Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နေကြာစိုက်ခင်းများ စာကလေးအုပ်နှင့် ကြက်တူရွေးများ စားသောက်ခြင်းကြောင့် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် နေကြာစိုက်ပျိုးကြသည့် လက်ပံခြေပေါ်အုပ်စု၊ အထက်ညဉ့် အုပ်စု၊ သူကောင်းတည်ကျေးရွာ အုပ်စုရှိ နေကြာစိုက်ကျေးရွာများမှ တောင်သူများ နေကြာခင်းများတွင် စာကလေးအုပ်များနှင့်ကြက်တူရွေး များဝင်ရောက်စားသောက်မှုများ ကြောင့် နေကြာပွင့်ခူးဆွတ်ချိန် အစေ့မပါတော့ခြင်းကြောင့် အရှုံး နှင့် ရင်ဆိုင်နေရကြောင်း အထက် ညဉ့်ကျေးရွာမှ နေကြာစိုက် တောင်သူ ဦးဟန်သောင်းက ပြောသည်။

 

ညောင်ဦးမြို့နယ် နေကြာကြဲပက် စိုက်ပျိုးကြစဉ် အချိန်က ဆီနေကြာ စပ်မျိုးတစ်ထုပ် ငွေကျပ် ၁၅၀၀၀ ပေး ဝယ်စိုက်ပျိုးခဲ့ရကြောင်း၊ နေကြာပင် များ အောင်မြင်ဖြစ်ထွန်းစအချိန်တွင် ပေါင်းနုတ်သမတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ပေါင်းသင်ရှင်းလင်း ခဲ့ရပြီး နေကြာများ စတင်ပွင့်ချိန်ထိ အထွက်နှုန်း ကောင်းမည်ဟု မျှော်လင့်ထားခဲ့သော်လည်း နေကြာ ခင်းများ နေကြာစေ့အဆံ စတင် ထည့်ချိန်မှ စာကလေးအုပ်များ စတင် ကျရောက်ခဲ့ကြောင်း၊ စာခြောက်ရုပ်များပြုလုပ် ခြောက်လှန့် သော်လည်းမရကြောင်း၊ နေကြာများ တဖြည်းဖြည်းရင့်လာချိန် စာကလေး အုပ်များနှင့် ကြက်တူရွေးများပါ နေကြာခင်းများသို့ လာရောက်စား သောက်ကြခြင်းများကြောင့် နေကြာ ခူးဆွတ်ချိန် နေကြာပွင့်ကြီးများ အစေ့များမပါတော့ဘဲ အပွင့်သေးပြီး ငုံနေသည့်(မပွင့်)နေရာပွင့်သေးများ သာ အစေ့အနည်းငယ်ပါရှိတော့၍ ရသလောက် ခူးဆွတ်နေရကြောင်း သိရသည်။

 

IPRD Mandalay

Read times
Rate this item
(0 votes)