Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဖရဲသီးပေါ်တဲ့ ရာသီဖြစ်တာကြောင့် မူဆယ်ဖရဲဈေးနှုန်းများ ကျဆင်းလာ

တရုတ်နိုင်ငံမှာ ဖရဲသီးထွက်ပေါ်ချိန် ဖြစ်တာကြောင့် မူဆယ်မှာ ဖရဲသီးဈေးနှုန်းများ စတင် ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပါတယ်။

 

သင်္ကြန်မတိုင်မီက ဖရဲသီးကားတစ်စီးကို တရုတ်ယွမ် လေးသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိရာမှ ယခုအခါ ယွမ်သုံးသောင်းဝန်းကျင်သာ ပေါက်ဈေးရှိနေပါတယ်။

 

ဦးနိုင်ဝင်းက သင်္ကြန်မတိုင်ခင်ကလောက် ရောင်းအားမကောင်းဘူး။ သူတို့ဆီမှာ ဖရဲသီးတွေ ပေါ်လာပြီဖြစ်လို့ ဈေးကွက်က နောက်ပိုင်းအေးတော့မှာပါ။ မနှစ်ကလည်း ဈေးကွက်အေးတာပါပဲ။ ဇွန်လဆိုရင်တော့ တင်လို့ရတော့မှာ မဟုတ်ဘူး။

 

ရှမ်းဘက်ကအသီးတွေ ဈေးကွက်ကျမှာ စိုးရိမ်ပြီးတော့ မှည့်ခါနီးအသီးတွေ ခူးတင်တဲ့အတွက် ဈေးကွက်ကပိုအေးသွားတာပါ။

 

Read More >>>>>  သရက်သီးအခွံပါစားခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ

 

ဒါပေမယ့် ကသာနဲ့ ကောလင်းဒေသထွက် အသီးတွေကတော့ အရည်အသွေးမီပေမယ့် ဈေးကွက်ထဲမှာ ဈေးနှုန်းကျလာတယ်။ ဒါကလည်း သင်္ကြန်ပြီးရင် အမြဲဖြစ်နေကြပါပဲ လို့ပြောပါတယ်။

 

မူဆယ်ကို ဖရဲသီးတင်ပို့တဲ့ ဈေးကွက်ဟာ မေလအထိ နောက်ဆုံးဖြစ်ပြီး အောက်တိုဘာလမှ ပြန်လည်စတင်လေ့ရှိပြီး လတ်တလောမှာ သခွားမွှေးများ ဈေးကောင်းရရှိနေပါတယ်။ လက်ရှိ သခွားမွှေးတစ်တန်ကို ယွမ် ၆၀၀၀ ဈေးနှုန်းရှိနေပြီး ဈေးနှုန်းဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။

 

ဦးနိုင်ဝင်းက သခွားမွှေးကတော့ ဈေးကောင်းတယ်။ ဝင်တဲ့ကားအစီးရေလည်း နည်းသွားပြီ။ တစ်ရက်မှ ကားအစီးရေ ၁၀၀ အောက်ပဲ ဝင်တဲ့အတွက် သခွားမွှေးကတော့ ဈေးကောင်းပါတယ်။ အခု ဈေးကျနေတဲ့ အခြေအနေမှာတောင် သင်္ကြန်မတိုင်မီက ဈေးနှုန်းအတိုင်းရနေတယ်လို့ ပြောပါတယ်။

 

Source: Myawaddy

Read times Last modified on Friday, 19 April 2019 11:42
Rate this item
(1 Vote)