Food & Livestock



ဖိလစ်ပိုင်သမ္မတ မားကို့စ် အများဆုံး ဆန်ဈေးနှုန်းများ ကြေညာ

ဖိလစ်ပိုင်သမ္မတ မားကို့စ် အများဆုံး ဆန်ဈေးနှုန်းများ ကြေညာ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ဆန်အများဆုံး တင်သွင်းသည့် နိုင်ငံ တနိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် အများဆုံး ဆန်ဈေးနှုန်းများကို အစိုးရက သတ်မှတ်ပြဋ္ဌာန်းလိုက်ပါသည်။

 

ဖိလစ်ပိုင်တွင်  ဆန်ဈေးနှုန်း ကြီးမြင့်မှုသည် ဇူလိုင်လတွင် ၄ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။

 

ဆန်ဈေးတက်သည့်အတွက် ဩဂုတ်လတွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ၇ လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် အရှိန်တက်စေခဲ့သည်။

 

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၏ သမ္မတရုံးမှ  Ferdinand Marcos Jr.  သောကြာနေ့ (စက်တင်ဘာ ၁)တွင် အများဆုံး ဆန်ဈေးနှုန်းများ  ကြေညာခဲ့သည်။ 

စိုက်ပျိုးရေးဌာနနှင့် ကုန်သွယ်ရေးဌာနတို့၏ ထောက်ခံအကြံပြုချက်များအရ ရက်အကန့်အသတ်မရှိ သက်ရောက်မှုရှိမည့် အများဆုံးဈေးနှုန်း သတ်မှတ်ချက်များကို ကြေညာခဲ့ခြင်းဖြစ်သည်။

 အများဆုံး ဈေးနှုန်းများမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် လက်လီဈေးနှုန်း တစ်ကီလို ၄၂ - ၅၅ ပီဆိုအထိ မြင့်တက်နေခဲ့သည့် ရိုးရိုးဆန်ကို တစ်ကီလို ၄၁ ပီဆို ($0.72) ၊ ဗုဒ္ဓဟူးနေ့တွင် လက်လီဈေးနှုန်း တစ်ကီလို ၄၇ - ၅၆ ပီဆိုအထိ မြင့်တက်နေခဲ့သည့် ဆန်အကောင်းစား (ထိပ်စ)ကို တစ်ကီလို ၄၅ ပီဆို  ($0.79) ထက် မပိုရဟု သတ်မှတ်ထားပါသည်။

ဆန်များ ဆက်တိုက်ရရှိနေသော်လည်း ဆန်ဈေး တက်လာရသည်မှာ  အခွင့်ရေးသမား ကုန်သည်များ ဆန်လှောင်ခြင်းနှင့် စပါးအထွက်နည်းသည့် ရာသီတွင် လက်ကြီးသမားများ ပူးပေါင်းဆောင်ရွက်ကာ တရားမဝင် ဈေးနှုန်းခြယ်လှယ်ပြီး ဈေးကစားခြင်းကဲ့သို့သော လုပ်ကိုင်ပုံများ နေရာအနှံ့ လုပ်ဆောင်ကြသည်ကို အာဏာပိုင်များက သိရှိထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ဖိလစ်ပိုင် တင်သွင်းသည့် ဆန်များတွင် ၉၀% သည် ဗီယက်နမ်ဆန် ဖြစ်ပြီး ယခုအခါ ဗီယက်နမ်ဆန်သည် ဈေးခေါင်ခိုက်နေပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဆန်ဈေးနှုန်းသို့ ရောက်ရှိနေပါသည်။

 


ယခင်တင်ပြချက်

ဗီယက်နမ်ပို့ကုန်ဆန် ဈေးနှုန်း ကမ္ဘာ့အမြင့်ဆုံးမှာ ဆက်ရှိနေ

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6760


 

အစိုးရ၏ စွက်ဖက်မှုမှာ နိုင်ငံတစ်ဝှမ်း စားသုံးကုန်ဈေးနှုန်း တက်နေခြင်းကို ထိန်းရန် ကြိုးပမ်းနေစဉ် ဆန်ဈေးနှုန်းတက်ခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်သဖြင့် ဆန်ဈေးနှုန်းကို ထိန်းချုပ်လိုက်ခြင်း ဖြစ်ပါသည်။

 

ထိုကဲ့သို့ မြင့်မားသောစျေးနှုန်းများသည်  ဝင်ငွေတွင် အများအပြားကို စားစရာအတွက် သုံးစွဲကြရသည့် ဆင်းရဲသော အိမ်ထောင်စုများကို အချိုးမကိုက်စွာဖြင့် ထိခိုက်စေပါသည်။

 

မားကို့စ်သည် ၂၀၂၂ ခုနှစ် မေလ ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတဖြစ်လာခဲ့သည့်နောက် ဆန်အပေါ်  စျေးနှုန်းသတ်မှတ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။ 

အစိုးရ  ဝင်ရောက်စွက်ဖက်မှုသည် အစားအသောက်စရိတ်များ မြင့်တက်မှုကို ဟန့်တားရန် မအောင်မမြင် ဖြစ်နိုင်ကြောင်း သုတေသီများက သတိပေးပါသည်။

 

လယ်သမားအဖွဲ့  Sinag က ဆန်ဈေးနှုန်းများ သတ်မှတ်ပြဋ္ဌာန်းခြင်းကို ကြိုဆိုပါသည်။ “ပြည်တွင်းမှာ ဆန်ပြတ်လပ်မှု မရှိတဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဈေးနှုန်းတွေ တက်လာစရာ အကြောင်း မရှိပါဘူး” ဟု ပြောကြားပါသည်။

Source FMT 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 01 September 2023 23:16
Rate this item
(0 votes)