Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကဏန်းသားဖောက်ခြင်းလုပ်ငန်း ဧပြီလအတွင်း စမ်းသပ်ဆောင်ရွက်မည်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် အတွင်း ကဏန်းမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုး တက်စေရန် MYSAP သည် မလေးရှားကဏန်း မွေးမြူရေးကုမ္ပဏီနှင့်ပူးပေါင်း၍

ကဏန်းသား ဖောက်ခြင်းကို ဧပြီလအတွင်းစမ်းသပ်ဆောင် ရွက်မည်ဖြစ်ကြောင်း မြန်မာရေသတ္တဝါမွေးမြူ ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYSAP ၏အကြံပေး(ရေငန်ငါးပုစွန်) ဦးစိုး ထွန်းက မတ် ၂၇ ရက်က ပြောဆိုသည်။

 

ရေရှည်ဖွံ့ဖြိုးရေး

"ဒီကုမ္ပဏီက ကဏန်းနဲ့ပတ်သက်ပြီး ဗီယက်နမ်မှာလည်း သုတေသနတွေလုပ်ခဲ့ဖူး တော့ သူတို့နဲ့ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ် ပါတယ်။ သားဖောက်ဖို့အတွက် လိုအပ်တာတွေ ကို ပံ့ပိုးပေးတာပါ။ သူတို့က အဓိကကဏန်း ကို သားဖောက်မယ်။ ဒီဒေသမှာရှိတဲ့ ဒေသခံ တွေ၊ တောင်သူတွေလည်း လုပ်ကိုင်လို့ရအောင် အဓိကကတော့ နည်းပညာ ပြန်ပံ့ပိုးပေးသွား မယ်။ ဘယ်လိုမွေးမြူရမယ်ဆိုတာလည်း ကူညီ ပေးသွားမယ်"ဟု ဦးစိုးထွန်းက ပြောဆိုသည်။

 

မြန်မာရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MYSAP)ကို စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဂျာမနီနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ)တို့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်သည်။

 

ကဏန်းသားဖောက်ခြင်းကို တစ်နှစ်လျှင် ၁၀ ကြိမ် သားဖောက်ထုတ်လုပ်နိုင်မည်ဖြစ် သလို သားပေါက်မှတစ်ဆင့် နှစ်လအတွင်း အလေးချိန် ၁၀ဝ ဂရမ်ရှိသော ဈေးကွက်ဝင် အထိ မွေးမြူထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် သဘာဝမှဖမ်းဆီးရရှိသော ကဏန်းများကိုသာ မွေးမြူထုတ်လုပ်နေခြင်း ကြောင့် ရေရှည်တွင် သဘာဝမှရရှိသော ကဏန်း ရှားပါးလာနိုင်သဖြင့် ကဏန်းသား ဖောက်၍ မွေးမြူထုတ်လုပ်ခြင်းကို ဆောင် ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

လပွတ္တာခရိုင်အတွင်းရှိ သဘာဝမှ ဖမ်းဆီး ရရှိသော ကဏန်းမျိုးစိတ်နှစ်မျိုးကိုသာ စမ်းသပ် ၍သားဖောက်သွားမည်ဖြစ်ပြီး ယင်းမျိုးစိတ် နှစ်မျိုးတွင် Scylla paramamosain မျိုး ကိုသာ အဓိက မွေးမြူထုတ်လုပ်လျက်ရှိ ကြောင်း သိရသည်။

 

ဝယ်နိုင်သည့်ဈေးနှုန်းဖြစ်

"အခုတော့ အကုန်လုံးပြင်ဆင်ထားပြီးပြီ။ ရှေ့လမှာ စပြီးသားဖောက်မယ်ဆိုတော့ မေလ လောက်ကြရင် တောင်သူတွေကို စပြီး သား ပေါက်ဖြန့်ဖြူးပေးနိုင်ပြီ။ အဲ့ဒါကတော့ ကုန်ကျစရိတ်က မတွက်ရသေးတော့ ဘယ် လောက်နဲ့ဖြန့်ဖြူးမယ်ဆိုတာ မပြောနိုင်သေး ဘူး။ ဒါပေမဲ့ တောင်သူတွေ ဝယ်ယူနိုင်မယ့် ဈေးနှုန်းတော့ဖြစ်မှာပါ"ဟု TEXCHEM ကုမ္ပဏီမှ Assistant General Manager Mr.SOH CHEE WENG က ပြောဆိုသည်။

 

ကဏန်းမဖမ်းရရာသီ

ကဏန်းများကို ရေရှည်တွင် သဘာဝမှ ထုတ်ယူသုံးစွဲနိုင်မှု ကြာလာသည်နှင့်အမျှ သယံဇာတလျော့ပါးသွားနိုင်ခြင်းကြောင့် ငါး လုပ်ငန်းဦးစီးဌာနသည် လွန်ခဲ့သည့်နှစ်နှစ် အတွင်းက ပုသိမ်မြို့၌ ဒေသခံတောင်သူများ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များ တွေ့ဆုံညှိနှိုင်း ၍ ကဏန်းမဖမ်းရရာသီကို သုံးလ ယာယီပိတ် သိမ်းရန်မဖြစ်နိုင်ခြင်းကြောင့် မတ်လ တစ်လ တည်းကိုသာ ကဏန်းမဖမ်းရရာသီအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

လပွတ္တာခရိုင်အတွင်း ကဏန်းမွေးမြူရေး ဧကပေါင်း ၄၀ ဝန်းကျင်ရှိသော်လည်း လက်ရှိ တွင် ကဏန်းမွေးမြူရေးဧက၂၈၀ ဝန်းကျင်ကို သာ နိုင်ငံခြားကုမ္ပဏီတစ်ခုအပါအဝင် ပြည် တွင်းကုမ္ပဏီနှစ်ခုနှင့် ဒေသခံတောင်သူများက မွေးမြူလုပ်ကိုင်လျက်ရှိကြောင်း လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

Source: Myanmar Time

Read times
Rate this item
(1 Vote)