Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဒန့်သလွန်မျိုး စီးပွားဖြစ် စိုက်ပျိုးမှုများ

Unicode

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြို မြို့နယ်ရှိ ကျေးလက်တောင်သူများက ယခုအခါ အိန်္ဒိယ ဒန့်သလွန်မျိုးများကို စီးပွားဖြစ် စိုက်ပျိုးမှုများလာကြောင်း  ရေစကြိုမြို့နယ်  အိန်္ဒိယဒန့်သလွန် စီးပွားဖြစ် စိုက်ပျိုးနေတဲ့ တောင်သူတစ်ဦးထံမှ သိရပါတယ်။

 

ရေစကြိုမြို့နယ်ရှိ ကျေးလက်တောင်သူများက အိန်္ဒိယဒန့်သလွန်မျိုး MPK1  ဒန့်သလွန် မျိုးကို စီးပွားဖြစ် စိုက်ပျိုးလာပြီး ထွက်ရှိလာသည့် ဒန့်သလွန်သီးများကို  ရန်ကုန်၊ မန္တလေးမြို့ကြီးတို့သို့ ပွဲစားများမှတစ်ဆင့်   ရောင်းချခြင်း၊ စိုက်ပျိုးသည့် တောင်သူများ ကိုယ်တိုင် သွားရောက်ရောင်းချခြင်းဖြင့် ဒန့်သလွန်စျေးကွက် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>   ထမင္းစားၿမိန္ေစမယ့္ ခရမ္းကြ်တ္သီးေထာင္း

 

ဒန့်သလွန် စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အိန်္ဒိယ ဒန့်သလွန်မျိုး အစေ့တစ်စေ့လျှင် ငွေကျပ် ၁၀၀ ပေးဝယ်ရပြီး    ပျိုးထောင်စိုက်ပျိုးကြောင်း၊ ပျိုးထောင်ချိန် ၁၅ ရက်ရှိလျှင် စိုက်မည့်မြေ နေရာသို့ ရွှေ့စိုက်၍ရကာ  ခြောက်လရှိလျှင် အပွင့်စတင်ပွင့်ကာ အသီးသီးကြောင်း၊ စိုက်ပျိုး ရာတွင် ကိုးပေပတ်လည်စိုက်ပြီး ဖြစ်ထွန်းလာတဲ့ ဒန့်သလွန်ပင်မြင့်ပြီး ရှည်မသွားစေရန်အတွက် ခေါင်ကိုင်းဖြတ်ပေးရကြောင်း ရေစကြိုမြို့နယ် သံပြားချောင်းကျေးရွာမှ ဒန့်သလွန် ခြောက်ဧက စိုက်ပျိုးထားသည့်  တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဒန့်သလွန်ပင်မှ ထွက်ရှိတဲ့ အသီး၊ အရွက် ကုန်ကြမ်းများကို  အဆင့်မြင့် ကုန်ချော ထုတ်လုပ်ကာ ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ စင်ကာပူနှင့် အိန်္ဒိယနိုင်ငံတို့မှ  ဝယ်လိုအားများ လာကြောင်းနှင့် မြို့ကြီးများသို့ ဒန့်သလွန်သီး (အတောင့်)အရေအတွက်နှင့်  ရောင်းချနေရ ကြောင်းသိရပြီး ဒန့်သလွန်သီး တစ်တောင့်လျှင် ငွေကျပ် ၂၀၀ အထက်  ရောင်းချနေရကြောင်း ဒန့်သလွန်စိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ  သိရပါတယ်။           


Ref: Myawaddy


Myanmar Food Industry Directory

 

မေကြးတိုင္းေဒသႀကီး ပခုကၠဴခ႐ိုင္ ေရစႀကိဳ ၿမိဳ႕နယ္ရွိ ေက်းလက္ေတာင္သူမ်ားက ယခုအခါ အိႏ္ၵိယ ဒန္႔သလြန္မ်ဳိးမ်ားကို စီးပြားျဖစ္ စိုက္ပ်ဳိးမႈမ်ားလာေၾကာင္း  ေရစႀကိဳၿမိဳ႕နယ္  အိႏ္ၵိယဒန္႔သလြန္ စီးပြားျဖစ္ စိုက္ပ်ဳိးေနတဲ့ ေတာင္သူတစ္ဦးထံမွ သိရပါတယ္။

 

ေရစႀကိဳၿမိဳ႕နယ္ရွိ ေက်းလက္ေတာင္သူမ်ားက အိႏ္ၵိယဒန္႔သလြန္မ်ဳိး MPK1  ဒန္႔သလြန္ မ်ဳိးကို စီးပြားျဖစ္ စိုက္ပ်ဳိးလာၿပီး ထြက္ရွိလာသည့္ ဒန္႔သလြန္သီးမ်ားကို  ရန္ကုန္၊ မႏၱေလးၿမိဳ႕ႀကီးတို႔သို႔ ပြဲစားမ်ားမွတစ္ဆင့္   ေရာင္းခ်ျခင္း၊ စိုက္ပ်ဳိးသည့္ ေတာင္သူမ်ား ကိုယ္တိုင္ သြားေရာက္ေရာင္းခ်ျခင္းျဖင့္ ဒန္႔သလြန္ေစ်းကြက္ ရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>   ထမင္းစားၿမိန္ေစမယ့္ ခရမ္းကြ်တ္သီးေထာင္း

 

ဒန္႔သလြန္ စိုက္ပ်ဳိးျခင္းႏွင့္ ပတ္သက္၍ အိႏ္ၵိယ ဒန္႔သလြန္မ်ဳိး အေစ့တစ္ေစ့လွ်င္ ေငြက်ပ္ ၁၀၀ ေပး၀ယ္ရၿပီး    ပ်ဳိးေထာင္စိုက္ပ်ဳိးေၾကာင္း၊ ပ်ဳိးေထာင္ခ်ိန္ ၁၅ ရက္ရွိလွ်င္ စိုက္မည့္ေျမ ေနရာသို႔ ေရႊ႕စိုက္၍ရကာ  ေျခာက္လရွိလွ်င္ အပြင့္စတင္ပြင့္ကာ အသီးသီးေၾကာင္း၊ စိုက္ပ်ဳိး ရာတြင္ ကိုးေပပတ္လည္စိုက္ၿပီး ျဖစ္ထြန္းလာတဲ့ ဒန္႔သလြန္ပင္ျမင့္ၿပီး ရွည္မသြားေစရန္အတြက္ ေခါင္ကိုင္းျဖတ္ေပးရေၾကာင္း ေရစႀကိဳၿမိဳ႕နယ္ သံျပားေခ်ာင္းေက်းရြာမွ ဒန္႔သလြန္ ေျခာက္ဧက စိုက္ပ်ဳိးထားသည့္  ေတာင္သူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

ဒန္႔သလြန္ပင္မွ ထြက္ရွိတဲ့ အသီး၊ အရြက္ ကုန္ၾကမ္းမ်ားကို  အဆင့္ျမင့္ ကုန္ေခ်ာ ထုတ္လုပ္ကာ ျပည္ပႏိုင္ငံမ်ားျဖစ္သည့္ ဂ်ပန္၊ စင္ကာပူႏွင့္ အိႏ္ၵိယႏိုင္ငံတို႔မွ  ဝယ္လိုအားမ်ား လာေၾကာင္းႏွင့္ ၿမိဳ႕ႀကီးမ်ားသို႔ ဒန္႔သလြန္သီး (အေတာင့္)အေရအတြက္ႏွင့္  ေရာင္းခ်ေနရ ေၾကာင္းသိရၿပီး ဒန္႔သလြန္သီး တစ္ေတာင့္လွ်င္ ေငြက်ပ္ ၂၀၀ အထက္  ေရာင္းခ်ေနရေၾကာင္း ဒန္႔သလြန္စိုက္ပ်ဳိး ေရာင္းခ်သူတစ္ဦးထံမွ  သိရပါတယ္။           

 


Ref: Myawaddy
Myanmar Food Industry Directory

Read 2489 times Last modified on Thursday, 30 January 2020 15:39
Rate this item
(0 votes)