Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ ရေချိုငါးအကြေးခွံတွေ ဂျပန်နဲ့ထိုင်း ၀ယ်မည်

မြန်မာနိုင်ငံထွက် ရေချိုငါးတွေရဲ့ အကြေးခွံကို ဂျပန်နဲ့ထိုင်းနိုင်ငံတွေက ၀ယ်ယူမှာဖြစ်တဲ့အတွက် လူတိုင်းပို့နိုင်အောင် ငါးလုပ်ငန်းအဖွဲ့ချုပ်က စီစဉ်မယ်လို့ သိရပါတယ်။

 

အရင်တုန်းကတည်းက ပို့နေတဲ့သူတွေရှိတာပေါ့နော်။ အခုဟာက ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ လူတိုင်းပို့နိုင်အောင်လို့ ပာပေးရေးတွေ ဘာတွေလုပ်မှာပေါ့နော်။

 

အခုတော့ ဂျပန်နဲ့ထိုင်းပေါ့၊ ထိုင်းကတော့ နဂိုကတည်းက ၀ယ်နေတာလေ၊ အခုတော့ ထိုင်းနဲ့ချုပ်ထားတယ်။ ထိုင်းနဲ့စပြီးလုပ်နေတယ်၊ အိမ်ရှင်မတွေလုပ်လို့ရအောင် လုပ်ဖို့ ဆရာကြီးက စီစဉ်နေတာပေါ့နော်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားခဲ့ပါတယ်။

 

အကြေးခွံပါတဲ့ ရေချိုငါးတွေဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးသိုင်းချောင်း၊ ငါးကြင်း၊ တလားဗီးယားနဲ့ တခြားရေချိုငါးတွေရဲ့ အကြေးခွံတွေကို ရေသုံးကြိမ်ဆေးနေလှန်းထားပြီး ရောင်းချနိုင်မှာဖြစ်ပါတယ်။

 

ငါးအကြေးခွံတစ်ပိဿာကို ကျပ် ၂၀၀၀ ရမှာဖြစ်ပါတယ်။ လတ်တလောအနေနဲ့ ထိုင်းလုပ်ငန်းရှင် တစ်ဦးကို ငါးအကြေးခွံကီလို ၅၀၀၀ ရောင်းဖို့ ညှိနှိုင်းထားတယ်လို့ သိရပါတယ်။

 

တခြားနိုင်ငံတွေမှာ ငါးအကြေးခွံတွေကို လိမ်းဆေးလုပ်တယ်၊ ဗိုက်ဆံအိတ်လုပ်တယ်။ မိတ်ကပ်လုပ်တာနဲ့ အသားဖြူခရင်တွေလုပ်တာမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။

 

Source: Kumudra

 

Read 2232 times
Rate this item
(1 Vote)