Food & Livestock



ကမ္ဘောဒီးယားဆန် တရုတ်ပြည်မှာ အရောင်းမြှင့်တင်ရေး Alibaba Group နှင့် ဆွေးနွေး

ကမ္ဘောဒီးယားဆန် တရုတ်ပြည်မှာ အရောင်းမြှင့်တင်ရေး Alibaba Group နှင့် ဆွေးနွေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် Cambodia Rice Federation (CRF) နှင့် တရုတ်နည်းပညာကုမ္ပဏီကြီး Alibaba Group တို့သည် တရုတ်ဈေးကွက်တွင် ကမ္ဘောဒီးယားဆန်ကို အွန်လိုင်းတွင် အရောင်း မြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံရှိ နာမည်ကြီး e-commerce site ဖြစ်သည့် Alibaba ပလက်ဖောင်း နှင့်  Alibaba လုပ်ကိုင်သည့် အွန်လိုင်းစတိုးဆိုင်များတွင် ကမ္ဘောဒီးယားဆန် တင်ပို့ရောင်းချရန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားဆန်ကို အရောင်း မြှင့်တင်ရန်နှင့် စျေးကွက်ချဲ့ထွင်ရေး မဟာဗျူဟာများ ဖွံ့ဖြိုးတိုးတက်စေရန် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း CRF အထွေထွေ အတွင်းရေးမှူး Lun Yeng က ပြောသည်။

.

ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တင်သွင်းသည့် တရုတ်တင်သွင်းသူအချို့သည် တရုတ်နိုင်ငံတွင် အွန်လိုင်းမှာ ကမ္ဘောဒီးယားဆန်ကို ရောင်းချလျက်ရှိရာ CRF သည် အွန်လိုင်း မဟာဗျူဟာအတွက် သွင်းကုန်မိတ်ဖက်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း Yeng မှ ပြောကြားခဲ့သည်။

.

ကမ္ဘောဒီးယားသည် ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံသို့ ဆန် ၁၁၈,၀၄၁ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၇၇.၄ သန်း ရရှိခဲ့ကြောင်း CRF မှ ပြောကြားပါသည်။

.

"တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ကမ္ဘောဒီးယား ဆန်တင်ပို့မှု စုစုပေါင်း ပမာဏ၏ ၄၂.၄၃ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။ တရုတ်ဈေးကွက်သည် ကမ္ဘောဒီးယား ဆန်များအတွက် အဓိက တင်ပို့သည့် စျေးကွက်ဖြစ်သည်။"ဟု CRF မှ သတင်းထုတ်ပြန်သည်။

.

တရုတ်နိုင်ငံသို့ နှစ်စဉ် ဆန်တန်ချိန် ၄ သိန်း ရောင်းချနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း CRF မှ ပြောကြားခဲ့ပါသည်။

.

ကမ္ဘောဒီးယားသည် ယခုနှစ် ပထမငါးလအတွင်း နိုင်ငံနှင့် ဒေသ ၅၀ သို့ ဆန် ၂၇၈,၁၈၄ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁၉၁ ဒသမ ၆ သန်း ရရှိခဲ့သည်။ တင်ပို့သည့် ဆန်အမျိုးအစားများမှာ ပရီမီယံ ဆန်‌ေမွှး၊ ဆန်မွှေး၊ ဆန်လုံးရှည် အဖြူ၊ ပြုတ်ဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်သည် ။

 Source Khmer Times

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 05 July 2023 22:07
Rate this item
(0 votes)