Food & Livestock



F&N ၃လတာ ဝင်ငွေ စင်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိ

F&N ၃လတာ ဝင်ငွေ စင်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မြန်မာနိုင်ငံမှ ဘီယာချက် စက်ရုံများ အပါအဝင် အဖျော်ယမကာလုပ်ငန်းနှင့် စင်ကာပူမှ Times Printer ပုံနှိပ်စက်ရုံ အပါအဝင် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သည့် Fraser and Neave (F&N) သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ပြီးဆုံးသည် ပထမ၃ လပတ်အတွင်း ဝင်ငွေ စင်ဒေါ်လာ ၅၃၁.၆ သန်း ရရှိခဲ့ပြီး အသားတင်အမြတ် စင်ဒေါ်လာ ၄၃.၈ သန်း ရရှိခဲ့သည်။

 

ပထမသုံးလပတ် ၀င်ငွေသည် နိုင်ငံခြားငွေ ငွေလဲနှုန်းကြောင့် လျော့ကျခဲ့သည်ဟု ကုမ္ပဏီက ဆိုသည်။ နိုင်ငံခြားငွေ ငွေလဲနှုန်းကြောင့် လျော့ကျခြင်းသာ မရှိခဲ့လျှင် ယခုထက် ၄% ပိုများမည်ဟု ဆိုသည်။ နို့ထွက်ပစ္စည်းနှင့် ဘီယာ ထုတ်လုပ်မှုတို့ ရောင်းအား ကောင်းခဲ့သည်။

 

အချိုရည်၊ ဘီယာနှင့် နို့ထွက်ပစ္စည်းများ အပါအဝင် အစားအသောက်နှင့် အဖျော်ယမကာ ကဏ္ဍအတွက် ၀င်ငွေ စင်ကာပူဒေါ်လာ ၄၅၇ သန်းခန့် ရရှိခဲ့သည်။ အချိုရည်နှင့် နို့စည်သွတ်ဘူးများ ရောင်းအား မြင့်တက်လာသည့်အပြင် ဘီယာဈေးနှုန်းများ မြင့်မားလာခဲ့သဖြင့် ဝင်ငွေ မြင့်တက်ခဲ့သည်။

 

 ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းကဏ္ဍအတွက် ဝင်ငွေ လျော့ကျခဲ့သည်။ ပုံနှိပ်စက် ပုံနှိပ်ရန်အတွက် အမှာစာများ လျော့နည်းခဲ့သည်။ စာအုပ်များ လက်လီအရောင်းလည်း ရောင်းအားကျဆင်းသည်။ သို့ဖြစ်ရာ ဝင်ငွေ  စင်ကာပူဒေါ်လာ ၅၃ သန်းသို့ ကျဆင်းသွားသည်။

 

စုစုပေါင်း ဝင်ငွေ လျော့ကျသော်လည်း အမြတ် တိုးခဲ့သည်။ 

 

 နို့ထွက်ပစ္စည်းကဏ္ဍထံမှ အမြတ် ရရှိမှု မြင့်တက်ခဲ့သည်။ ဗီယက်နမ်၏အကြီးဆုံးနို့ထွက်ပစ္စည်းကုမ္ပဏီ Vinamilk တွင် F&N ပိုင်ဆိုင်သည့် ရှယ်ယာများအတွက် ရရှိသည့်အမြတ် မြင့်မားခဲ့သည်။

ဘီယာကဏ္ဍမှ ဝင်ငွေသည် နိုင်ငံခြားငွေ ငွေလဲနှုန်းကြောင့် ထိခိုက်ခဲ့သဖြင့် ဝင်ငွေလျော့ကျခဲ့ပါသည်။ 

Source f&n


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)