Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘောဇဘဏ် ဂေါ်ဖီထုပ်အလှူ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုင့်၊ တောင်ရိုးနှင့် ကယန်းတိုင်းရင်းသားများ စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ် ငါးသိန်းကျော်မှာ ဝယ်ယူသူမရှိသည့်အတွက် ဖျက်ဆီးရတော့မည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး တောင်သူများအား ကူညီရန် ကမ္ဘောဇဘဏ်၏နာယက ဦးအောင်ကိုဝင်းကိုယ်တိုင် ဂေါ်ဖီထုပ် ငါးသိန်းကျော် ဝယ်ယူခဲ့သည်။

 

ထိုအကြောင်းကို သမီးဖြစ်သူ နန်းလိုင်ခမ်းက မေလ ၂၇ ရက်နေ့က ယခုလို ရေးသားဖော်ပြခဲ့ပါသည်။


ဂေါ်ဖီထုပ်တောင်သူများကို ကူညီပံ့ပိုးခြင်း ကျွန်မဖေဖေ ဦးအောင်ကိုဝင်းက ဝယ်ယူမယ့်သူမရှိလို့ ဖျက်ဆီးရတော့မယ် ဂေါ်ဖီထုပ် (၅) သိန်းကျော်ကို ဂေါ်ဖီထုပ်တောင်သူများတွေအား ကူညီဖို့အတွက် ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့ပြီး ကုန်တင်ကားကြီးများနဲ့ ဖြန့်ဝေလှူဒါန်းနေပါတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ့်၊ တောင်ရိုးနှင့် ကယန်းတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်ရေ (၅) သိန်းလောက် ရှိမယ်လို့ ခန်မှန်းတာကြောင့် ဖေဖေက ဝယ်ယူပြီး နိုင်ငံအနှံအပြားက အကျဉ်းထောင်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာက မိဘမဲ့ဂေဟာများ နဲ့ အခြေခံပြည်သူတွေကို စနစ်တကျ ဖြန့်ဝေလျက်ရှိပါတယ်။

 

“တစ်ရက်တစ်ရက် စိုက်ထာခဲ့တာတွေ ဘယ်ပို့ရမှန်းမသိတော့ စိတ်မကောင်းဘူး။ ဘယ်ရောင်းရမှန်းလည်း မသိဘူး။ အခုတော့ နောက်ရာသီဆက်ပြီး ရင်းနှီးစိုက်ပျိုးဖို့ ကျွန်မ အရင်းလေး ရပါပြီ။ ” ဆိုတဲ့ တောင်ရိုးလူမျိုး တောင်သူတစ်ဦးရဲ့ ပြောစကားကို ကြားတဲ့အခါမှာ ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ရဲ့အခက်အခဲကို တတ်နိုင်သမျှ ကူညီလိုက်နိုင်လို့လည်း ပီတိဖြစ်မိပါတယ်။

 

တောင်သူတွေ လတ်တလော အဆင်ပြေစေဖို့အတွက်လည်း ဆန်( ၃)ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ (၅၀) ကျပ်သား၊ ငွေကျပ်တစ်သောင်းစီကိုလည်း ပေးဝေခဲ့ပါတယ်။

 

တောင်သူများရဲ့ အခက်အခဲကို ကိုယ်တိုင်ယာခင်ထဲဆင်းပြီး ကူညီပေးတဲ့ ဖေဖေနဲ့ COVID 19 စားနပ်ရိက္ခာထောက်ပံရေးကော်မတီ ( တောင်ကြီး) ကို ကျေးဇူးတင်ပါတယ်။ ကုန်ကားတွေ သက်ဆိုင်ရာမြို့တွေရောက်လာချိန်မှာ လိုအပ်နေတဲ့ အခြေခံပြည်သူများ လက်ထဲအရောက် ထပ်ဆင့်ဖြန့်ချီပေးတဲ့ မိတ်ဆွေများ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

 

ဒီလို ခက်ခဲတဲ့ကာလမှာ ကျွန်မတို့တတွေ တစ်ဦးကိုတစ်ဦး တတ်နိုင်သမျှ ကူညီရင်း အတူတကွ ဖြတ်ကျော်ကြမှာပါ။

 

We partnered together with Eleven Media Group CSR, We Love-Yangon, Visakha Foundation, Pann Thee Foundation, YRYEA - Yangon Region Young Entrepreneurs Association, and other local charities to redistribute to communities in need. Thank you for supporting!


မေ ၂၈ ရက်က ပခုက္ကူမြို့ပေါ်ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာခြောက်ရွာတို့မှ အိမ်ထောင်စု ၅၀၀၀ ကျော်အား ကမ္ဘောဇဘဏ်က ဂေါ်ဖီထုပ် ၆၀၀၀ ကျော်ကို ဒေသခံများထံ အရောက်လှူဒါန်းပေးခဲ့သည် ။ ထို့ပြင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတို့အား ဂေါ်ဖီထုပ်လှူဒါန်းခြင်းအပြင် ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာ၊ မျက်မမြင်ကျောင်းနှင့် ပခုက္ကူဆေးရုံအာဟာရဒါနတို့အတွက်လည်း ဂေါ်ဖီထုပ် ၁၀၀၀ ခန့် လှူဒါန်းပေးခဲ့သည်။

 

ကမ္ဘောဇဘဏ်က လှူဒါန်းသည့် ဂေါ်ဖီထုပ် ၄၀၀၀ ကျော်အား အခြေခံလူတန်းစား များပြားသည့် အမှတ် (၁) ရပ်ကွက်အတွက် ဂေါ်ဖီထုပ် ၅၀၀၊ အမှတ် (၃) ရပ်ကွက်အတွက် ဂေါ်ဖီထုပ် ၁၀၅၀၊ အမှတ် (၅) ရပ်ကွက်အတွက် ဂေါ်ဖီထုပ် ၅၇၀၊ အမှတ် (၆) ရပ်ကွက်အတွက် ဂေါ်ဖီထုပ် ၄၇၀၊ အမှတ် (၉) ရပ် ကွက်အတွက် ဂေါ်ဖီထုပ် ၄၅၀၊ အမှတ် (၁၁) ရပ်ကွက်အတွက် ဂေါ်ဖီထုပ် ၆၀၀ နှင့် အမှတ် (၁၄) ရပ်ကွက်အတွက် ဂေါ်ဖီထုပ် ၈၆၀ လှူ ဒါန်းပေးခဲ့သည်။

 

ကမ္ဘောဇဘဏ်က လှူဒါန်းသည့် ဂေါ်ဖီထုပ် ၁၀၀၀ ကျော်အား ကုက္ကိုလှကျေးရွာအတွက် ဂေါ်ဖီထုပ် ၂၅၀၊ ဗွက်ကုန်းကျေးရွာအတွက် ဂေါ်ဖီထုပ် ၁၅၀၊ ဘောလုံးခုံကျေးရွာအတွက် ဂေါ်ဖီထုပ် ၁၅၀၊ သဘောင်္ကုန်းကျေးရွာအတွက် ဂေါ်ဖီထုပ် ၁၆၀၊ မဲဇာလိတန်းကျေးရွာအတွက် ဂေါ်ဖီထုပ် ၅ဝနှင့် ရွာသစ်ကုန်းကျေးရွာအတွက် ဂေါ်ဖီထုပ် ၁၀၀ လှူ ဒါန်းပေးခဲ့သည်။

 

ယင်းဝယ်ယူထားသည့် ဂေါ်ဖီထုပ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်နှင့် အေးသာယာမြို့များက အခြေခံ ပြည်သူများ၊ မိဘမဲ့ဂေဟာများနှင့် မြန်မာနိုင်ငံအနှံ့အပြားက အကျဉ်းထောင်များသို့ စနစ်တကျ ဖြန့်ဝေပေးနေကြောင်း သိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)