Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက ပဲစင်းငုံ ပြန်လည်ဝယ်ယူမည့်သတင်းကြောင့် မန္တလေးပဲဈေးကွက်လှုပ်ရှား

အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်းများကို ပြန်လည်ဝယ်ယူမည့် သတင်းများထွက်ပေါ်ပြီး တစ်ပတ်အကြာ

မေ ၁၂ ရက်တွင် ပဲစင်းငုံကိုပါ ထပ်မံ၍ တန်ချိန် နှစ်သိန်း ပြန်လည်ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မန္တလေးပဲဈေးကွက်တွင် အပြောင်းအလဲအတွက် ၀မ်းပန်းတသာ မျှော်လင့်လျှက်ရှိကြောင်း သိရပါတယ်။

 

ယင်းပဲများကို အိန္ဒိယနိုင်ငံက ၂၀၁၇ ခုနှစ် မတ်လတွင် ၀ယ်ယူမှု ရပ်ဆိုင်းထားခဲ့ရာမှ တစ်နှစ်ကျော်အကြာ ၂၀၁၈ ခုနှစ် မေလ ၄ ရက်တွင် မတ်ပဲနှင့် ပဲတီစိမ်းကို ပြန်လည်ဝယ်ယူမည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီး ယင်းသတင်းကြောင့် ပဲတီစိမ်း၊ မတ်ပဲဈေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း၊ ယခုအခါ ပဲစင်းငုံဈေးမှာလည်း ယင်းသတင်းကြောင့် နာရီပိုင်းအတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ၈၀၀၀ ကျပ်နှုန်းခန့်မြင့်တက်သွားကြောင်း မန္တလေးမြို့မှ ပွဲရုံပိုင်ရှင်၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းသတင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်းလို ပဲစင်းငုံကိုပါ ထပ်မံဝယ်ယူမယ်လို့ သိရပါတယ်။

 

တန်ချိန်ဘယ်လောက်ဝယ်ယူမယ်ဆိုတာကိုတော့ ပြောလို့ မရသေးဘူး။ ကုန်သည်အသိုင်းအ၀ိုင်းကတော့ တန်ချိန်နှစ်သိန်းဝယ်ယူဖို့ရှိတယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေတယ်ဟု သိရပါတယ်။

 

ယင်းအပြင် နိုင်ငံတော်အနေနှင့်လည်း ပြန်လည်ဝယ်ယူသည့် ပဲအမျိုးအစားများ၏ တန်ချိန်၊ ဈေးနှုန်း၊ ၀ယ်ယူမည့် ကာလများကို ပြည်သူများ သိရှိစေရန် သက်ဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့် အတိအလင်း ထုတ်ပြန်ပေးစေလိုကြောင်း ပွဲရုံပိုင်ရှင်က ပြေကြားခဲ့ပါတယ်။

 

လက်ရှိ မန္တလေးဈေးကွက်တွင် မေ ၁၁ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၂၀၀၀ ရှိသော ပဲစင်းငုံအသစ်မှာ မေ ၁၂ ရက်နေ့တွင် ကျပ် ၄၀၀၀၀ နှုန်းအထိ မြင့်တက်လာပြီး ၂၀၁၇ ခုနှစ် လက်ကျန်ပဲစင်းငုံ အဟောင်းဈေးနှုန်းများအနေဖြင့် ကျပ် ၃၅၀၀၀ မှ ကျပ် ၄၂၀၀၀ အထိ ရောက်ရှိလာကြောင်း မန္တလေးပဲဈေးကွက်ထံမှ သိရပါတယ်။

 

Source: Mirror

Read times Last modified on Tuesday, 18 September 2018 13:42
Rate this item
(2 votes)