Food & Livestock



ယူကရိန်း နှံစားသီးနှံ ပို့ဆောင်ရေး သဘောတူညီချက် ရုရှား သက်တမ်းမတိုး

ယူကရိန်း နှံစားသီးနှံ ပို့ဆောင်ရေး သဘောတူညီချက် ရုရှား သက်တမ်းမတိုး

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

ရုရှားသည် ယူကရိန်းမှ ဂျုံအပါအဝင် နှံစားသီးနှံများကို သင်္ဘောများဖြင့် ပင်လယ်နက်ကို ဖြတ်သန်းသယ်ဆောင်ရန် ခွင့်ပြုပေးထားသည့် သဘောတူညီချက်မှ နုတ်ထွက်ကြောင်း ဇူလိုင် ၁၇ ရက်တွင် ကြေညာသည်။

 

2022 ခုနှစ် ဇူလိုင်လတွင် တူရကီနှင့် ကုလသမဂ္ဂတို့ ကြားဝင်ဆောင်ရွက်ပေးခဲ့သော အဆိုပါသဘောတူညီချက်ကို အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ကြသည်။ နောက်ဆုံးသက်တမ်းသည် တနင်္လာနေ့(ဇူလိုင် ၁၇)  အစ္စတန်ဘူလ်၊ ကိယက်ဗ်နှင့် မော်စကိုတို့၏ ဒေသစံတော်ချိန် သန်းခေါင်ယံအချိန်တွင် တရားဝင် သက်တမ်းကုန်ဆုံးသည်။  

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သက်တမ်းထပ်မတိုးကြောင်း၊ သဘောတူညီချက် ပျက်ပြယ်ပြီ ဖြစ်ကြောင်း ပြောကြားသည်။

 


ယခင် တင်ပြချက်

ဘဏ်ကိစ္စ မပြေလည်သဖြင့် ယူကရိန်း ကောက်နှံတင်ပို့မှု ရုရှား ကန့်ကွက်

#FoodIndustryGuide

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6454

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ယူကရိန်းသည် ကမ္ဘာ့ဂျုံဈေးကွက်၏ ၁၀ ရာခိုင်နှုန်း၊ ပြောင်းဈေးကွက်၏ ၁၅ ရာခိုင်နှုန်းနှင့် မုယောစပါးဈေးကွက်၏ ၁၃ ရာခိုင်နှုန်းတို့ဖြစ်သည်။  နေကြာဆီ စျေးကွက်တွင်လည်း အရေးပါသော တင်ပို့သူ ဖြစ်သည်။  သို့ဖြစ်ရာ ဂျုံအပါအဝင် ၎င်းစိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ဈေးတက်တော့မည် ဖြစ်သည်။ 

 

ယူကရိန်း စပါးနှင့် နှံစားသီးနှံ တင်ပို့မှုအတွက် အစားထိုး လမ်းကြောင်းအဖြစ် ဥရောပ အရှေ့ပိုင်းသို့ ရထားဖြင့် တင်ပို့နိုင်သော်လည်း ယူကရိန်း တင်ပို့လိုသော ပမာဏကို သယ်ပို့နိုင်လောက်သည့် အင်အား မရှိချေ။

 

Source cnn

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read 539 times Last modified on Monday, 17 July 2023 19:35
Rate this item
(0 votes)