Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဘက်က  ကုန်စည်ဝယ်ယူမှုပိတ်ထားခြင်းကြောင့်   မြန်မာ-အိန္ဒိယ  ရိဒ်နယ်စပ်ကုန်သွယ်ရေး  ရပ်ဆိုင်းနေ

မြန်မာ-အိန္ဒိယနယ်စပ် ရောင်းဝယ်ရေးတွင် ဒုတိယအကြီးမားဆုံး အရောင်းအဝယ်ဖြစ်သည့် ချင်းပြည်နယ်  ရိဒ်နယ်စပ်၌ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါဒါရ်ရွာ ဘက်မှ အရပ်ဘက်အဖွဲ့အစည်းများက

ကုန် စည်စီးဆင်းမှုကို ပိတ်ထားသည့်အတွက် ယခု အခါ တစ်လနီးပါး နယ်စပ်ကုန် အရောင်းအဝယ် ရပ်ဆိုင်းနေပြီဖြစ်ကြောင်း နယ်စပ်ကုန်သည် ကြီးများအသင်းမှ တာဝန်ရှိကုန်သည်တစ်ဦးက ပြောဆိုသည်။


 "ဧပြီလဆန်းကစတင်ပြီး ရိဒ်နယ်စပ်မှာ အရောင်းအဝယ်မဖြစ်ပါဘူး။ ခိုးလမ်းကတော့ အနည်းအကျဉ်း သွားလာရောင်းဝယ်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်က ကုန်စည်တွေကတော့ အရောင်းအဝယ်မဖြစ်တော့ ဆုံးရှုံးမှုတွေရှိတယ်။ထိန်းသိမ်းစရိတ်တွေတက်လာတယ်။ ရိဒ်နယ်စပ် နဲ့ကလေးဒေသမှာတော့ မြန်မာနိုင်ငံအရပ်ရပ် ကလာတဲ့ ကုန်စည်တွေ စုပုံနေတယ်။ နယ်စပ် အရောင်းအဝယ်က ဘယ်တော့ဖွင့်မယ် မဆို နိုင်ဘူး။ သူတို့သဘောဖြစ်နေတယ်" ဟု ရိဒ် နယ်စပ်ရောက် ကွမ်းသီးကုန်သည် ဦးလာလ် လာက ပြောဆိုသည်။

 

ရပ်နားထား

မတ် ၂၅ ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် ကျန်ဖိုင်းခရိုင် ကျန်ဖိုင်းမြို့အရပ် ဘက်အဖွဲ့ဖြစ်သည့် Chanphai Union (CTU) လက်အောက်ရှိ All Vchicles Association) အဖွဲ့က မြန်မာ-အိန္ဒိယနယ်စပ် အိန္ဒိယဘက်ခြမ်း ဇိုခေါဒါရ်ရွာနှင့် ကျန်ဖိုင်း မြို့ ကုန်စည်သွားလာမှုကို တားဆီးပိတ်ပင် ထားခြင်းဖြစ်ကြောင်း သိရသည်။ ယခု ပွင့်လင်း ရာသီရက်ပိုင်း မြန်မာဘက်မှ ကလေး၊ ဂန့်ဂေါ၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် ချင်းပြည် နယ်ဘက်မှ ထွက်သော သီးနှံ၊ သစ်သီးကုန်စည် များ၊ မန္တလေး၊ ရန်ကုန်ဘက်မှလာသည့် မြန်မာ နိုင်ငံအရပ်ရပ်မှ ထွက်ရှိသောကုန်စည်များ၊ တရုတ်ပြည်ဖြစ်ကုန်စည်များ၊ ကွမ်းသီး၊ ဖရဲသီး၊ ဝက်အရှင်၊ ပလတ်စတစ် ပစ္စည်းမျိုးစုံ၊ မုန့်မျိုးစုံ၊ ဖျော်ရည်မျိုးစုံ၊ ငါးကျပ်တင်ခြောက်၊ ပင်လယ် ငါးတို့အရောင်းအဝယ်ဖြစ်ပြီး တစ်ဖက်နိုင်ငံမှ ဆိုင်ကယ်၊ စက်ပစ္စည်း၊ ဓာတ်မြေသြဇာတို့ကို ပြန်လည်တင်သွင်းသည်။ ယခုရက်ပိုင်းကုန်စည် ရောင်းဝယ်မှုမရှိသည့်အတွက် ကလေး-ရိဒ် ပြေးဆွဲသော ကားလိုင်းများ ရပ်နားထားရသည်။

 

Read More >>>>> သက်သတ်လွတ် ရဲယိုရွက် ပဲပြားပေါင်းထုပ်

 

"ကျွန်တော်တို့ နယ်စပ်ကုန်သည်တွေအနေ နဲ့ နှစ်စဉ်သီတင်းကျွတ်၊ ခရစ္စမတ်၊ သင်္ကြန် တွေမှာ အရောင်းအဝယ်ကောင်းပါတယ်။ အခု သူတို့ဘက်က အကြောင်းအမျိုးမျိုးနဲ့ အရောင်းအဝယ်ပိတ်လိုက်တဲ့အတွက် ကျွန်တော် တို့ဘက်က ကုန်သည်တွေပျက်စီးဆုံးရှုံးမှု ကြီးမားလာသလို အချို့ပုပ်ကုန်၊ သိုးကုန်တွေ ဆိုရင် ရသလောက်ဈေးနဲ့ ရောင်းပြီးပြန်ကြရလို့ ဒီဘက်က အထိနာလှပါတယ်။ သူတို့ဘက် ကတော့ အထက်စီးကနေလာတဲ့ ကုန်စည်ကို ဈေးနှိမ်ဝယ်တာမျိုးရှိသလို တရားမဝင် လမ်းကြောင်းကနေ တင်ပို့ရောင်းချရတဲ့အခါ တစ်ဖက်ကအသာစီးနဲ့ ဆောင်ရွက်တာမျိုး တွေ ခံရပါတယ်" ဟု နယ်စပ်ရောက် ဖရဲသီး ကုန်သည် ဦးစန်းဦးက ပြောဆိုသည်။

 

Source: Myanmar Time

Read times Last modified on Monday, 22 April 2019 16:18
Rate this item
(1 Vote)