Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်စပ်မှ သကြားများ တရားမဝင် ဝင်ရောက်နေမှုကြောင့် ပြည်တွင်းသကြား ဈေးကွက် အေးနေ

ထိုင်းနိုင်ငံနှင့်မြဝတီဘက်မှ သကြားများ တရားမဝင် ဝင်ရောက်နေမှုကြောင့် ယခုနှစ် အတွင်း  သကြားဈေးကွက်အေးကာ  အကျပိုင်းဖြင့်  ရပ်တန့်နေကြောင်း မြန်မာနိုင်ငံ ကြံနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ  ဦးဝင်းဌေး၏ ပြောဆို ချက်အရ သိရသည်။

 

''သကြားမှောင်ခိုတွေက   မြဝတီဘက်ကနေ ကြိုးကြားကြိုးကြား ကားအစီးလိုက် ဝင်ရောက်နေပါတယ်။  ဒါကြောင့်   သကြားဈေးတွေကျတော့  ပြည်တွင်းသကြားစက် တွေရော တောင်သူတွေပါ ထိခိုက်တယ်'' ဟု ဦးဝင်းဌေး ကပြောသည်။

 

ယခင်က  သကြားတစ်ပိဿာ ငွေကျပ် ၁၂ဝဝ  ရှိခဲ့ရာမှ ယခု ငွေကျပ် ၁ဝဝဝ  ဝန်းကျင်သာ  ဈေးနှုန်းရှိသည်။ထို့ပြင် ပြည်တွင်း ထုတ်လုပ်မှု တိုးတက်လာခြင်း၊  ယမန်နှစ်က   တင်သွင်းထားသည့် Re-export သကြားများ ကုန်အောင် မရောင်းချနိုင်သေးခြင်း၊  လုပ်ငန်းသုံး သကြားများရှိ နေခြင်း၊  နယ်စပ်မှ တရားမဝင် ဝင်ရောက်မှုများ ရှိနေခြင်း တို့ကြောင့်  ရောင်းလိုအားများကာ ဈေးနှုန်းကျဆင်းနေခြင်းဖြစ်သည်။

 

Read More >>>>>   ပြည်တွင်းမှိုခြောက်မှုန့်များ တင်ပို့ရန် ဂျပန်ကုမ္ပဏီတစ်ခုနှင့် MoU ရေးထိုးနိုင်ရေး ဆောင်ရွက်

 

ပြီးခဲ့သည့်နှစ်က  သကြားဈေးကောင်းသည့် အတွက် ကြံတိုးချဲ့စိုက်ပျိုးခဲ့ရာ  အထွက်နှုန်းကောင်းနိုင်မည့်အပြင်   ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းကလည်း တရုတ် နိုင်ငံသို့   သကြားတင်ပို့မှု  ရပ်ဆိုင်းထားရသောကြောင့်   ပြည်တွင်း၌သာ  သကြား ရောင်းချအားရှိသဖြင့်    ပြည်တွင်းသကြား ဈေးများ ကျဆင်းနေကြောင်း  သိရသည်။

 

ပြည်ပမှ   လုပ်ငန်းသုံးနှင့်   ပြန်လည်တင်ပို့ကုန်အဖြစ် Re-export သကြားတင် သွင်းခွင့်ဟူ၍ လိုင်စင်နှစ်ခုဖြင့်  တင်သွင်းခွင့် ပြုထားရာ ပြည်တွင်းဒေါ်လာဈေး  မြင့်တက် လာမှုများကြောင့် Re-export လိုင်စင်ဖြင့်  သကြား တင်သွင်းခွင့်ကို  ယခင်လများက ပိတ်ထားခဲ့ရာ လတ်တလောတွင်  လုပ်ငန်း သုံးလိုင်စင်ဖြင့်    သကြားတင်သွင်းခွင့်သာ ရှိတော့ကြောင်း  သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)