Food & Livestock
ယခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပြည်ပသို့ မတ်ပဲတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိ
ယခုဏ္ဍာနှစ် ဧပြီ ၁ရက်မှ အောက်တိုဘာ ၁၄ ရက်ထိ ပြည်ပသို့ မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ
၂၃၂ ဒသမ ၆၄၆ သန်းထိ နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရသိရသည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် မတ်ပဲသည် အိနိ္ဒယနိုင်ငံ တစ်နိုင်ငံတည်းကိုသာ အဓိကအားထား ရောင်းချပေးနေရပြီ အိနိ္ဒယနိုင်ငံတွင်လည်း မိုးဇမ်ဘစ်နိုင်ငံ မတ်ပဲများနှင့် စျေးကွက်ယှဉ်ပြိုင်ရောင်းချနေရသည့် အခြေအနေတွင်ရှိနေသည်။
လက်ရှိတွင် အိနိ္ဒယနိုင်ငံ၌ မတ်ပဲများထွက်ရှိ နေသည့်အချိန်ဖြစ်သော်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ အောက်တိုဘာ ၁၄ရက်ထိ ပြည်ပသို့မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၂ ဒသမ ၆၄၆ သန်းထိ နိုင်ငံခြားဝင်ငွေ ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ အောက်တိုဘာ ၁၄ ရက်အတွင်း မတ်ပဲကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၁၆ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၂ ဒသမ ၆၄၆ သန်းဖိုး တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါကာလအတွင်းတွင် ပြည်ပဖောက်သည်စျေးကွက် နိုင်ငံများသို့ ပဲအမျိုးအစား ၂၀ကျော် တင်ပို့ရောင်းချပေးခဲ့ရာ မတ်ပဲသည် ဒုတိယအများဆုံးတင်ပို့ ရောင်းချပေးခဲ့ရကြောင်း သိရသည်။
Source: YDNP