Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းကမြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား တန်းတူညီမျှသော ယှဉ်ပြိုင်မှုအခွင့် အရေးရရှိရန် လိုလား

Unicode

မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းကမြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား တန်းတူညီမျှသော ယှဉ်ပြိုင်မှုအခွင့် အရေးရရှိရန် လိုလား

မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း (MLA)မှပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ (၁၃)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူး သူများအသင်း(MLA)အနေနဲ့ ပြည်တွင်းယမကာ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း အဆင့်မြှင့်တင်နိုင်စေဖို့ ဆောင်ရွက်လျက်ရှိပါတယ်။


ထိုသို့ဆောင်ရွက်ရာ၌ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှာ စတင်အကောင်အထည်ဖော်ရန် ဆန္ဒရှိတဲ့ မည်သည့်စီးပွားရေး လုပ်ငန်းမဆို ကန့်ကွက်ပိတ်ဆို့မှု့များကို မပြုလုပ်ပဲ ထိုသူတို့ရဲ့ လုပ်ငန်းလည်ပတ်ခြင်းများ(သို့)ထုတ်လုပ်မှု့များကို အခြေချနိုင်အောင် ထောက်ပံ့ပေးလျက်ရှိရာ ထိုသူတွေအနေနဲ့ ကုန်ပစ္စည်းများကိုသာ တင်သွင်းမည် ဆိုပါကလည်း နိုင်ငံအတွင်း ရင်နှီးမြုတ်နှံသူတွေလို လိုက်နာသင့်ကြောင်းနှင့် ပြည်တွင်းထုတ်လုပ်သူတွေမှာလည်း ပြည်တွင်းလုပ်ငန်းဖြစ်ရခြင်းအတွက် အပြစ်ပေးခံရတဲ့ အနေအထားမျိုး မဖြစ်သင့်ကြောင်းပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့အသင်းရဲ့အဓိကရည်ရွယ်ချက်ကနိုင်ငံအတွင်းပြည်တွင်း ထုတ်လုပ်သူ လုပ်ငန်းရှင်များအနေနဲ့ တန်းတူရည်တူယှဉ်ပြိုင်မှု "Level Playing Field"အခွင့်အရေးများရရှိစေပြီး ပြည်တွင်းအရက် ထုတ်လုပ်ရောင်းချမှု လုပ်ငန်းနယ်ပယ် အဆင့်မြှင့်တင်နိုင်စေရန်အတွက် ရည်ရွယ်ချက်ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။


ထိုကဲ့သို့ပြုလုပ်ရခြင်းက ကျွန်တော်တို့ရဲ့နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံသူ ကုမ္ပဏီများအနေနဲ့ မျှတသောစီးပွားရေးနယ်ပယ်တစ်ခု ဖြစ်စေလိုသည့် ခံယူချက်ကြောင့်ဖြစ်ပါတယ်။

 

Read More >>>>> ျမန္မာႏိုင္ငံရဲ ႔ ပထမဦးဆံုး MSME Expo 2020 က်င္းပမည္


အသင်းအနေနဲ့ ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဖြစ်စေ၊ ဒါမှမဟုတ် နိုင်ငံအတွင်း ထုတ်လုပ်ရောင်းချမှုများကို ကြိုဆိုလက်ခံလျက် ရှိပါတယ်။ ထိုသူတွေအနေနဲ့လည်း စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်တဲ့နေရာမှာ နိုင်ငံတော်ကပြဌာန်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ညီမျှစွာယှဉ်ပြိုင်ခြင်းဖြင့် အကျိုးစီးပွားကို လုပ်ကိုင်သင့်တယ်လို့ ခံစားမိပါတယ်"ဟု MLA ၏ဥက္ကဌဖြစ်သူ ဦးစိုးလွင် မှပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းတွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးဝင်းသော်ကလည်း "ကျွန်တော်တို့မြင်ရတဲ့ အဓိက အကြောင်းအရာက တင်သွင်းမှု့ဥပဒေ တင်းကြပ်တဲ့နေရာတွေမှာ တရားမဝင်မှောင်ခိုဈေးကွက်ကို ဟန့်တားနိုင်ခြင်း သိပ်မရှိသေးတာကို တွေ့ရတယ်။ ဒါ့ကြောင့် ဝိုင်လိုမျိုးမှောင်ခိုဈေးကွက် အခြေအနေကို မဖြေရှင်းနိုင်တဲ့အပြင် နယ်စပ်ကနေတစ်ဆင့် အခွန်အခတွေ မပေးဆောင်ဘဲ မှောင်ခိုတင်သွင်းနေတာ တွေ့နေရပါတယ်။ ထုတ်ကုန်ပဲဖြစ်ဖြစ် ၊ သွင်းကုန်ပဲဖြစ်ဖြစ် အခြေအနေတွေအားလုံးက တသမတ်တည်းနဲ့ တန်းတူညီမျှမှုရှိဖို့လိုအပ်ပါတယ်။


သို့မှသာဈေးကွက်အတွင်းမှာ အခွန်ပေးဆောင်တဲ့ ပြည်တွင်းထုတ်လုပ်သူတွေနဲ့ရောင်းချသူတွေအတွက် မျှတတဲ့ယှဉ်ပြိုင်မှုမျိုးဖြစ်လာပြီးရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ် “ဟု ပြောကြားခဲ့ပါတယ်။


နိုင်ငံတော်အစိုးရအနေဖြင့် ဤမှောင်ခိုဈေးကွက်ဖြစ်ထွန်းနေမှုအား ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းစေချင်ပြီးလုပ်ငန်း နယ်ပယ်၌ ပြည်တွင်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများနှင့် နိုင်ငံတကာမှ တင်သွင်းရောင်းချသည့်လုပ်ငန်းများကိုပါ အပြန်အလှန် အကျိုး သက်ရောက်စေမည့် အခွန်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ထိရောက်သော ယှဉ်ပြိုင်မှု့မျိုးကို ဖြစ်စေလိုကြောင်း၊ သို့မှသာ ယှဉ်ပြိုင်မှုက တရားမျှတမှာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။


အရက်ချက်လုပ်သည့်လုပ်ငန်းအနေဖြင့် နှစ်စဉ် အခွန်ပမာဏ၂၅ %မှ ၃၀ % အထိ တိုးမြှင့်ပေးဆောင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ စည်းကြပ်နှစ်အတွက် ကျပ်ဘီလီယံ (၂၀၀) အထိ ပေးဆောင်လျက်ရှိကြောင်း သိရပါတယ်။


မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း (MLA)က  အရက်ထုတ်လုပ်တဲ့ လုပ်ငန်း လုပ်ကိုင်သူပြည်တွင်း လုပ်ငန်းရှင်များဖြင့်၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းပြီး ယခုအချိန်တွင် အသင်းဝင် (၂၅၀)ဦးခန့်ဖြင့် ရပ်တည်ကာ ဝန်ထမ်းအင်အားပေါင်း ၃၀,၀၀၀ ခန့်ကို ခန့်အပ်ထားကြောင်းသိရပါတယ်။


#MFID

 

 

ျမန္မာႏိုင္ငံယမကာထုတ္လုပ္ျဖန္႔ျဖဴးသူမ်ားအသင္းကျမန္မာႏိုင္ငံရိွ စီးပြားေရးလုပ္ငန္းမ်ားအား တန္းတူညီမၽွေသာ ယွဥ္ၿပိဳင္မႈအခြင့္ အေရးရရိွရန္ လိုလား

ျမန္မာႏိုင္ငံယမကာထုတ္လုပ္ျဖန္႔ျဖဴးသူမ်ားအသင္း (MLA)မွျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲကို ဇန္နဝါရီ (၁၃)ရက္ေန႔ ေန႔လည္ပိုင္းက ရန္ကုန္ၿမိဳ႕ ဆူးေလရွန္ဂရီလာ ဟိုတယ္တြင္ က်င္းပျပဳလုပ္ခဲ့ပါတယ္။

 

အဆိုပါသတင္းစာရွင္းလင္းပြဲတြင္ ျမန္မာႏိုင္ငံ ယမကာထုတ္လုပ္ျဖန္႔ျဖဴး သူမ်ားအသင္း(MLA)အေနနဲ႔ ျပည္တြင္းယမကာ ထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္း အဆင့္ျမႇင့္တင္ႏိုင္ေစဖို႔ ေဆာင္ရြက္လ်က္ရိွပါတယ္။

 

ထိုသို႔ေဆာင္ရြက္ရာ၌ ၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံမွာ စတင္အေကာင္အထည္ေဖာ္ရန္ ဆႏၵရိွတဲ့ မည္သည့္စီးပြားေရး လုပ္ငန္းမဆို ကန္႔ကြက္ပိတ္ဆို႔မႈ့မ်ားကို မျပဳလုပ္ပဲ ထိုသူတို႔ရဲ႕ လုပ္ငန္းလည္ပတ္ျခင္းမ်ား(သို႔)ထုတ္လုပ္မႈ့မ်ားကို အေျခခ်ႏိုင္ေအာင္ ေထာက္ပံ့ေပးလ်က္ရိွရာ ထိုသူေတြအေနနဲ႔ ကုန္ပစၥည္းမ်ားကိုသာ တင္သြင္းမည္ ဆိုပါကလည္း ႏိုင္ငံအတြင္း ရင္ႏွီးျမဳတ္ႏွံသူေတြလို လိုက္နာသင့္ေၾကာင္းႏွင့္ ျပည္တြင္းထုတ္လုပ္သူေတြမွာလည္း ျပည္တြင္းလုပ္ငန္းျဖစ္ရျခင္းအတြက္ အျပစ္ေပးခံရတဲ့ အေနအထားမ်ိဳး မျဖစ္သင့္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

 

"ကၽြန္ေတာ္တို႔အသင္းရဲ႕အဓိကရည္ရြယ္ခ်က္ကႏိုင္ငံအတြင္းျပည္တြင္း ထုတ္လုပ္သူ လုပ္ငန္းရွင္မ်ားအေနနဲ႔ တန္းတူရည္တူယွဥ္ၿပိဳင္မႈ "Level Playing Field"အခြင့္အေရးမ်ားရရိွေစၿပီး ျပည္တြင္းအရက္ ထုတ္လုပ္ေရာင္းခ်မႈ လုပ္ငန္းနယ္ပယ္ အဆင့္ျမႇင့္တင္ႏိုင္ေစရန္အတြက္ ရည္ရြယ္ခ်က္ထားၿပီး ေဆာင္ရြက္လ်က္ရိွပါတယ္။

 

ထိုကဲ့သို႔ျပဳလုပ္ရျခင္းက ကၽြန္ေတာ္တို႔ရဲ႕ႏိုင္ငံအတြင္း ရင္းႏွီးျမဳပ္ႏွံသူ ကုမၸဏီမ်ားအေနနဲ႔ မွ်တေသာစီးပြားေရးနယ္ပယ္တစ္ခု ျဖစ္ေစလိုသည့္ ခံယူခ်က္ေၾကာင့္ျဖစ္ပါတယ္။

 

Read More >>>>> ျမန္မာႏိုင္ငံရဲ ႔ ပထမဦးဆံုး MSME Expo 2020 က်င္းပမည္

 

အသင္းအေနနဲ႔ ျပည္တြင္းတြင္ ထုတ္လုပ္ေရာင္းခ်တဲ့ လုပ္ငန္းျဖစ္ေစ၊ ဒါမွမဟုတ္ ႏိုင္ငံအတြင္း ထုတ္လုပ္ေရာင္းခ်မႈမ်ားကို ႀကိဳဆိုလက္ခံလ်က္ ရိွပါတယ္။ ထိုသူေတြအေနနဲ႔လည္း စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ကိုင္တဲ့ေနရာမွာ ႏိုင္ငံေတာ္ကျပဌာန္းတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၿပီး ညီမၽွစြာယွဥ္ၿပိဳင္ျခင္းျဖင့္ အက်ိဳးစီးပြားကို လုပ္ကိုင္သင့္တယ္လို႔ ခံစားမိပါတယ္"ဟု MLA ၏ဥကၠဌျဖစ္သူ ဦးစိုးလြင္ မွေျပာၾကားခဲ့ပါတယ္။

 

ျမန္မာႏိုင္ငံယမကာထုတ္လုပ္ျဖန္႕ျဖဴးသူမ်ားအသင္းတြဲဖက္အတြင္းေရးမွဴးျဖစ္သူ ဦး၀င္းေသာ္ကလည္း "ကၽြန္ေတာ္တို႕ျမင္ရတဲ့ အဓိက အေၾကာင္းအရာက တင္သြင္းမႈ့ဥပေဒ တင္းၾကပ္တဲ့ေနရာေတြမွာ တရားမ၀င္ေမွာင္ခိုေစ်းကြက္ကို ဟန္႕တားႏိုင္ျခင္း သိပ္မရွိေသးတာကို ေတြ႕ရတယ္။ ဒါ့ေၾကာင့္ ဝိုင္လိုမ်ိဳးေမွာင္ခိုေစ်းကြက္ အေျခအေနကို မေျဖရွင္းႏိုင္တဲ့အျပင္ နယ္စပ္ကေနတစ္ဆင့္ အခြန္အခေတြ မေပးေဆာင္ဘဲ ေမွာင္ခိုတင္သြင္းေနတာ ေတြ႕ေနရပါတယ္။ ထုတ္ကုန္ပဲျဖစ္ျဖစ္ ၊ သြင္းကုန္ပဲျဖစ္ျဖစ္ အေျခအေနေတြအားလုံးက တသမတ္တည္းနဲ႕ တန္းတူညီမွ်မႈရွိဖို႕လိုအပ္ပါတယ္။

 

သုိ႕မွသာေစ်းကြက္အတြင္းမွာ အခြန္ေပးေဆာင္တဲ့ ျပည္တြင္းထုတ္လုပ္သူေတြနဲ႕ေရာင္းခ်သူေတြအတြက္ မွ်တတဲ့ယွဥ္ၿပိဳင္မႈမ်ိဳးျဖစ္လာၿပီးေရွ႕ဆက္ႏိုင္မွာ ျဖစ္ပါတယ္ “ဟု ​ေျပာၾကားခဲ့ပါတယ္။

 

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ဤေမွာင္ခိုေစ်းကြက္ျဖစ္ထြန္းေနမႈအား ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းေစခ်င္ၿပီးလုပ္ငန္း နယ္ပယ္၌ ျပည္တြင္းထုတ္လုပ္ေရာင္းခ်သည့္လုပ္ငန္းမ်ားႏွင့္ ႏိုင္ငံတကာမွ တင္သြင္းေရာင္းခ်သည့္လုပ္ငန္းမ်ားကိုပါ အျပန္အလွန္ အက်ိဳး သက္ေရာက္ေစမည့္ အခြန္ဆိုင္ရာစည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာၿပီး ထိေရာက္ေသာ ယွဥ္ၿပိဳင္မႈ့မ်ိဳးကို ျဖစ္ေစလိုေၾကာင္း၊ သို႔မွသာ ယွဥ္ၿပိဳင္မႈက တရားမွ်တမွာျဖစ္ေၾကာင္း ထပ္မံေျပာၾကားခဲ့ပါတယ္။

 

အရက္ခ်က္လုပ္သည့္လုပ္ငန္းအေနျဖင့္ နွစ္စဥ္ အခြန္ပမာဏ၂၅ %မွ ၃၀ % အထိ တိုးျမွင့္ေပးေဆာင္ခဲ့ျပီး ၂၀၁၉-၂၀၂၀ စည္းၾကပ္နွစ္အတြက္ က်ပ္ဘီလီယံ (၂၀၀) အထိ ေပးေဆာင္လ်က္ရိွေၾကာင္း သိရပါတယ္။

 

ျမန္မာနိုင္ငံယမကာထုတ္လုပ္ျဖန္႔ျဖဴးသူမ်ားအသင္း (MLA)က  အရက္ထုတ္လုပ္တဲ့ လုပ္ငန္း လုပ္ကိုင္သူျပည္တြင္း လုပ္ငန္းရွင္မ်ားျဖင့္၂၀၁၄ ခုႏွစ္က စတင္ဖြဲ႔စည္းျပီး ယခုအခ်ိန္တြင္ အသင္းဝင္ (၂၅၀)ဦးခန္႔ျဖင့္ ရပ္တည္ကာ ဝန္ထမ္းအင္အားေပါင္း ၃၀,၀၀၀ ခန္႔ကို ခန္႔အပ္ထားေၾကာင္းသိရပါတယ္။

 

#MFID

 

Read times Last modified on Thursday, 30 January 2020 14:51
Rate this item
(0 votes)