Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

ယခုကဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း JICA ( Two Step Loan ) ချေးငွေဖြင့် တောင်သူများ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ အသုံးပြုနိုင်ရန် ငွေကျပ်သန်း (၂၁) ထုတ်ချေးပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲနှင့် JICA တို့ ပူးပေါင်းပြီး တောင်သူများ၏ လုပ်ငန်းများ လျင်မြန် ချောမွေ့ပြီး တွင်ကျယ်လာစေရန်အတွက် လယ်ယာသုံးစက်ကိရိယာများ ဖြစ်သော ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် တခြားလယ်ယာသုံး စက်ကိရိယာများကို တောင်သူများ လိုအပ်သည့် စက်အမျိုးအစားအလိုက် ဝယ်ယူ အသုံးပြုနိုင်ရန် ဩဂုတ်လမှစ၍ ထုတ်ချေးပေးခဲ့သည်ဟု ဆိုသည်။

 

ထိုသို့ လယ်ယာသုံး စက်ကိရိယာများကို တောင်သူများ အသုံးပြုနိုင်ရန် ချေးငွေထုတ်ချေးပေးနေသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှာ စဉ့်ကူးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မြစ်သားမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့ ဖြစ်သည်။

 

Advertisement

Click Here > Asia General Holding

 

"မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ တောင်သူတွေကို လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ကို အသွင်ကူးပြောင်းလာနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီ ပံ့ပိုးပေးနေတာပါ။ အတိုးနှုန်း သက်သာစွာနဲ့ ချေးပေးနေတာပါ။ တောင်သူတစ်ယောက်ကို အများဆုံး ငွေကျပ် သိန်း (၇၀၀) ထိ ခွင့်ပြုပေးထားပါတယ်။ 

 

တောင်သူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ အဆင်ပြေစွာ အသုံးပြုနိုင်မယ့် လိုအပ်တဲ့ စက်အမျိုးအစားကို ဝယ်ယူ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနေတာပါ။ လက်ရှိ မြို့နယ်နှစ်မြို့နယ်မှာ ရိတ်ခြွေလှေ့စက် တစ်စီးရယ်၊ ထွန်စက်ကြီး နှစ်စီးရည်ကို ဝယ်ယူ အသုံးပြုနိုင်ဖို့ ချေးပေးပြီးပါပြီ" ဟု တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။

 

အဆိုပါ လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူ အသုံးပြုနိုင်သည့်အတွက် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာလုပ်ငန်းခွင်များတွင် စိုက်ပျိုး ရိတ်သိိမ်းမှုများကို အချိန်တိုကာလအတွင်း ဆောင်ရွက်နိုင်သည့်အပြင် စိုက်ချိန်ပျိုးချိန်လည်း အချိန်မီ စိုက်ပျိုးနိုင်မည် ဖြစ်သည်။ 

 

Published in Food & Livestock

ထိုင်းနိုင်ငံမြောက်ပိုင်း ကာလဆင်ပြည်နယ်ရှိ လယ်သမားတစ်ဦးသည် “ Big Billion “ ဟု ခေါ်သည့် ရေကျွဲတစ်ကောင်၏ သုတ်ရည်များကို ရောင်းချခြင်းဖြင့် လစဉ်လတိုင်း ထိုင်းဘတ်ငွေ (၁) သန်း မြန်မာငွေအားဖြင့် သိန်း (၆၀၀) ကျော် ရရှိနေကြောင်း သိရသည်။

 

အဆိုပါကျွဲကို Kham Bong ပြည်နယ် မြို့တော်ဝန်ဖြစ်သည့် Mongkol Mongphet က မွေးမြူထားခြင်း ဖြစ်ပြီး Mongkol က အဆိုပါ ဘီလီယံနှင့် ချီသည့် “ Big Billion “ ၏ သုက်ရည်အား ရောင်းချခြင်းဖြင့် ဝင်ငွေများစွာ ရရှိနေသော်လည်း ၎င်းသည် လက်ရှိတွင် လယ်ယာလုပ်ကိုင်နေသည့် တိရစ္ဆာန်တစ်ကောင်လည်း ဖြစ်ကြောင်း ပြောသည်။

 

ရေကျွဲ ( ထိုင်းအခေါ် Kwai ) မွေးမြူရေး လုပ်ကိုင်သူများသည် ဘတ် (၃၀) တန် “ Big Billion “ ၏ သုတ်ရည်ကို နိုင်ငံတစ်ဝှမ်း ဈေးအမြောက်အမြား ပေး၍ ဝယ်ယူနေကြသည်။ ထိုသို့ ဝယ်ယူကြခြင်းမှာ  “ Big Billion “ ၏ သုတ်ရည်နှင့် ကျွဲမများတွင် မျိုးပွားပြီး ဖခင်ကဲ့သို့ လှပပြီး သန်းနှင့်ချီတန်သည့် ကျွဲမျိုးဆက်သစ် မွေးမြူ ထုတ်လုပ်နိုင်ရန်အတွက် ဖြစ်သည်။

 

“ Big Billion “ သည် အရည်အချင်းများစွာ ရှိသော တိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ Mongkol က ၎င်းကို ကုန်ကျစရိတ်မရှိသည့် 'ထွန်စက်' ဟု ခိုင်းနှိုင်းပြီး ၎င်း၏ အညစ်အကြေးများကို မြေဩဇာအဖြစ် အသုံးချနိုင်ကြောင်း ပြောသည်။ ဈေးကြီးပြီး ကျန်းမာရေးနှင့် မညီညွတ်သော ဓာတုပစ္စည်းများအစား စပါးနှင့် သီးနှံများကို အာဟာရဖြစ်စေသော မြေသြဇာအဖြစ် ယင်းအညစ်အကြေးကို အသုံးပြုနိုင်သည်ဟု ဆိုသည်။

 

သို့ရာတွင် ထိုင်းနိုင်ငံတွင် ကျွဲများကို လယ်ယာလုပ်ငန်းတွင် အသုံးပြုလေ့ မရှိဘဲ ၎င်းတို့၏ လှပမှုနှင့် ကြံ့ခိုင်မှုအတွက် မွေးမြူကြပြီး ထိုင်းနိုင်ငံ၏ ကျွဲပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်စေသည်။ ကျွဲပွဲတော်များတွင် အနိုင်ရသော ကျွဲများကို ဘတ်သန်းပေါင်းများစွာဖြင့် လေလံတင် ရောင်းချကြသည်။

 

Asia Pacific Inspection Agency

Asia Pacific Inspection Agency

 

ကျွဲပိုင်ရှင်ဖြစ်သူ Mongkol က ၎င်းမိသားစုသည် ကျွဲကို မျိုးဆက်ပေါင်းများစွာ မွေးမြူထားသည်ဟု ဆိုသည်။ မွေးဖွားလာစဉ်ကတည်းက Mongkol သည် မိသားစုအလုပ်အတွက် ကျွဲများကို မွေးမြူခဲ့ပြီး သားသမီးများအား ကျောင်းပို့နိုင်ရန် ပိုက်ဆံရှာရာတွင် ကျွဲများကို ရောင်းစားခဲ့ကြောင်း ပြောသည်။

 

Mongkol ၏ အဆိုအရ ထိုင်းနိုင်ငံမှ ရွာသားအများစုသည် ကျွဲများထက် ပိုမို မြန်ဆန်သည့် လယ်ထွန်စက်များကို အသုံးပြုလာကြပြီး ကျွဲများမှ ရရှိသည့် အညစ်အကြေး မြေဩဇာထက် ဓာတုမကင်းလွတ်သည့် ဓာတ်မြေဩဇာများကို ရွေးချယ် အသုံးပြုကြသောကြောင့် ထိုင်းလူ့အဖွဲ့အစည်းတွင် ကျွဲများ၏ အခန်းကဏ္ဍသည် ကျဆင်းလာနေကြောင်း သိရသည်။

 

မိသားစု အစဉ်အဆက် ကျွဲများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာသဖြင့် ၎င်းတို့နှင့် ရင်းနှီးစွာ နေထိုင်ကြောင်းနှင့် ကျွဲများသည် ယဉ်ပါးသော တိရစ္ဆာန်များဖြစ်ကာ မွေးမြူရ လွယ်ကူပြီး နွားများထက် ရောဂါဒဏ် ပိုခံနိုင်သည်ဟု Mongkol က ဆိုသည်။

 

လက်ရှိတွင် မွေးမြူထားသည့် ကျွဲကောင်ရေ (၂၀) ကျော် ရှိသော်လည်း “ Big Billion “ သည် အကောင်းဆုံးသော ကျွဲတစ်ကောင်ဖြစ်ကာ ယင်းအား လွန်ခဲ့သည့် (၆) နှစ်ခန့်က ကျွဲပြိုင်ပွဲတစ်ခုမှ ဘတ် (၅) သိန်းဖြင့် ဝယ်ယူ မွေးမြူခဲ့ခြင်း ဖြစ်သည်။ ကျွဲပြိုင်ပွဲတွင် လေလံတင် ရောင်းချသည့် ကျွဲများသည် ပုံမှန်အားဖြင့် ဘတ် (၄) သောင်းမှ (၅) သောင်းကြားသာ ရှိသည်။

 

ပြည်နယ်အဆင့် ကျွဲအလှပြိုင်ပွဲများတွင် Big Billion က အကြိမ်ကြိမ် အနိုင်ရရှိပြီးနောက်တွင် ၎င်းအား ဝယ်ယူလိုသူ များပြားလာခဲ့သည်။ Big Billion ကို ဝယ်ယူရန် ဘတ်ငွေ သန်း (၃၀) ထိ ကမ်းလှမ်းခဲ့သော်လည်း Mongkol က ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။ 

 

ထို့ကြောင့် နိုင်ငံတစ်ဝှမ်းရှိ မွေးမြူရေးသမားများသည် လစဉ် ဘတ်ငွေ (၁) သန်း ထုတ်ပေးနိုင်သည့် Big Billion ၏ သုက်ရည်ကို ဝယ်ယူလိုခြင်း ဖြစ်သည်။ ကာလဆင်ပြည်နယ် တစ်ဝိုက်တွင် ကျွဲမွေးမြူသူ (၃၅၀) ခန့် ရှိပြီး အချိန်ကာလ အတော်ကြာ ကျွဲမွေးမြူရေး ဈေးကွက် ပျက်နေရာမှ ယခုအချိန်တွင် လူအများ ပြန်လည် စိတ်ဝင်စားလာကြကြောင်း သိရသည်။

 

Asia Power Quality Electric Co

Astir Power Co., Ltd. 

 

ပြည်နယ်အတွင်းမှ Big Billion ၏ သုတ်ရည်ကို ဝယ်ယူခဲ့သည့် လယ်သမားတစ်ဦးဖြစ်သော အသက် ၃၆ နှစ်အရွယ် Prompong Pimphao က သားသတ်ရုံမှ ဘတ် ၂၀,၀၀၀ ဖြင့် Boonrod အမည်ရှိ ကျွဲမတစ်ကောင် ဝယ်ယူခဲ့ပြီး Big Billion ၏ သုတ်ရည်ဖြင့် ပေါင်းစပ် မျိုးပွားခဲ့ကြောင်း ဆိုသည်။

 

ထိုသို့ မျိုးစပ်ပြီးနောက် ကိုယ်ဝန်ဆောင်ချိန် ကာလအတွင်း Boonrad ၏ အသားအရေသည် ချောမွေ့ လှပလာပြီး ၎င်းအား ဘတ် (၂) သိန်းဖြင့် ဝယ်ယူလိုသူပင် ရှိခဲ့ကြောင်း Prompong က ပြောသည်။ Boonrad မှ Petch Puthai အမည်ရှိ ကျွဲထီးတစ်ကောင်ကို ဖွားမြင်ခဲ့ပြီး Big Billion အတိုင်း သန်မာ လှပကြောင်း သိရသည်။

 

ထိုအချိန်တွင် Boonrad နှင့် Petch Puthai အား ဝယ်ယူရန် တခြားလယ်သမားတစ်ဦးက ဘတ် (၅) သိန်းဖြင့် ထပ်မံ ကမ်းလှမ်းခဲ့သော်လည်း ပိုင်ရှင်ဖြစ်သည့် Prompong က မရောင်းပဲ Big Billion ကဲ့သို့ တန်ဖိုးရှိသည့် ကျွဲတစ်ကောင် ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင် မွေးမြူခဲ့သည်။

 

Big Billion ၏ သုတ်ရည်ကို ရောင်းချပြီး ပိုင်ရှင် Mongkol က လစဉ် ဘတ် (၁) သန်း ရရှိသည် နည်းတူ ၎င်းကျွဲကို မျိုးစပ်၍ မွေးဖွား အောင်မြင်လာသည့် ကျွဲများသည်လည်း နောင်တွင် တန်ဖိုးကြီးလာကာ ပိုင်ရှင်လယ်သမားများအနေဖြင့် ဝင်ငွေများစွာ ရရှိနိုင်သည်ဟု တွက်ဆနိုင်သည်။

 

ပြီးခဲ့သည့်နှစ် မတ်လတွင်လည်း ရှားပါးလှသည့် ကျွဲတစ်ကောင်ကို ဘတ်ငွေ (၂.၅) သန်းဖြင့် (၁၀) ကြိမ်မြောက် ထိုင်းနိုင်ငံ ကျွဲအလှပြိုင်ပွဲမှ လေလံတင် ရောင်းချခဲ့သေးကြောင်း သိရသည်။

 

Su Mon Oo

Source: https://thethaiger.com/

Published in Food & Livestock

ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် တောင်သူများသည် စားဝတ်နေရေး အဆင်ပြေစေရန် မိသားစုတစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက် ရှိကြရာ ယခုအခါ ကိုဗစ်ကာလ အကြပ်အတည်းတွင် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသော်လည်း ဈေးကွက်အခက်အခဲကြောင့် တောင်သူများမှာ အခက်အခဲကြုံတွေ့နေရသည်။

 

သီးနှံဈေးကွက် အခက်အခဲကြုံတွေ့နေရကြောင်းကို လင်ဖုံလေးကျေးရွာရှိ တောင်သူ ဦးခွန်မောင်သန်းက “ဒီရွာမှာ အဓိကလုပ်ကိုင်တာကတော့ ဟင်းသီးဟင်းရွက်သီးနှံတွေ အဓိကပေါ့။ မိုးချိန်ဆို တောင်ယာပြောင်း ပေါ့။ ဆောင်းချိန်တော့ သီးနှံပေါ့နော် ဒါတွေနဲ့လုပ်ကိုင်စားသောက်တယ်။ အဓိကကတော့ ကြက်သွန်၊ ခရမ်းချဉ်၊ ပန်းမှုံလာ၊ ဂေါ်ဖီထုပ်ပေါ့။ အရင်တုန်းကဈေးနှုန်းနဲ့ အခုကာလနဲ့ဆိုတော့ ဈေးနှုန်းကွာဟမှု ရှိပါတယ်။ အခုကိုဗစ်ကာလ သီးနှံဈေးနှုန်းလည်းမတည်မငြိမ် နောက်ဈေးသွားဈေးလာ အရောင်းအဝယ် လည်း အဆင်မပြေပါဘူး။ ကိုဗစ်မဖြစ်ခင်က သီးနှံရောင်းရလည်း အဆင်ပြေပါတယ်။ အခု ကိုဗစ်ကာလ စီးပွားရေးအခြေအနေကတော့ တော်တော်လေးကျဆင်းပါတယ်။ စီးပွားရေးအခက်အခဲတွေတော့ အများကြီး ရှိတယ်။ သီးနှံတွေရောင်းတော့လည်း ပွဲစားက မဝယ်လိုတော့ဘူး။ ဥပမာ (၁၀၀) ရောင်းစားရမယ့် အစား (၁၀)လောက်ပဲ ရောင်းစားရတယ်။ ရင်းနှီးထားတာနဲ့ အခုပေါက်တဲ့ဈေးနှုန်းနဲ့ မကိုက်တော့ အရင်းလောက်ပဲ ပြန်ရပြီး အမြတ်မရှိတာကြောင့် သက်ဆိုင်ရာအကြီးအကဲတွေက ဈေးကွက်ရှာပြီး ဆောင်ရွက်ပေးစေလို့ တယ်။ အရင် ကြက်သွန်ဈေးက ကျပ် (၃၀၀၀)လောက်ရတယ်။ ယခုကတော့ ကျပ် (၂၀၀၀) ဈေးပေါက်လည်း ဝယ်သမား မရှိဘူး” ဟု ပြောကြားခဲ့သည်။

 

နေ့စား လုပ်ကိုင်နေသည့် ဒေါ်နန်းညွှန့်ရင်က “ကိုဗစ်ရောဂါဝင်တဲ့ချိန်မှာ ဝင်ငွေက ကျပ် (၅၀၀၀)ရမယ့် အစား ကျပ် (၂၀၀၀) လောက်ပဲရတာပေါ့။ မိသားစုကလည်း များတဲ့အတွက်ဆို နည်းနည်းကြပ်တည်း တာပေါ့။ ကိုဗစ်ရောဂါ မြန်မြန်ပျောက်စေချင်တာဘာ။ ဖြစ်လို့လဲဆိုတော့ ရှာစားရတာလည်း လွယ်တာပေါ့။ မိသားစုများတဲ့အချိန်မှာ ဒီလိုမျိုး ကိုဗစ်မပျောက်နိုင်တဲ့အတွက်ဆိုရင်တော့ သားသမီးကလည်းများ အလုပ်လည်း မသွားနိုင်ဘူး။ နေ့တိုင်း အလုပ်မရှိဘူး” ဟု ပြောကြားခဲ့သည်။

 

လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာရှိ တောင်သူများသည် မိရိုးဖလာအသက်မွေး ဝမ်းကြောင်း​အဖြစ် စိုက်ပျိုးရေးလုပ်ငန်းအား မိသားစုတစ်ပိုင်တစ်နိုင် သီးနှံစိုက်ခင်းများ ထွန်ရက်စိုက်ပျိုးခဲ့​ကြသည်။ လင်ဖုံလေးကျေးရွာတွင် အပေါ်ရွာ အောက်ရွာပေါင်း အိမ်ခြေ (၃၀၀)ကျော်ရှိပြီး တစ်၀က်လောက် က လက်လုပ်လက်စားများဖြစ်ကြသည်။

 

By Myanmar Food Guide

Published in Myanmar

မွေးမြူရေးတောင်သူများအနေဖြင့် သက်ဆိုင်ရာထောက်ခံချက်ပါလျှင် မိမိတို့မွေးမြူထားသော ကျွဲ၊ နွားများကို တစ်ကြိမ်လျှင် (၅)ကောင်နှုန်းဖြင့် တိုင်းအတွင်း သယ်ယူခွင့်ရှိပြီး တောင်သူများထံက မည်သူမျှ ငွေကြေးတောင်းပိုင်ခွင့်မရှိကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

Published in Food & Livestock

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံအများစုတွင် (၂၀၂၀) ပြည့်နှစ် မိုးရာသီအတွင်း စီးဝင်ရေ ပမာဏမှာ ယခင်နှစ်များက ကာလတူပမာဏထက် နည်းပါးလျက်ရှိသည့်အတွက် သိုလှောင်ရေပမာဏ မှာလည်း လျော့နည်းကျဆင်းလျက် ရှိပါသည်။

Published in Myanmar

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန မှ CERP (ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်) အရ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ဩဂုတ်လ ၂၀ရက်နေ့ နံနက်(၉) နာရီမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Published in Myanmar

မြန်မာ့ စိုက်ပျိုးရေး နှင့်တိုးတက်ဖွံ့ဖြိုးရေးဘဏ် ( MADB ) မှ မြန်မာ အစိုးရရဲ့ ငွေကြေးနှင့်စက်မှု့လက်မှု့ပိုင်းဆိုင်ရာ အတည်ပြုမှု့ကို ရယူပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တောင်သူလယ်သမား မည်သူမဆို ကိုဗစ်ကာလ မှာ သီးပင်စားပင်စိုက်ပျိုးရာတွင် အခက်အခဲကင်းစေရန်ရယ်ရွယ်ကာ တောင်သူတို့အား ချေးငွေ ၅ သောင်း သတ်မှတ်ချထားပေးမယ်လို့ မြန်မာ့ စိုက်ပျိုးရေး နှင့်တိုးတက်ဖွံ့ဖြိုးရေးဘဏ် မှ ဥက္ကဌ ဦးမင်းသူ ကပြောကြားသွားခဲ့ပါတယ်။

Published in Food & Livestock

၂ဝ၁၉  ခုနှစ်အတွင်း  ဧရာဝတီတိုင်း ဒေသကြီး  မော်လမြိုင်ကျွန်းမြို့နယ်၌  နွေစပါးဧက  ၁၃ဝဝဝဝ  ကျော်  စိုက်ပျိုးရန်


 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ နယ်၊ ဖျာပုံမြို့  ဘဲဥဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ဘဲဥဈေး


ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိ ဒေသခံ တိုင်းရင်းသားများ အနေဖြင့် ယခုနှစ် လက်ဖက်ညွန့် ထွက်ချိန်တွင်

Page 1 of 2