Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နှင့် တရားဝင်ကုန်သွယ်ရေး အကောင်အထည်ဖော်ရန် MoU မူကြမ်း ကူမင်းအစိုးရထံ ပေးပို့

ဆန်တန်ချိန် တစ်သန်း ရောင်းချရေးအပါအဝင် လယ် ယာထွက်ကုန်များ တရားဝင်တင် ပို့နိုင်ရေး နားလည်မှုစာချွန်လွှာ

(MoU) မူကြမ်းကို ကူမင်းအစိုးရ ထံ ပေးပို့ထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

လက်ရှိ အခြေအနေသည် ကူမင်းနှင့် မြန်မာအစိုးရ ညှိနှိုင်းနေပြီး ဇွန်လလယ်တွင် ကူမင်းမြို့၌ ပြုလုပ်မည့် ကုန်စည်ပြပွဲ၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောကြားသည်။



ကူမင်းပြပွဲတွင် အစိုးရဌာန ချင်း နားလည်မှု စာချွန်လွှာလက် မှတ်ရေးထိုးနိုင်ပါက ဆန်စပါး အပါအဝင် အခြားလယ်ယာထွက် ကုန်များကို ကဏ္ဍအလိုက် အ ရောင်းအဝယ်ညှိနှိုင်း စာချုပ်ချုပ်ဆိုရန် ဆက်လက်ဆောင်ရွက် မည်ဟု ဦးရန်နိုင်ထွန်းက ပြော သည်။

 


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ကုန်သွယ်ရေး မူဝါဒပြောင်းလဲရန် စီစဉ်နေပြီး ကုန်ပစ္စည်းများတရားဝင် တင်သွင်းရေး တိုးမြှင့်ဆောင်ရွက်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။



ယူနန်ပြည်နယ်နှင့် မြန်မာ နိုင်ငံသည် နယ်စပ်ချင်း ကီလိုမီ တာ ၁,၄၀၀ ခန့် ထိစပ်နေပြီး နှစ် နိုင်ငံကုန်သွယ်ရေး မြန်မာနိုင်ငံ ဘက်မှ မူဆယ်၊ ကျယ်ဂေါင်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးတို့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ထားသည်။



အဆိုပါ နယ်စပ်စခန်းများမှ ဘဏ္ဍာနှစ် ၂၀၁၇-၁၈ တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၆ဒသမ ၇ ဘီလီယံကျော် ရရှိထားသည်။ တစ်လလျှင် ကန် ဒေါ်လာ ၅၆၂ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နေသည်။



မြန်မာနိုင်ငံသည် ယခုနှစ် တွင် အစိုးရချင်း ချိတ်ဆက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန် ချိန် တစ်သိန်းရောင်းချရန် စီစဉ် ထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:17
Rate this item
(1 Vote)