Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရက်ပေါင်း  ၉၀  ဆန်များ   တစ်အိတ်လျှင်   အခြေခံဈေးနှုန်းသတ်မှတ်၍   ဧပြီ ၈ ရက်မှစ၍ဝယ်ယူနိုင်

ဈေးကွက်အတွင်းမှ ရက် ၉၀ ဆန်များကို တစ်အိတ်လျှင် အခြေခံဈေးနှုန်းကျပ် ၁၉၅၀ဝ ဖြင့် ဧပြီ ၈ ရက်မှ ဇွန်လ အထိ ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည် များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုသည်။

 နစ်နာ

"အခြေခံဈေးဝယ်ပေးတာဖြစ်တဲ့အတွက် နောင်ဝယ်မယ့် သူတွေ အခုတော်တော်များများက ဈေးကွက်ကို ဒီထက် ကျဦးမယ်ဆိုပြီး နဂိုဆန်ဝယ်နေတဲ့ဝယ်လက်တွေက ကျဖို့ စောင့်နေတယ်။ မဝယ်ရဲဘူး။ သူတို့ဝယ်လိုက်လို့ရှိရင်လည်း ဒီထက်ပိုကျသွားရင် သူတို့အနေနဲ့ဆုံးရှုံးမှာ။ ဒါကြောင့် ဒီထက်ပိုမကျနိုင်တော့ဘူးဆိုတဲ့ မက်ဆေ့ခ်ျကို ကျွန်တော် တို့က ပေးချင်တာ။ အခုလိုမျိုး မက်ဆေ့ခ်ျပေးလိုက်တဲ့ အတွက် နဂိုက မဝယ်တဲ့သူတွေလည်း ငွေကျပ် ၁၉၅၀ဝ လို့ အသင်းကပြောလိုက်ပြီဆိုရင် ဒီထက်လည်းကျစရာမရှိ တော့ဘူးဆိုရင် ဈေးကွက်ထဲ ဝယ်လိုအားတက်လာမယ်။ နိုင်ငံတော်ကိုလည်း အကြိမ်ကြိမ်အခြေခံဈေးသတ်မှတ်တဲ့ အခါ အစိုးရအနေနဲ့ ဈေးသိပ်ကျတဲ့အခါမှာ ထွက်ပြီး ပိုက်ဆံထုတ်ပြီး ရက်တိုချေးငွေ၊ ဘဏ်တွေနဲ့ သက်ဆိုင်ရာ ဆန်လုပ်ငန်းရှင်တွေကို ချေးငွေပေးပြီး ဝယ်ဖို့ဆိုတဲ့အစီအမံ တွေလည်း တင်ပြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ကလုပ်ရ မယ့်အချိန်ကိုစောင့်နေရင် လက်ရှိက ဆန်တွေပေါ်နေပြီ။ ဈေးကွက်ထဲမှာ ပစ္စည်းတွေလည်း လှိုင်လှိုင်ဝင်နေပြီ။ ဝယ်သူမရှိဘူးဆိုရင် ဒီဈေးကွက်က ကျသင့်တာထက်ပိုကျ သွားမယ်။ အချို့ဆိုရင် သူများနိုင်ငံထက် ကိုယ့်နိုင်ငံက ဈေးတွေက တစ်တန်ကို ဒေါ်လာ ၄၀၊ ၅၀၊ ၆၀၊ ၇၀ နှိမ်ပြီး ဝယ်တဲ့အခါမှာ နိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်လည်း နစ်နာ တယ်"ဟု ဦးအောင်သန်းဦးက ပြောဆိုသည်။

 

ဆန်အဝယ်ရပ်တန့်

အဆိုပါရက် ၉၀ ဆန်လုံးရှည်များကို တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံများသို့တင်ပို့လျက်ရှိရာ နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ဆန်တင် ပို့ရာတွင် တရုတ်နိုင်ငံဘက်၌ တရားမဝင်ကုန်စည်ဖမ်းဆီး ရေးစီမံချက်များ လုပ်ဆောင်နေသောကြောင့် တရုတ်ကုန် သည်များ ဆန်အဝယ်ရပ်တန့်နေကြောင်း သိရသည်။

 

တင်ပို့မှုနည်းပါး

ထို့ပြင် EU ကလည်း ယင်းအဖွဲ့ဝင်နိုင်ငံများမှ ဆန် စိုက်ပျိုးထုတ်လုပ်သူများ၏ ကိုယ်ကျိုးစီးပွားကာကွယ်ရန် အတွက် မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ တင်သွင်း သော ဆန်လုံးရှည်အမျိုးအစားကို ဇန်နဝါရီ ၁၈ ရက်မှစ၍ သုံးနှစ်အခွန်ကောက်ခံရန် ဥရောပသမဂ္ဂက ဆုံးဖြတ်ခဲ့ပြီး ပထမနှစ်၌ ဆန်တစ်တန်လျှင် ၁၇၅ ယူရို၊ ဒုတိယနှစ်တွင် ယူရို ၁၅၀၊ တတိယနှစ်၌ ၁၂၅ ယူရိုဖြင့် နှစ်အလိုက် အသီးသီးကောက်ခံခဲ့သောကြောင့် တင်ပို့မှုနည်းပါးကြောင်း သိရသည်။

 

ကျဆင်း

လက်ရှိရက် ၉၀ ဆန်မှာ ပြီးခဲ့သည့်နှစ်က တစ်အိတ် လျှင် ငွေကျပ် ၂၆၀ဝ၀ ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် ဈေးကွက် အတွင်း ပြည်တွင်းပြည်ပဝယ်ယူမှုကျဆင်းနေသောကြောင့် ရက် ၉၀ ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၉၀ဝ၀ အထိ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 

ဝယ်ယူမည်

အဆိုပါဈေးကွက်အတွင်း ဝယ်လက်ပျောက်နေသည့် ရက် ၉၀ ဆန်သား အစိုဓာတ် ၁၄ ဒသမ ၅ ပါဝင်သည့် ဆန်များကို တစ်အိတ်လျှင် အခြေခံဈေးနှုန်း ငွေကျပ် ၁၉၅၀ဝ ဖြင့် ဧပြီ ၈ ရက်မှစ၍ လာမည့်ဇွန်လအထိ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ ရန်ပုံငွေ အပါအဝင် အသင်းသားများ၏ထည့်ဝင်ငွေများဖြင့် ဝယ်ယူ ပေးသွားမည်ဖြစ်သည်။

 

Credit: Myanmar Time

Read times Last modified on Tuesday, 09 April 2019 09:30
Rate this item
(1 Vote)