Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘုရင့်နောင်ပွဲရုံနှင့်ကုန်တင်ယာဉ်ရပ်နားစခန်း အသိပေးကြေငြာချက် ထုတ်ပြန်

ဘုရင့်နောင်ပွဲရုံတန်းတွင် ကုန်တင်ယာဉ် အဝင်အထွက် လမ်းကြောင်းများ၊ ယာယီပိတ်ထားမည့် လမ်းကြောင်းများကို ကြေညာထားပါတယ်။

လူအများ လိုက်နာရန် အချက်များကိုလည်း ပြဌားန်းထားပါတယ်။ အသိပေးကြေညာချက် အပြည့်အစုံကို ဖော်ပြအပ်ပါတယ်

 


 

ဘုရင့်နောင်ပွဲရုံနှင့်ကုန်တင်ယာဉ်ရပ်နားစခန်း

အသိပေးကြေငြာချက်အမှတ် (၁/၂ဝ၂ဝ)

 ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၂) ရက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃) ရက်

 

 ၁။ ဘုရင့်နောင်ပွဲရုံနှင့်ကုန်တင်ယာဉ်ရပ်နားစခန်းအတွင်း လက်တလောဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် အောက်ပါတို့ကို သိရှိလိုက်နာကြရန် အသိပေးကြေငြာအပ်ပါသည်

(က) ၅.၁၀.၂၀၂၀ ရက်နေ့မှစ၍ ယာဉ်ဝင်ပေါက်များအဖြစ် ကံ့ကော်လမ်းမကြီး၊ ရိုးကြီးချောင်း ပတ်လမ်းနှင့် အင်ကြင်းလမ်းမကြီးအား သတ်မှတ်ထားရှိပြီး အဆိုပါလမ်းမကြီးများမှ သာဝင်ရောက်၍ ကျန်းမာရေးဆိုင်ရာစိစစ်ကြပ်မတ်မှုကိုခံယူရန်။ 

(ခ) ယာဉ်များထွက်ရန် သတ်မှတ်ထားသည့် ယင်းမာလမ်းနှင့် ဘုရင့်နောင်မီးသတ်ဘေး (ကျွန်းရွှေဝါလမ်း) များမှသာ ပြန်လည်ထွက်ခွာကြရန်။

(ကျန်လမ်းများအား ယာယီပိတ်ထားပါမည်) 

(ဂ ) လူပုဂ္ဂိုလ်များ၊ အနှေးယာဉ်များ၊ ဂါလီများ၊ လက်တွန်းလှည်းများ၊ ထော်လာဂျီများ သတ်မှတ်ထားသည့် ဝင်/ထွက်ပေါက်များမှသာ ဝင်/ထွက်ကြရန်။ 

(ဃ) ပွဲရုံအတွင်း လူ၊ ပုဂ္ဂိုလ်များအားလုံး နှာခေါင်းစီး (Mask) တပ်ဆင်၍ ဝင်/ထွက်သွား လာရမည်။ (Mask) တပ်ဆင်ထားခြင်းမရှိသူများ စခန်းဝင်းအတွင်း ဝင်ရောက်ခွင့် မပြု (မပြုပါ)။ 

(င) ဖွင့်လှစ်ရောင်းချသောဆိုင်/ဂိတ်များအားလုံး အလုပ်သမားများအပါ (Mask) တပ်ဆင်ရမည်၊ လက်အိတ်ဝတ်၍ ရောင်းဝယ်ဆောင်ရွက်ရမည်။ 

(စ) ဆိုင်တိုင်းတွင် လက်ဆေးကန်များထားရှိခြင်း၊ Hand Gel ထားရှိခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ထားရှိမှသာ ရောင်းဝယ်ရန်။ (ဆ) ကုန်ပစ္စည်းဝယ်ယူရောင်းချရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး စိစစ်ဆောင်ရွက်ပေးရန်နှင့် တာဝန်ခံရုံးမှ သတ်မှတ်ပေးထားသည့် စည်းကမ်းအတိုင်းရောင်းဝယ်ကြရန်။

 (ဇ) စခန်းဝင်း ပိတ်ချိန်ကို ည (၁၂) နာရီမှ မနက် (၄) နာရီအထိ သတ်မှတ်ထားရှိပြီး၊ အဆိုပါအချိန်ကာလအတွင်း ကုန်တင်ကုန်ချခြင်း၊ ဆိုင်ဖွင့်ရောင်းချခြင်း၊ နေအိမ်ပြင်ပ ထွက်ခွာခြင်း၊ စုဝေးခြင်းများကို (လုံးဝ) ဆောင်ရွက်ခြင်း မပြုလုပ်ကြရန်။

(ဈ) လမ်းများအလိုက်ထားရှိသော လက်ဆေးကန်များတွင် စနစ်တကျ လက်ဆေးကြရန်။ (ည) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ထုတ်ပြန်သည့် ဒေသန္တရ အမိန့်၊ ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန်။

 

 ၂။ ဤအသိပေးကြေငြာချက်သည် အများပြည်သူတို့၏ အကျိုးအတွက်၊ ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်သဖြင့် တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့်လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပေဒ ပုဒ်မ (၂၈၁) အရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

 

တာဝန်ခံ အရာရှိ

 

ဈေးများနှင့် ပွဲရုံလုပ်ငန်း

  ဘုရင့်နောင်ပွဲရုံတန်းတွင် ကုန်တင်ယာဉ် အဝင်အထွက် လမ်းကြောင်းများ၊ ယာယီပိတ်ထားမည့် လမ်းကြောင်းများကို ကြေညာထားပါတယ်။ လူအများ လိုက်နာရန် အချက်များကိုလည်း ပြဌားန်းထားပါတယ်။ အသိပေးကြေညာချက် အပြည့်အစုံကို ဖော်ပြအပ်ပါတယ်         ဘုရင့်နောင်ပွဲရုံနှင့်ကုန်တင်ယာဉ်ရပ်နားစခန်း အသိပေးကြေငြာချက်အမှတ် (၁/၂ဝ၂ဝ)  ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၂) ရက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃) ရက်    ၁။ ဘုရင့်နောင်ပွဲရုံနှင့်ကုန်တင်ယာဉ်ရပ်နားစခန်းအတွင်း လက်တလောဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် အောက်ပါတို့ကို သိရှိလိုက်နာကြရန် အသိပေးကြေငြာအပ်ပါသည် (က) ၅.၁၀.၂၀၂၀ ရက်နေ့မှစ၍ ယာဉ်ဝင်ပေါက်များအဖြစ် ကံ့ကော်လမ်းမကြီး၊ ရိုးကြီးချောင်း ပတ်လမ်းနှင့် အင်ကြင်းလမ်းမကြီးအား သတ်မှတ်ထားရှိပြီး အဆိုပါလမ်းမကြီးများမှ သာဝင်ရောက်၍ ကျန်းမာရေးဆိုင်ရာစိစစ်ကြပ်မတ်မှုကိုခံယူရန်။  (ခ) ယာဉ်များထွက်ရန် သတ်မှတ်ထားသည့် ယင်းမာလမ်းနှင့် ဘုရင့်နောင်မီးသတ်ဘေး (ကျွန်းရွှေဝါလမ်း) များမှသာ ပြန်လည်ထွက်ခွာကြရန်။ (ကျန်လမ်းများအား ယာယီပိတ်ထားပါမည်)  (ဂ ) လူပုဂ္ဂိုလ်များ၊ အနှေးယာဉ်များ၊ ဂါလီများ၊ လက်တွန်းလှည်းများ၊ ထော်လာဂျီများ သတ်မှတ်ထားသည့် ဝင်/ထွက်ပေါက်များမှသာ ဝင်/ထွက်ကြရန်။  (ဃ) ပွဲရုံအတွင်း လူ၊ ပုဂ္ဂိုလ်များအားလုံး နှာခေါင်းစီး (Mask) တပ်ဆင်၍ ဝင်/ထွက်သွား လာရမည်။ (Mask) တပ်ဆင်ထားခြင်းမရှိသူများ စခန်းဝင်းအတွင်း ဝင်ရောက်ခွင့် မပြု (မပြုပါ)။  (င) ဖွင့်လှစ်ရောင်းချသောဆိုင်/ဂိတ်များအားလုံး အလုပ်သမားများအပါ (Mask) တပ်ဆင်ရမည်၊ လက်အိတ်ဝတ်၍ ရောင်းဝယ်ဆောင်ရွက်ရမည်။  (စ) ဆိုင်တိုင်းတွင် လက်ဆေးကန်များထားရှိခြင်း၊ Hand Gel ထားရှိခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ထားရှိမှသာ ရောင်းဝယ်ရန်။ (ဆ) ကုန်ပစ္စည်းဝယ်ယူရောင်းချရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး စိစစ်ဆောင်ရွက်ပေးရန်နှင့် တာဝန်ခံရုံးမှ သတ်မှတ်ပေးထားသည့် စည်းကမ်းအတိုင်းရောင်းဝယ်ကြရန်။  (ဇ) စခန်းဝင်း ပိတ်ချိန်ကို ည (၁၂) နာရီမှ မနက် (၄) နာရီအထိ သတ်မှတ်ထားရှိပြီး၊ အဆိုပါအချိန်ကာလအတွင်း ကုန်တင်ကုန်ချခြင်း၊ ဆိုင်ဖွင့်ရောင်းချခြင်း၊ နေအိမ်ပြင်ပ ထွက်ခွာခြင်း၊ စုဝေးခြင်းများကို (လုံးဝ) ဆောင်ရွက်ခြင်း မပြုလုပ်ကြရန်။ (ဈ) လမ်းများအလိုက်ထားရှိသော လက်ဆေးကန်များတွင် စနစ်တကျ လက်ဆေးကြရန်။ (ည) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ထုတ်ပြန်သည့် ဒေသန္တရ အမိန့်၊ ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန်။    ၂။ ဤအသိပေးကြေငြာချက်သည် အများပြည်သူတို့၏ အကျိုးအတွက်၊ ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်သဖြင့် တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့်လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပေဒ ပုဒ်မ (၂၈၁) အရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။   တာဝန်ခံ အရာရှိ ဈေးများနှင့် ပွဲရုံလုပ်ငန်း

 

Read times Last modified on Sunday, 04 October 2020 12:10
Rate this item
(0 votes)