Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်း ဒေသကြီးသို့ ပြည်တွင်း၌ ဘဲဥအထွက်နှုန်း နည်းနေ၍ ထိုင်းနိုင်ငံမှ ဘဲဥလုံးရေ သုံးသိန်းခန့် နေ့စဉ် တင်သွင်းနေ

ဧရာဝတီတိုင်းဒေသကြီး၌ ဘဲဥအထွက်နှုန်း ကျဆင်းနေသည့်အတွက် ရန်ကုန် တိုင်းဒေသကြီးသို့ ထိုင်းနိုင်ငံမှ  

နေ့စဉ်  ဘဲဥလုံးရေ သုံးသိန်းဝန်းကျင်ခန့် ဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘဲဥ၊ ကြက်ဥ  ဖြန့်ဖြူးရေးအသင်း တွဲဖက်အတွင်းရေးမှူးထံမှ သိရပါတယ်။

 

ရန်ကုန်တိုင်း ဒေသကြီး၌      နေ့စဉ်စားသုံးနေကြသည့် ဘဲဥကို  ယခင်က ဧရာ ဝတီတိုင်း ဒေသကြီးမှ   အဓိကတင်သွင်းလေ့ရှိပြီး   အပူရှိန် မြင့်မားခဲ့သည့်အတွက်      ဘဲဥအထွက်နှုန်း ကျဆင်းခဲ့ရာ ထိုင်းနိုင်ငံမှ  တင်သွင်းလာသည့် ဘဲဥများကို   မော်လမြိုင်မြို့မှ တစ်ဆင့်  ရန်ကုန်မြို့သို့ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

ယခင်က ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘိုကလေး၊  ဖျာပုံ၊ မော်ကျွန်းနှင့် ကျိုက်လတ်မြို့တို့မှ   ဘဲဥအများဆုံးထွက် ရှိပြီး  လတ်တလောတွင်  ဘိုကလေး၊ ဖျာပုံ၊ မော်ကျွန်းတို့မှ ဝင်ရောက်မှု ရှိကြောင်း သိရပါတယ်။

 

ယခင်က  ပဲခူးတိုင်းဒေသကြီးမှ ဘဲဥများကို မှာယူရောင်းချကြသော်လည်း နောက်ပိုင်းတွင် ဝယ်လက်များက အလုံးကြီးသော ဘဲဥများကို  ကြိုက်နှစ်သက်သည့်အတွက်  မော်လမြိုင်မြို့မှ  ကုန်သည် များမှတစ်ဆင့်  ထိုင်းနိုင်ငံမှ ဘဲဥများကို  တင်သွင်းနေရခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

''လတ်တလောမှာ ဧရာဝတီတိုင်း ဒေသကြီးဘက်ကဆိုရင် တစ်နေ့ကို ဘဲဥလုံးရေ တစ်သိန်းလောက်ပဲ ဝင်တော့တယ်။ ရန်ကုန်မှာက ဝယ်လိုအား အရမ်းများနေတော့  ထိုင်းနိုင်ငံက တင်သွင်းတဲ့ဘဲဥကို မော်လမြိုင် လမ်းကြောင်းကနေတစ်ဆင့်    ပြန်သယ် ရောင်းနေရတာပေါ့''ဟု မြန်မာနိုင်ငံ ဘဲဥ၊ ကြက်ဥ  ဖြန့်ဖြူးရေးအသင်း တွဲဖက်အတွင်းရေးမှူးထံမှ သိရပါတယ်။

 

 

လက်ရှိတွင် ဘဲဥဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ  ဝင်ရောက်လာသည့် ဘဲဥများမှာ တစ်လုံးလျှင်  ငွေကျပ် ၁ဝဝ မှ  ၉ဝ၊ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့်  ဘဲဥများမှာ  ငွေကျပ် ၁၂ဝ  မှ  ၁ဝဝ အထိ ဈေးနှုန်း ကျဆင်းနေကြောင်း သိရပါတယ်။

 

ယခင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း မှ နေ့စဉ်  ဘဲဥလုံးရေ ငါးသိန်းခန့် ထွက်ရှိသော်လည်း ယမန်နှစ်မှစ၍ ဘဲဥလုံးရေ နှစ်သိန်းခန့်သာ ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် အထွက်နှုန်း  ပိုမိုကျဆင်းခဲ့ကြောင်း  သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:21
Rate this item
(2 votes)