Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ထောပတ်သီး တရုတ်သို့ တရားဝင် စတင်ပို့ခွင့်ရရှိထား

မြန်မာနိုင်ငံမှ ထောပတ်သီးများကို ထောပတ်သီးထွက်ရှိမယ့် ရာသီဖြစ်တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလလောက်မှာ တရုတ်နိုင်ငံကို တရားဝင် စတင်တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်းမြန်မာနိုင်ငံ

သစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူက ပြောပါတယ်။

 

“ တရုတ်ပြည်ထဲသွားတော့ တရုတ်အစိုးရနဲ့ တွေ့တဲ့အချိန်မှာ သူတို့က AQSIQ စာရင်းထဲမှာ ထောပတ်သီးပါလာတော့မယ်လို့ ပြောလိုက်တာ။ အသီးတွေကို AQSIQ စာရင်းဝင်ဖို့ တင်ထားတာတော့ ကြာပြီ။ လာမယ့်ရာသီလောက် စပို့နိုင်မှာပါ ” လို့ ၎င်းကပြောပါတယ်။

 

မြန်မာနိုင်ငံမှ သစ်သီးဝလံငါးမျိုးဖြစ်တဲ့ ထောပတ်သီး၊ ငှက်ပျောသီး၊ ဝဥ၊ ကျွဲကောသီးနဲ့ ဖာလာစေ့များ တရုတ်နိုင်ငံကို တရားဝင်တင်ပို့ရောင်းချနိုင်ဖို့အတွက် တရုတ်နိုင်ငံ ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲရေးဝန်ကြီးဌာန ( AQSIQ ) စာရင်းမှာ ပါဝင်နိုင်ဖို့ ၎င်းအသင်းက တရုတ်အစိုးရထံ တင်ပြထားခြင်းဖြစ်ပါတယ်။

 

Read More >>>>>  ကောက်ညှင်းဆနွင်းမကင်းလေး အိမ်တွင်လုပ်စားရအောင်


အဆိုပါ တင်ပြထားတဲ့ သစ်သီးဝလံငါးမျိုးထဲကမှ ထောပတ်သီးကို တရားဝင် စတင်တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ အရင်က ထောပတ်သီးအချို့ကို တရုတ်နိုင်ငံဆီ နယ်စပ်မှ တရားမဝင် တင်ပို့နေရခြင်းဖြစ်ပြီး အခုနှစ်မှ တရားဝင် တင်ပို့ခွင့်ရရှိခြင်းဖြစ်ပါတယ်။ ထို့ပြင် ပြည်တွင်းမှာ ထောပတ်သီးစိုက်ပျိုးမှုများလာတဲ့အတွက် တရုတ်ကို ပိုမိုတင်ပို့နိုင်မယ်လို့ ထောပတ်သီးစိုက်တောင်သူများက သုံးသပ်ပြောကြားပါတယ်။

 

မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင် စတင်ပို့ခွင့်ရရှိပေမယ့်လည်း ထိုင်းနိုင်ငံကိုတော့ တရားဝင်တင်ပို့ခွင့်မရရှိသေးကြောင်း၊ စင်ကာပူနိုင်ငံကိုတော့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ( GAP ) လက်မှတ်နဲ့သာ တင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံထောပတ်သီးအသင်းထံမှ သိရပါတယ်။

 

Source: The Voice

Read times Last modified on Tuesday, 04 June 2019 09:23
Rate this item
(1 Vote)