္ ေနာက္ (၂၄)နာရီအတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ကခ်င္ျပည္ နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပားႏွင့္ ရွမ္းျပည္နယ္ႏွင့္ ကယားျပည္ နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း ႐ြာၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။
ေျမျပင္ေလတိုက္ခတ္ႏိုင္မႈအေျခအေနခန႔္မွန္းခ်က္
=================================
၄။ အဆိုပါ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) အမ္ဖန္ (AMPHAN) ၏ အႂကြင္းအက်န္ တိမ္တိုက္မ်ားေၾကာင့္ ေနာက္(၂၄)နာရီအတြင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ တစ္နာရီလွ်င္ (၂၅)မိုင္မွ မိုင္(၃၀)အထိ တိုက္ခတ္ႏိုင္ပါသည္။
ျမန္မာ့ပင္လယ္ျပင္အေျခအေနခန႔္မွန္းခ်က္
==============================
၅။ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ေလသည္ တစ္နာရီ လွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝ ကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၃)ေပခန္႔ ရွိႏိုင္ပါသည္။ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါ တစ္ရံ မိုးသက္ေလျပင္း မ်ားက်ေရာက္ၿပီး လႈိင္း အသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၀)ေပခန္႔ရွိႏိုင္ပါသည္။
အသိေပးႏႈိးေဆာ္ခ်က္
================
၆။ အဆိုပါ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) အမ္ဖန္ (AMPHAN)၏ အရွိန္ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး၊ လႈိင္းႀကီးမည့္ အေျခအေနမ်ားကို ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး သြားလာေနၾကေသာ ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္ လည္းေကာင္း၊ ဆိုး႐ြားသည့္ မိုးေလဝသအေျခအေနမ်ားကို ေလေၾကာင္းပ်ံသန္းေရးအေနျဖင့္ လည္းေကာင္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္။

Read times Last modified on Thursday, 21 May 2020 08:35
Rate this item
(0 votes)