Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းစပါးဈေး တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခန့်သို့ ကျဆင်းလာ

တရုတ်အဝယ်ရပ်နေခြင်းကြောင့် နွေစပါးပေါ်ချိန်တွင် ပြည်တွင်းစပါးဈေးသည် တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းခန့်သို့ ကျဆင်းလာသည်။

 

ပြည်တွင်း ဈေးကွက်တွင် စပါးဈေးသည် တင်း ၁၀၀ လျှင် ကျပ်ခြောက်သိန်းမှ ငါးသိန်းခွဲအကြား ဈေးရှိသော်လည်း နွေစပါး အသစ်ပေါ်ချိန်တွင် ဒေသအလိုက် စပါးတင်း ၁၀၀ ၏တန်ဖိုးက ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းလာသည်။ ထိုသို့ စပါးဈေးကျဆင်းရခြင်းက တရုတ်ဈေးကွက်အဝယ် ရပ်တန့်နေခြင်းကြောင့် ဖြစ်ရခြင်းဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

 

လက်ရှိ စပါးဈေးသည် မြန်မာနိုင်ငံ၏အခြေခံရည်ညွှန်းစပါး ဈေးနှုန်း တင်းတစ်ရာ ကျပ်ငါးသိန်းသို့ ရောက်ရှိရန် နီးစပ်လာသည်။ ပြည်တွင်း၌ စပါးတင်း ၁၀၀ ကျပ်ငါးသိန်းအောက် ကျဆင်းမည်ဆိုပါက အခြေခံရည်ညွှန်း ဈေးနှုန်းဖြင့် ဝယ်ယူရမည်ဖြစ်သည်။

 

 မြန်မာနိုင်ငံတွင် နွေစပါး စိုက်ဧကသုံးသန်းခန့် ရှိနေပြီး စိုက်ပျိုးသည့် စပါးအများစုကလည်း သက်နု(ရက် ၉၀) ဆန်ကြမ်းအမျိုးအစား စပါးများဖြစ်သည်။ နွေစပါးများ၏ အဓိကဈေးကွက်က ပြည်ပတင်ပို့ရန်ဖြစ်ကြောင်း ပဲခူးတိုင်းအရှေ့ခြမ်းမှ ဆန်ကုန်သည် ဦးမြင့်ဌေးက ပြောသည်။

 Read More >>>>>  ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်

နွေစပါးအပါအဝင် မိုးရာသီစိုက် ဆန်ကြမ်းစပါးဈေးကလည်း နယ်စက်ပိုင်များက စိုက်ပျိုးထုတ်လုပ်မှု ပုံစံပြောင်းပြီး ကြိတ်ခွဲရောင်းချကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

 

 တရုတ်က ဝယ်ယူလေ့ရှိ သော အကျိုးအကြေ မပါသလောက် နည်းပါးသည့် ဆန်ကြမ်း ရှယ်အမျိုးအစားများအစား အကျိုးအကြေ ၂၅ ရာခိုင်နှုန်းအထိ ပါဝင်သော ဆန်အမျိုးအစားများ ကို ပြောင်းလဲကြိတ်ခွဲထုတ်လုပ်ပြီး ပင်လယ်ရေကြောင်းမှ ပြည်ပတင် ပို့သူများထံ ရောင်းချနေရသည် ဟု ၎င်းက ဆိုသည်။

 

မြန်မာနိုင်ငံ၏ပြည်ပသို့ ဆန်တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ရောင်းချမှုများ ရှိသကဲ့သို့ ပင်လယ်ရေကြောင်းမှလည်း အာဖရိက၊ ဥရောပနှင့် အာဆီယံနိုင်ငံအချို့သို့ ဆန်ရောင်းချနေသည်။

 

မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းကျော် ဈေးကွက်ရယူထားသော တရုတ်နိုင်ငံက ဖေဖော်ဝါရီက စတင်ပြီး ရပ်ဆိုင်းလုနီးပါး ဖြစ်နေခြင်း ကြောင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုတိုးမြှင့်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြိုးစားနေသည်။

Source: 7 day news

Read times Last modified on Thursday, 21 March 2019 10:44
Rate this item
(1 Vote)