Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

ယနေ့ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ရောဂါကြောင့်လူမှုရေး၊ စီးပွားရေးရိုက်ခတ်မှုများ ရှိနေပါသည်။ ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့်ကမ္ဘာတစ်ဝန်းရှိ လူဦးရေ အများအပြားမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးလျက် လူမှုစီးပွားရေးနယ်ပယ်တွင် ထိခိုက်နစ်နာမှု အလွန်များပြားနေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံ များနည်းတူ ကိုဗစ်- ၁၉ ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို တိုင်းသူပြည်သား၊ တောင်သူလယ်သမားများပါ ခံစားနေရလျက်ရှိပါသည်။

Published in Food & Livestock

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင်ဆယ်စုနှစ် တစ်ခုကျော် အကြာ ရွာစဉ်တစ်လျှောက် နယ်လှည့်ရောင်းချနေသည့် Mobile team ငါးရောင်းသူများမှာ လက်ရှိတွင် တစ်ကြိမ် တစ်ခါမှ မကြုံဖူးသေးသည့် ကပ်ဘေးဖြစ်နေသော ကာလတွင်ကန့်သတ်ချက် အချို့ရှိလာသည့်အတွက် ကျေးရွာများတွင် ငါးရောင်းချရာတွင် အခက်အခဲများနှင့်ကြုံတွေ့နေရသည်ဟု ငါးလှည့်လည် ရောင်းချနေသူ တစ်ချို့ထံမှ သိရသည်။

 

မြိတ်ခရိုင်အတွင်း မြိတ်မြို့နှင့်အလှမ်းကွာဝေးသည့် ပုလော၊ တနင်္သာရီ မြို့နယ်တို့ရှိကျေးရွာများသို့ ဆိုင်ကယ်ဘေးဝဲ/ယာတစ်ဖက်စီတွင် ဖြတ်တောက်ထားသော ငါးဂါလံဝင်ဆံ့သည့် ပုံးလေးလုံးအားချိတ်ဆွဲပြီး နယ်လှည့် Mobile team ငါးရောင်းချနေသော ဈေးသည်များမှာ အရင်းကပါလာသည့်ငါးများ ရောင်းကုန်ခဲ့သော်လည်း ယခုလက်ရှိတွင်နေ့စဉ် နီးပါး ရောင်းမကုန်တာမျိုးရှိလာသောကြောင့် နယ်လှည့်ငါးရောင်းချနေသော ဈေးသည်များအခက်ကြုံ တွေ့နေရသည်။

 

"ကျွန်တော် ငါးရောင်းလာတဲ့ သက်တမ်းတစ် လျှောက်မှာဒီတစ်ခါကတော့ အဆိုးဆုံးပါပဲ၊ လက်ရှိကြုံတွေ့နေရတာက ကိုဗစ် ၁၉ ရောဂါကြောက်လို့ ရွာတွေကလမ်းကြောင်းတွေ ပိတ်ထားတယ်။ ပေးဝင်တဲ့ရွာရှိသလို ပေးမဝင်တဲ့ရွာတွေလည်း ရှိတယ်။ ပေးမဝင်တဲ့ရွာတွေမှာကျတော့ လမ်းဘေးမှာရောင်းရတယ်၊ ကိုယ်ဖောက်သည်တစ်ချို့ကတော့ လာစောင့်ပြီးဝယ်တယ်။ ဝယ်တဲ့သူကအရင်က ထက်နည်းသွားပါတယ်။ ၁၀ ဉီးမှာ နှစ်ဉီးလောက်ပဲ လာဝယ်ကြတယ်။ အလုပ်သမားတွေမှာလည်း လုပ်ငန်းခွင်ကမရှိ၊ စားဝတ်နေရေးအတွက် ဝယ်စားစရာ ပိုက်ဆံကလည်း မရှိကြဘူး၊ သူတို့မှာလည်း ဒုက္ခရောက်နေပါတယ်။ ကျနော်တို့လည်းရောင်းမကုန်တော့ အခက်တွေ့နေပါတယ်။ အခုကလမ်းဘေးမှာပဲ စောင့်ရောင်းနေရတဲ့ ပုံစံဖြစ်နေတယ်။ တစ်ရွာဝင် တစ်ရွာထွက် လှည့်လည် ရောင်းချနေတဲ့ ငါးဈေးသည်တွေအနေနဲ့ အခုလိုမျိုး ရောင်းအား ကျဆင်းတဲ့ အဖြစ်မျိုး တစ်ခါမှ မကြုံဖူးသေးတာကြောင့် အဆင်မပြေမှုတွေ အရင်ကထက် ပိုများလာတယ် " ဟုမြိတ်မြို့မှ ငါးလှည့်လည် ရောင်းချနေသူ ဉီးအောင်စိုးဦးက ပြောခဲ့သည်။

 

မြိတ်မြို့နှင့်ပုလောမြို့နယ်တို့တွင် ကိုဗစ်ရောဂါ ပိုးကူးစက်မှုအချို့ စတင်တွေ့ရှိလာပြီးနောက် ဒေသခံ ပြည်သူတွေ အကြား စိုးရိမ်မှုတွေ မြင့်တက်လာနေတာကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ကန့်သတ်ချက်တွေ ရှိလာပြီးကျေး ရွာအချို့မှာရွာအတွင်းသို့ အဝင်မခံသည့်အတွက် ရွာပြင်တွင်သာ ရောင်းချနေရပြီး ငါးရောင်းသည့်ဈေးသည်များ များပြားလာသောကြောင့် အရင်ကနှစ်ချင်း ရောင်းကုန်သော်လည်း လက်ရှိတွင် တစ်ချင်းသာ ရောင်းကုန်သည့်အတွက် ကျန်နေသည်ငါးများမှာ ဆုံးရှုံးမှုများရှိနေသည်။

 

" အခုလို နယ်လှည့် ငါးရောင်းချနေတဲ့ သူတွေ အနေနဲ့ အရင်က တစ်ရွာဝင်တစ်ရွာထွက် ရောင်းနေရာက လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာလမှာတစ်ချို့ရွာတွေ့က အဝင်မခံလို့ ငါးရောင်းနေတဲ့ ဈေးသည်တွေမှာ အရှုံးပေါ်နေပါတယ်" ဟု ငါးရောင်းနေသူ ကိုဆန်းလင်းအောင်က ပြောသည်။

 

မြိတ်၊ ပုလော၊ တနင်္သာရီမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် ရွာစဉ်တစ်လျှောက် နယ်လှည့် Mobile team ငါးရောင်းချနေသော ဈေးသည်များမှာ တစ်နေ့လျှင် ဆိုင်ကယ်အစီးပေါင်း(၁၀၀) ကျော်ခန့်သွားရောက် ရောင်းချနေကြသည်လို့ သိရသည်။

 

ထိုရောင်းချနေသော ငါးများမှာလည်း ရေရှည်ထား၍ မရသည့်အတွက် ရောင်းမကုန်သော ရက်များ၌ဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး ကိုဗစ် ၁၉ ကာလမှာလည်း မည့်သည့်အချိန်တွင် ပြီးဆုံးမည်ကိုမသိရသည့်အတွက် နယ်လှည့်ငါးရောင်းချနေသူတို့ အနေဖြင့် စိန်ခေါ်မှု အခက်အခဲများ ကြုံတွေ့နေရသည် လို့ နယ်လှည့်ငါးရောင်းချနေသော ဈေးသည်အချို့ထံမှ သိရသည်။

 

By Myanmar Food Guide

Published in Myanmar

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်

Published in Myanmar

နိုင်ငံတော်မှ ဝယ်ယူထားသော အရန်ဆန်များအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကကြီးကြပ်၍

Published in Myanmar

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးမြို့ရှိ စားသောက်ဆိုင်များ

Published in Myanmar

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့နိုင်ရေးအတွက် ပို့ကုန်လက်မှတ်ရရှိရန် ဖိလစ်ပိုင်နိုင်ငံဒူးရင်းသီးစိုက်ပျိုးသူများမှ

Published in Chinese

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဩဂုတ်လ ၂၀ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Published in Myanmar

ပြီးခဲ့သည့် အပတ်က Heilongjiangပြည်နယ် မြောက်ပိုင်းက China Grain Reserve Cooperative (Sinograin)ရဲ့ သိုလှောင်ရုံမှ စာရင်းအရ coronavirus၏ အကျိုးသက်ရောက်မှု၊ နွေရာသီမှာမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးမှုများနှင့် အမေရိကန်ပြည်ထောင်စုမှ ၀ယ်ယူမှုများပြားလာခြင်းတို့ကြောင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးသောနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံက စားနပ်ရိက္ခာဖူလုံမှုအပေါ်စိုးရိမ်မှုများ တိုးများလာသည်။

Published in Chinese

ယခုဆိုရင် မက်ဒေါနယ်ကို အဓိကထား အစားအသောက်ဖြန့်ချီနေတဲ့ အကြီးစား အစားအစာဖြန့်ချီလုပ်ငန်း ၃ ခုပိတ်သိမ်းလိုက်ရပြီး ထိုသို့ပိတ်သိမ်းရခြင်းရဲ့ အကြောင်းအရာမှာ အစားအစာဖြန့်ချီရေးလုပ်ငန်းမှ ဝန်ထမ်းပေါင်း ၁၄၀ ကျော် ကိုရိုနာ ရောဂါပိုးကူးစက်ခံရခြင်းကြောင့်ပင်ဖြစ်ပါတယ်။

Published in Food & Livestock

မက်ခရိုမြန်မာသည် မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဆုံးဦးဆုံး လက်ကားအရောင်းဆိုင်ကြီးအား ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက် ပုဇွန်တောင်လမ်းမပေါ်၌ ဧပြီလဆန်းပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး အရောင်းဧရိယာ (၇,၀၀၀) စတုရန်းမီတာ အကျယ်တွင် လူသုံးကုန်၊ စားသောက်ကုန်များနှင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်သားငါးများ စသည်အမျိုးအစားပေါင်း ၁၀,၀၀၀ ကျော်ကို ရောင်းချပေးလျက် ရှိပါသည်။

Published in Food & Health
Page 1 of 2