Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအစာစွန့်ပစ်ပစ္စည်း မြေဩဇာ Bokashi Myanmar

မြန်မာနိုင်ငံရှိ လူအများစုအတွက် အစားအစာစွန့်ပစ်ပစ္စည်းသည် အမှိုက်သရိုက်မျှသာဟု

ယူဆထားကြသည်။ ထိုသဘောထားအမြင် ရှိသူများတွင် အင်းဒါစိုးအောင် မပါဝင်ချေ။

သူ့အသက် (၃၅) နှစ်အရွယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားအင်းဒါစိုးအောင် အဖို့တော့ အဲဒီသဘောထားအမြင်အပေါ် မကျေမနပ် ဖြစ်စရာအကြောင်း မရှိပါ။ ထိုသို့ ရှုမြင်နေကြတာကြောင့် သူ့ဘဝတစ်သက်တာအတွက် စီးပွားရေး အခွင့်အလမ်း ရှိနေစေသည်။ သူများတကာတို့ လွှင့်ပစ်ကြတာတွေကို သူက မြေဩဇာ ဖန်တီးသည်။

“ လူတွေကအစားအစာစွန့်ပစ်ပစ္စည်းကအမှိုက်၊ အမှိုက်၊ အမှိုက်လို့ပဲထင်တယ်။ စားနပ်ရိက္ခာစွန့်ပစ်ပစ္စည်းက သဘာဝသယံဇာတဖြစ်တယ်ဆိုတာကို လူအများကို အသိပေးဖို့ ခက်ခဲပါတယ်" ဟု သူက ဆိုသည်။

သူသည် ရန်ကုန်မြောက်ပိုင်းဒဂုံမြို့နယ်ရှိ သူ၏နေအိမ်အနီးရှိ စျေးများမှ စွန့်ပစ်ပစ္စည်း ဟင်းသီးဟင်းရွက်များ တစ်တန်ခန့် ရအောင် နေ့စဉ်စုဆောင်းတယ်၊ စွန့်ပစ်ပစ္စည်း ဟင်းသီးဟင်းရွက် အမှိုက်ခြင်းတွေကို လှည်းထဲ သွန်ထည့်ပြီးတော့ လှည်းနဲ့ သယ်တယ်။ ပြီးတဲ့အခါ အော်ဂဲနစ်မြေဆွေး အဖြစ်သို့ ရောက်အောင် လအတန်ကြာ လုပ်ကိုင်ပေးတယ်။
ကာ ကျန်ရှိနေသောဟင်းသီးဟင်းရွက်များကိုလှည်းထဲသို့လှည်းထဲသို့ထည့်ကာလပေါင်းများစွာကာလအတွင်းအော်ဂဲနစ်ဆွေးများအဖြစ်မပြုပြင်မီစုဆောင်းသည်။

သူသည် လွန်ခဲ့သော ၂ နှစ်ခန့်က Bokashi Myanmar ကို စတင်လုပ်ကိုင်ခဲ့ပြီး ယခုအချိန်အထိဥယျာဉ်နှင့် အိမ်ခြံများတွင် အဓိကရောင်းချသော သဘာဝမြေသြဇာတန် ၅၀၀ ကို ထုတ်လုပ်မိုင်ခဲ့သည်။

သူ၏ ရည်ရွယ်ချက်မှာ ထုတ်လုပ်မှု သုံးဆ ဖြစ်စေခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချခြင်းဖြင့် ပတ်ဝန်းကျင်ကို ထောက်ကူသွားရန် ဖြစ်သည်။
ဝက်ဘ်ဆိုက်မှာ
https://bokashimyanmar.com/


ဖြစ်ပြီး Organic waste is not trash! ဟု အတိအလင်း ဆိုထားသည်။


facebook
https://www.facebook.com/BokashiMyanmar/

Image may contain: food

ခန့်မှန်းတွက်ချက်မှုအရ အလျင်အမြန်ကြီးထွားနေသောမြို့တော်သည် နေ့စဉ်စွန့်ပစ်ပစ္စည်းတန်ချိန် ၂,၃၀၀ မှ ၂၅၀၀ ကို စွန့်ပစ်နေပြီး အမှိုက်ပုံနေရာအကျယ်အဝန်းအတွက် အခက်အခဲ ရှိလာနေသည်။

အင်းဒါစိုးအောင်သည် သူ၏ဇနီးဒေါ်အေးအေးသန်းထံမှ အကူအညီရရှိသည်။ ဇနီးသည်အနေဖြင့် စီးပွားရေးလုပ်ငန်း နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ပါဝင်မှုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

"ဆင်းရဲနွမ်းပါးသူများနဲ့ အခြေခံ လူတန်းစားတွေသာ အမှိုက်နဲ့ အလုပ်လုပ်ကြတယ်လို့ ကျမ ထင်ခဲ့ပါတယ်။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ကျမ ပတ်ဝန်းကျင်မှာ နေထိုင်ကြသူများအတွက် ပေးအပ်တဲ့ အလုပ်ဆိုတာ နောက်တော့ ကျမ သဘောပေါက်သွားတယ်" လို့ သူက ပြောပါတယ်။

straitstimes.com

 

အစားအစာစြန႔္ပစ္ပစၥည္း ေျမဩဇာ

ျမန္မာႏိုင္ငံရွိ လူအမ်ားစုအတြက္ အစားအစာစြန႔္ပစ္ပစၥည္းသည္ အမႈိက္သ႐ိုက္မွ်သာဟု ယူဆထားၾကသည္။ ထိုသေဘာထားအျမင္ ရွိသူမ်ားတြင္ အင္းဒါစိုးေအာင္ မပါဝင္ေခ်။

သူ႔အသက္ (၃၅) ႏွစ္အ႐ြယ္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးသမားအင္းဒါစိုးေအာင္ အဖို႔ေတာ့ အဲဒီသေဘာထားအျမင္အေပၚ မေက်မနပ္ ျဖစ္စရာအေၾကာင္း မရွိပါ။ ထိုသို႔ ရႈျမင္ေနၾကတာေၾကာင့္ သူ႔ဘဝတစ္သက္တာအတြက္ စီးပြားေရး အခြင့္အလမ္း ရွိေနေစသည္။ သူမ်ားတကာတို႔ လႊင့္ပစ္ၾကတာေတြကို သူက ေျမဩဇာ ဖန္တီးသည္။

“ လူေတြကအစားအစာစြန႔္ပစ္ပစၥည္းကအမႈိက္၊ အမႈိက္၊ အမႈိက္လို႔ပဲထင္တယ္။ စားနပ္ရိကၡာစြန႔္ပစ္ပစၥည္းက သဘာဝသယံဇာတျဖစ္တယ္ဆိုတာကို လူအမ်ားကို အသိေပးဖို႔ ခက္ခဲပါတယ္" ဟု သူက ဆိုသည္။

သူသည္ ရန္ကုန္ေျမာက္ပိုင္းဒဂုံၿမိဳ႕နယ္ရွိ သူ၏ေနအိမ္အနီးရွိ ေစ်းမ်ားမွ စြန႔္ပစ္ပစၥည္း ဟင္းသီးဟင္း႐ြက္မ်ား တစ္တန္ခန႔္ ရေအာင္ ေန႔စဥ္စုေဆာင္းတယ္၊ စြန႔္ပစ္ပစၥည္း ဟင္းသီးဟင္း႐ြက္ အမႈိက္ျခင္းေတြကို လွည္းထဲ သြန္ထည့္ၿပီးေတာ့ လွည္းနဲ႔ သယ္တယ္။ ၿပီးတဲ့အခါ ေအာ္ဂဲနစ္ေျမေဆြး အျဖစ္သို႔ ေရာက္ေအာင္ လအတန္ၾကာ လုပ္ကိုင္ေပးတယ္။
ကာ က်န္ရွိေနေသာဟင္းသီးဟင္း႐ြက္မ်ားကိုလွည္းထဲသို႔လွည္းထဲသို႔ထည့္ကာလေပါင္းမ်ားစြာကာလအတြင္းေအာ္ဂဲနစ္ေဆြးမ်ားအျဖစ္မျပဳျပင္မီစုေဆာင္းသည္။

သူသည္ လြန္ခဲ့ေသာ ၂ ႏွစ္ခန႔္က Bokashi Myanmar ကို စတင္လုပ္ကိုင္ခဲ့ၿပီး ယခုအခ်ိန္အထိဥယ်ာဥ္ႏွင့္ အိမ္ၿခံမ်ားတြင္ အဓိကေရာင္းခ်ေသာ သဘာဝေျမၾသဇာတန္ ၅၀၀ ကို ထုတ္လုပ္မိုင္ခဲ့သည္။

သူ၏ ရည္႐ြယ္ခ်က္မွာ ထုတ္လုပ္မႈ သုံးဆ ျဖစ္ေစျခင္းျဖင့္ ဖန္လုံအိမ္ဓာတ္ေငြ႕မ်ား ေလွ်ာ့ခ်ျခင္းျဖင့္ ပတ္ဝန္းက်င္ကို ေထာက္ကူသြားရန္ ျဖစ္သည္။
ဝက္ဘ္ဆိုက္မွာ
https://bokashimyanmar.com/
ျဖစ္ၿပီး Organic waste is not trash! ဟု အတိအလင္း ဆိုထားသည္။
facebook
https://www.facebook.com/BokashiMyanmar/

ခန႔္မွန္းတြက္ခ်က္မႈအရ အလ်င္အျမန္ႀကီးထြားေနေသာၿမိဳ႕ေတာ္သည္ ေန႔စဥ္စြန႔္ပစ္ပစၥည္းတန္ခ်ိန္ ၂,၃၀၀ မွ ၂၅၀၀ ကို စြန႔္ပစ္ေနၿပီး အမႈိက္ပုံေနရာအက်ယ္အဝန္းအတြက္ အခက္အခဲ ရွိလာေနသည္။

အင္းဒါစိုးေအာင္သည္ သူ၏ဇနီးေဒၚေအးေအးသန္းထံမွ အကူအညီရရွိသည္။ ဇနီးသည္အေနျဖင့္ စီးပြားေရးလုပ္ငန္း ႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးတြင္ ပါဝင္မႈအတြက္ ဂုဏ္ယူေၾကာင္း ေျပာၾကားခဲ့သည္။

"ဆင္းရဲႏြမ္းပါးသူမ်ားနဲ႔ အေျခခံ လူတန္းစားေတြသာ အမႈိက္နဲ႔ အလုပ္လုပ္ၾကတယ္လို႔ က်မ ထင္ခဲ့ပါတယ္။ သန႔္ရွင္းတဲ့ ပတ္ဝန္းက်င္ကို က်မ ပတ္ဝန္းက်င္မွာ ေနထိုင္ၾကသူမ်ားအတြက္ ေပးအပ္တဲ့ အလုပ္ဆိုတာ ေနာက္ေတာ့ က်မ သေဘာေပါက္သြားတယ္" လို႔ သူက ေျပာပါတယ္။

straitstimes.com

Read times Last modified on Tuesday, 09 June 2020 14:33
Rate this item
(0 votes)