Food & Livestock



ဗီယက်နမ်တွင် မိုးခေါင်မှုအန္တရာယ်အတွက် လယ်သမားများကို စပါး စောစိုက်ရန် ပြောကြား

ဗီယက်နမ်တွင် မိုးခေါင်မှုအန္တရာယ်အတွက် လယ်သမားများကို စပါး စောစိုက်ရန် ပြောကြား

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

ဗီယက်နမ်သည် အယ်လ်နီညိုကြောင့် ရေပြတ်လပ်မည်ကို စိုးရိမ်သဖြင့် လယ်သမားများအား စပါး စောစောစိုက်ပျိုးရန် ပြောကြားထားသည်။

  

 photo_2023-10-03_22-14-42.jpg

 

ဆောင်းနွေဦး စပါးသီးနှံ၏ ၂၆ ရာခိုင်နှုန်းကို စိုက်ပျိုးသူများဖြစ်သည့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားများကို စစိုက်နေကျ  နိုဝင်ဘာလအစား အောက်တိုဘာ လဆန်းပိုင်းမှာ စတင်စိုက်ပျိုးရန် ညွှန်ကြားထားသည်။

စပါးရည့်မှည်ဘချိန်တွင် ရေရှားပါးမှု ဖြစ်နိုင်ချေကို ရှောင်ရှားရန် အတွက်ဖြစ်သည်။

 

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၏ ဆောင်းနွေဦး စပါးရာသီသည် ပုံမှန်အားဖြင့် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း စတင်သည်။ ဖေဖော်ဝါရီလတွင် စတင်ရိတ်သိမ်းသည်။ 

 

အယ်လ်နီညိုသည် ယေဘုယျအားဖြင့် အာရှဒေသများသို့ ပိုမိုပူပြင်းခြောက်သွေ့သော အခြေအနေများကို သယ်ဆောင်လာကာ မိုးခေါင်ခြင်းကြောင့် ကောက်ပဲသီးနှံများ ပျက်စီးစေနိုင်သည်။

 

ဗီယက်နမ် အပင်ငယ် ထုတ်လုပ်ရေးဌာနက ခန့်မှန်းထားသည်မှာ လာမည့်ရာသီတွင် စပါးထုတ်လုပ်မှုသည် ယမန်နှစ်ထက် တန်ချိန် ၂ သောင်း လျော့ကျပြီး တန်ချိန် ၁၀.၇ သန်း ထွက်မည်ဖြစ်သည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ဗီယက်နမ်တွင် စပါးအများဆုံး ထွက်သည့် ဗီယက်နမ်၏ စပါးကျီဖြစ်သည်။

 

၂၀၁၅-၁၆ တွင် ကြုံခဲ့ရသည့် အယ်လ်နီညိုအခြေအနေများနည်းတူ ၂၀၂၃-၂၄ တွင်လည်း ပြင်းထန်လိမ့်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ပြည်တွင်း ဆန်ဖူလုံစေရန် ပြည်ပသို့ ဆန်တင်ပို့မှုဘရပ်ထားခဲ့ရသည့် ၂၀၁၈-၂၀ လောက် မိုးခေါင်သည့် အခြေအနေ ဆိုးဝါးမည်မဟုတ်ဟု ခန့်မှန်းထားသည်။

 

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ဗီယက်နမ်နိုင်ငံ၏ စပါးစိုက်ဧရိယာ၏ ထက်ဝက်ခန့်ရှိသည်။ ပြည်ပတင်ပို့သည့် ဆန်များ၏ ၉၀% ကို ထုတ်လုပ်ပေးသည်။

 

Source Bloomberg 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 03 October 2023 22:17
Rate this item
(0 votes)