Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ငါးတင်ပို့ရာတွင် ငါးမြစ်ချင်းတင်ပို့မှုအများဆုံးဖြစ်

မွေးမြူရေးကဏ္ဍမှ ပြည်ပသို့ငါးတင်ပို့ရာတွင် ငါးမြစ်ချင်းတင်ပို့မှု အများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် တင်ပို့မှုပမာဏ

ပြန်လည်မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဒေါက်တာမြင့်ဆွေထံမှ သိရပါတယ်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ငါးတန်ချိန် ၁၀၈၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုပမာဏ တဖြည်းဖြည်းကျ ဆင်းလာကြောင်းသိရပါတယ်။

 

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၆၇၀၀၀ ကျော်တင်ပို့နိုင်ပြီး တင်ပို့မှုအနည်းဆုံးဖြစ်ကာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တင်ပို့မှု ပမာဏ ပြန်လည်မြင့်တက်လာကြောင်း သိရပါတယ်။

 

၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ငါးမြစ်ချင်းတစ်မျိုးတည်းတင်ပို့မှု တန်ချိန် ၉၄၀၀၀ အထိ ရှိကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တင်ပို့မှုပမာဏ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း သိရပါတယ်။

 

ပြည်ပသို့ ငါးမြစ်ချင်းနှင့် ကဏန်းအရှင်ကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတင်ပို့လျက်ရှိပြီး ငါးရှဥ့်နှင့် ကဏန်းပျော့တို့ကိုလည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)