Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘောဒီးယားနှင့် မြန်မာမှ ဆန်များကို သွင်းကုန်အခွန်ကောက်ရန် အီးယူစီစဉ်

 ဥရောပသမဂ္ဂက ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ ဝင်ရောက်လာသော ဆန်များ အပေါ် လာမည့် သုံးနှစ်တွင် အခွန်ပြဋ္ဌာန်းရန် ယခုသီတင်းပတ်အ တွင်း ဆောင်ရွက်ဖွယ်ရှိကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်း ရင်းမြစ်တစ်ခုက ပြောသည်။

 

အီးယူတွင် ကုန်သွယ်ရေး မူဝါဒကို ကြီးကြပ်သော ဥရောပ ကော်မရှင်က ပြီးခဲ့သည့်နှစ်၌အ ရေးယူဆောင်ရွက်မည့် အစီအစဉ်များ အဆိုပြုပြီး ဒီဇင်ဘာက ယင်းအစီအစဉ်များကို အဖွဲ့ဝင် ၂၈ နိုင်ငံသို့ တင်ပြသော်လည်း ယင်းအချက်များကို လူများစု ထောက်ခံမှု မရှိဖြစ်ခဲ့သည်။ ယင်းကြောင့် ဥရောပကော်မရှင်ကိုယ် တိုင် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်သည်။

 

ကော်မရှင်က ဇန်နဝါရီ ၁၆ ရက် နောက်ဆုံးသတ်မှတ်ကာ ကန့်ကွက်မှုတစ်စုံတစ်ရာ ရှိ၊ မရှိ ဆုံးဖြတ်ရေး အဖွဲ့တွင်းလေ့လာ မှုတစ်ရပ် စတင်ခဲ့ကြောင်း ယင်း လုပ်ငန်းစဉ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

မျှော်လင့်ထားသည့်အတိုင်း ကန့်ကွက်မှုမရှိပါက အခွန်ပြဋ္ဌာန်း မည့်အစီအစဉ်များကို သောကြာ နေ့တွင် ကြေညာဖွယ်ရှိကြောင်း ယင်းသတင်းရင်းမြစ်က ပြော သည်။

 

ဧည့်မထကဲ့သို့ ဆန်လုံးရှည် အမျိုးအစားများကို အီးယူက အခွန်ပြန်လည်ကောက်ခံပါက မြန်မာနိုင်ငံမှ တင်ပို့ရောင်းချနိုင် မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိ သူအချို့က ပြောသည်။

 

ကော်မရှင်၏ အဆိုပြုချက် က ပထမနှစ်တွင် ဆန်တစ်တန် ၁၇၅ ယူရို အခွန်သတ်မှတ်ကာ ဒုတိယနှစ်တွင် ယင်းထက်လျော့ ၍ ယူရို ၁၅၀ နှင့် တတိယနှစ်တွင် ၁၂၅ ယူရို အခွန်သတ်မှတ်ရန် တင်ပြထားသည်။

 

မြန်မာနိုင်ငံမှ အီးယူနိုင်ငံ များသို့ ရောင်းချနေသည့် ဆန် ရှည်တစ်တန်ဈေးနှုန်း ကန်ဒေါ် လာ ၃၀၀ မှ ၃၅၀ အကြား ရှိနေခြင်းကြောင့် အခွန်နှုန်း ထပ်မံပေါင်း ထည့်မည်ဆိုပါက ရောင်းချနိုင် မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

 

‘‘မြန်မာနိုင်ငံအနေနဲ့က ဆန် ရှည်တစ်မျိုးပဲ။ ကျန်တာတွေအ ကုန်လွတ်တယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးလူမော်မြင့် မောင်က ပြောသည်။ ဆန်ကွဲအပါ အဝင် အခြားဆန်ပုများ အခွန် မဆောင်ဘဲ ဆက်လက်တင်ပို့နိုင် မည်ဟု ၎င်းက ပြောသည်။

 

အီးယူနိုင်ငံများသို့ မြန်မာ နိုင်ငံမှ ဆန်ရှည်အပါအဝင် တစ် နှစ်လျှင် ဆန်တန်ချိန် စုစုပေါင်း လေးသိန်းမှ ငါးသိန်းအကြား တင် ပို့နေသည်။ တစ်နှစ်လျှင် ဆန်ကွဲတန်ချိန်နှစ်သိန်းခွဲခန့်နှင့် ဆန်ပု မျိုးနှင့် ပေါင်းဆန်က တန်ချိန်တစ် သိန်းကျော် တင်ပို့နေကြောင်း ဦးလူမော်မြင့်မောင်က ပြောကြားသည်။

 

လက်ရှိ နိုင်ငံတကာဆန်ဈေး ကွက်အခြေအနေသည် စပါးစိုက်ပျိုးသည့် နိုင်ငံအများစုက ဆန်အသစ် ပေါ်ထွက်ချိန်ဖြစ်သောကြောင့် ဝယ်လိုအားကျဆင်းနေ သည်ဟု ၎င်းက ဆိုသည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန် တင်ပို့ရာတွင် တရုတ်၊ အာဖရိက နှင့် ဥရောပဈေးကွက်တို့ကို အဓိ ကထား တင်ပို့နေသည်။ ၂၀၁၈ ဧပြီမှ ဒီဇင်ဘာလကုန်အထိ ပြည်ပဆန်တင်ပို့မှု တန်ချိန် ၁ ဒသမ ၇ သန်းကျော် ရှိပြီး ဝင်ငွေ ကန်ဒေါ် လာ ၅၇၈ သန်း ရရှိထားသည်။

 

ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံမှ ဆန်တင်သွင်းမှု သိသာစွာ မြင့်တက်လာပါက ဥရောပ၏ ဆန်စပါးကဏ္ဍကို စီးပွားရေးအရ ထိခိုက်စေကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည်။ ပေါ်တူဂီ မှ ဘူလ်ဂေးရီးယားအထိ ဥရောပ တောင်ပိုင်း ရှစ်နိုင်ငံတွင် စပါး စိုက်ပျိုးသည်။

 

 အီးယူလယ်သမားအဖွဲ့ Copa-Cogeca က မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တင်ပို့မှု သည် ၂၀၁၂ က တန်ချိန် ၉,၀၀၀ ရှိရာမှ ၂၀၁၇ တွင် ၃၆၀,၀၀၀ သို့ တိုးလာပြီး ဆန်စပါးဈေးကျဆင်းမှုဖြစ်ပေါ်စေသည်ဟု ပြောကြားသည်။

—Ref: Reuters
Credit: 7 day news

Read times Last modified on Thursday, 17 January 2019 14:49
Rate this item
(1 Vote)