Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုမ္ပဏီများ ၏ ပြည်ပဆန်တင်ပို့မှုကို ကန့်သတ်ချက်တစ်ချို့ လုပ်ထားရာမှဖြေလျှော့

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ကုမ္ပဏီများ ၏ ပြည်ပဆန်တင်ပို့မှုကို

ကန့်သတ်ချက်တစ်ချို့ လုပ်ထားရာမှ ဇူလိုင် ၁ ရက်မှ စ၍ ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆင်ဟွာကို ဇူလိုင် ၄ ရက်တွင်ပြောသည်။

ဦးရဲမင်းအောင် က “ကုမ္ပဏီတစ်ခုချင်းရဲ့ ပြည်ပကို ဆန်တင်ပို့မှုကန့်သတ်ချက် ဖြေလျှော့ပေးတာပါ။ ကုမ္ပဏီ တစ်ခုတည်းကနေ တန်ချိန် အများကြီး ပို့တာ မျိုးမဟုတ်ဘဲ ကုမ္ပဏီ ၁၀၀ ကျော်လောက် ပို့လို့ရအောင် ကုမ္ပဏီ တစ်ခုချင်းစီ ရဲ့ တင်ပို့တဲ့ပမာဏ ကို ညှိနှိုင်းကန့်သတ်တာဖြစ်တယ်။ အဲ့ဒါကို ဖြေလျှော့လိုက်တာ။ ဖြေလျှော့တော့ ကုမ္ပဏီတွေ က ကိုယ်ကြိုက်သလောက်ပြည်ပကို ဆန်တင်ပို့လို့ရပြီ။ ဒါပေမယ့် အရောင်းအဝယ်စာချုပ်နဲ့ လိုင်စင်လျှောက်ရမှာ ဖြစ်တယ်။’’ ဟုပြောသည်။

အဆိုပါဖြေလျှော့ပေးမှုတွင် ဇူလိုင် ၁ ရက်မှစ၍ ကုမ္ပဏီ များ၏ ပြည်ပဆန်တင်ပို့မှုအပေါ် ပမာဏကန့်သတ်ထား ခြင်းစနစ်အား ပယ်ဖျက်ပြီး ကန်ထရိုက်စနစ်အရ လိုင်စင် လျှောက်ထားခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ပြည်ပ ဆန် တင်ပို့လိုင်စင်သက်တမ်းကိုလည်း ယခင် ၄၅ ရက်အစား ရက် ၆၀ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ယခင်က ဆန်အိတ်စပို့ပါက အိတ်စပို့ ပို့သည့် ဆန်၏ ၁၀ ရာခိုင်နှုန်း ကို နိုင်ငံတော် ရိက္ခာအဖြစ် ရောင်းချပေးရာမှ ၅ ရာခိုင်နှုန်း သို့ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။

နိုင်ငံတော်၏ ရိက္ခာ အရံဆန် သိုလှောင်မှု ကတန် ချိန် ၅၀,၀၀၀ ထားရှိမည်ဟု သတ်မှတ်ထားရာ၊ တန်ချိန် ၄၀,၀၀၀ ကျော်ဝယ်ယူစုဆောင်းပြီးဖြစ်သည့်အတွက် လျှော့ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
(Xinhua)

Read times
Rate this item
(0 votes)