Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံရဲ့ ဇူလိုင်လ ၀က်သားတင်သွင်းမှု စံချိန်တင်

တရုတ်နိုင်ငံရဲ့ ဇူလိုင်လ ၀က်သားတင်သွင်းမှု စံချိန်တင် thepigsite

သတင်းများအရ တရုတ်နိုင်ငံရဲ့ ၀က်သားတင်သွင်းမှုပမာဏသည် စံချိန်တင်လောက်အောင် မြင့်တက်ခဲ့ပါတယ်။

 

အာဖရိကဝက်များ ဖျားနာခြင်း ကြောင့် ဝက်သန်းပေါင်းများစွာသေဆုံးပြီးနောက် တရုတ်ပြည်မှတင်သွင်းသူတွေက ပြည်တွင်းထောက်ပံ့ရေးပြတ်လပ်မှုမရှိစေဖို့အတွက် အသားအမြောက်အမြားကို ဖြည့်တင်းဝယ်ယူခဲ့ကြပါတယ်။

 

သို့သော် သြဂုတ်လ၂၃ရက် တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော အချက်အလက်တွေအရ လွန်ခဲ့သောလများအတွင်း အလုပ်သမားများအကြား coronavirus ကူးစက်မှုကြောင့် နိုင်ငံခြားလောင်စာ ထုတ်လုပ်မှုစက်ရုံတွေက ထုတ်လုပ်မှုကို ရပ်တန့်ရန် သို့မဟုတ် ထုတ်လုပ်မှု နွေးကွေးစေခြင်းတွေကို အံ့အားသင့်စွာ ခံစားနေကြရပါတယ်။

 

ယူနိုက်တက်စတိတ်၊ ဘရာဇီး၊ ဥရောပသမဂ္ဂနှင့် ကနေဒါတို့ အပါအဝင် အဓိက ကုန်ပစ္စည်းပေးသွင်းသူများထံမှ တရုတ်သို့ ဇွန်လအတွင်းတင်ပို့မှုသည် ယခင်လနှင့် နှိုင်းယှဉ်လျှင် ကျဆင်းခဲ့သော်လည်း ပြီးခဲ့တဲ့ ဇူလိုင်လတင်သွင်းမှုက ဇွန်လရဲ့တန်ချိန် ၄၀၀၀၀၀ ထက်ကျော်လွန်နေပြီး ၎င်းကျော်လွန်မှုဟာ အမြင့်ဆုံးစံချိန်တောင်ဖြစ်ခဲ့ပါတယ်။

 

ကျွမ်းကျင်သူအများစုက ဗိုင်းရပ်စ်သည် အစားအစာများမှတစ်ဆင့်ကူးစက်နိုင်ကြောင်း သက်သေအထောက်အထားများ မရှိဘူးလို့ဆိုကြသော်လည်း၊ နိုင်ငံခြားအလုပ်သမားတွေက အလုပ်သမားများအကြား coronavirus ဖြစ်ပွားမှုကိုကြုံတွေ့ရပါက ပင်လယ်ရပ်ခြားမှ တင်ပို့မှုကို ဆိုင်းငံ့ထားရန် ဇွန်လကတည်းက တောင်းဆိုခဲ့ကြပါတယ်။

 

ပေကျင်းသည် ရေခဲရိုက်အစားအစာကွန်တိန်နာများကို coronavirus စစ်ဆေးမှုများ စတင်စစ်ဆေးခဲ့တာကြောင့် ဆိပ်ကမ်းများ၌ အသားကုန်ပစ္စည်းများ ရှင်းလင်းရေးကို နှေးကွေးစေခဲ့ပါတယ်။

 

တရုတ်ပြည်တွင်းမှာ ဝက်သားဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်ပြီး ဇူလိုင်လ အစောပိုင်းမှာ တစ်ကီလိုဂရမ်လျှင် ၅၁.၁၇ ယွမ် (ဒေါ်လာ ၇.၄၀)အထိမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

 

လွန်ခဲ့သောတစ်နှစ်ခန့်က တင်သွင်းမှုတန်ချိန် တစ်သန်းကျော်သာရှိခဲ့သော်လည်း ယခုနှစ်ဇန်နဝါရီမှဇူလိုင်လအထိ ၀က်သားတင်သွင်းမှုတန်ချိန် ၂.၅၆ သန်းသို့ရောက်ရှိခဲ့သည်။

 

ဇူလိုင်လ အတွင်းမှ ဝမ်းတွင်းသား၊ အူစုံအသည်းစုံ၊ ကလီစာ အပါအ၀င် ၀က်သား တင်သွင်းမှုသည် တန်ချိန် ၅၆၀,၀၀၀ သို့ရောက်ရှိခဲ့ပြီး ယခုနှစ်ဇူလိုင်လကုန်အထိ တန်ချိန် ၃.၃၈ သန်း အထိတင်သွင်းနိုင်ခဲ့ပါတယ်။

 

By Myanmar Food Guide

 

Ref:ThePigSite

Read times
Rate this item
(0 votes)