Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်ဈေးမြင့်တက်လာသော်လည်း အကျိုးခံစားခွင့် နည်းပါးနေ

Unicode


ကြက်သွန်ဈေးမြင့်တက်လာသော်လည်း အကျိုးခံစားခွင့် နည်းပါးနေ


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ကြက်သွန်စိုက်တောင်သူများအနေဖြင့်လက်ရှိအချိန်တွင် ကြက်သွန်ဈေးမြင့်တက် လာသော်လည်း အကျိုးခံစားခွင့်နည်းပါး နေကြောင်း ကြက်သွန်စိုက်တောင်သူများ ထံမှ သိရသည်။

 

မုံရွာကြက်သွန်ဈေးကွက်သည် ယခင်လ များတွင် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀မှ ၁၀၀၀ အတွင်းသာ ရရှိခဲ့ရာမှ လက်ရှိ အချိန်တွင်  ပြည်ပအဝယ်လိုက်သဖြင့်  တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ မှ ၂၅၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။ ကြက်သွန်စိုက်တောင်သူများသည် ချေးငွေရယူကာ  စိုက်ပျိုးရသဖြင့် ကြက်သွန်ပေါ်ချိန်အတွင်း  ရရှိသည့်ဈေးဖြင့် ရောင်းချ ခဲ့ရပြီး လက်ရှိ အချိန်တွင် ကြက်သွန်ဈေးမြင့်တက်လာ သော်လည်း သိုလှောင်ရန် အရင်းအနှီး မတတ်နိုင် သဖြင့် အကျိုးခံစားခွင့် နည်းပါးနေခြင်းဖြစ်သည်။

 

ကြက်သွန်စိုက်ရာတွင် စိုက်ပျိုးစရိတ် အနေဖြင့် ကိုယ်ပိုင်ယာမြေ တစ်ဧကလျှင်ငွေကျပ် ၁၅ သိန်း၊ မြေငှားစိုက်ပျိုးလျှင် ငွေကျပ် သိန်း ၂၀ ခန့်ကုန်ကျပြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ထုတ်ချေး ပေးသည်။

 

““ကြက်သွန်စိုက်ရင် တစ်ဧကကို ငွေကျပ် ၁၅ သိန်းကုန်ကျပါတယ်။   အစိုးရက တစ်သိန်းပဲချေးတော့ အရင်းအနှီး အနေနဲ့  ဘယ်လိုမှ အဆင်မပြေဘူး။ ပုဂ်္ဂလိကဘဏ် တွေက ပုံစံ(၇) မိတ္တူပေးရုံနဲ့ ၁၀ လ၊ ရှစ်လ၊  ခြောက်လဆပ်၊ ကိုယ်ဆပ် နိုင်သလောက် ဈေးတက်နိုင်တဲ့အချိန်ထိ  ခန့်မှန်းပြီး ဆပ်ရတာဆိုတော့   အဆင်ပြေတယ်။

 

Read More >>>>>  ဘဂၤလားေဒ႕ရွ္ႏုိင္ငံမွ အဝယ္လိုက္၍ ၾကက္သြန္နီေစ်းျမင့္တက္

 

စိုက်ပျိုးစရိတ်လည်း   လုံလောက်အောင် ချေးပေးတဲ့အတွက် ပုဂ္ဂလိကဘဏ်တွေက  ချေးရတာပိုအဆင်ပြေတယ်””  ဟု တောင်ပုလူကျေးရွာရှိ   ကြက်သွန်စိုက် တောင်သူ ကိုနေထွန်းအောင်က ပြောသည်။

 

မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲကျေးရွာ၊ တောင်ပုလူကျေးရွာ၊   ခိုသန်းကျေးရွာ၊  သမန္တာကျေးရွာ၊ ရှင်ငါးဆယ်ကျေးရွာတို့ တွင် ကြက်သွန်ကို   အဓိကစိုက်ပျိုးကြကြောင်း၊  လက်ရှိမုံရွာကြက်သွန်ဈေးကွက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊   အိန်္ဒိယနိုင်ငံ တို့မှ အဝယ်လိုက်နေသဖြင့်   ကြက်သွန်ဈေး မြင့်တက်နေကြောင်း၊   ကြက်သွန်သီးနှံ  အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ ၆၀၀၀  ခန့်ထွက်ရှိပြီး ကြက်သွန်ပေါ်ချိန်တွင် တည်ငြိမ်ခိုင်မာသည့်   ဈေးကွက်ရရှိရန်  တောင်သူများ လိုလားနေကြောင်း  သိရသည်။   

 

Source: Myawaddy

 

 

 

ၾကက္သြန္ေစ်းျမင့္တက္လာေသာ္လည္း အက်ဳိးခံစားခြင့္ နည္းပါးေန

 

စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕နယ္ရွိ ၾကက္သြန္စိုက္ေတာင္သူမ်ားအေနျဖင့္လက္ရွိအခ်ိန္တြင္ ၾကက္သြန္ေစ်းျမင့္တက္ လာေသာ္လည္း အက်ဳိးခံစားခြင့္နည္းပါး ေနေၾကာင္း ၾကက္သြန္စိုက္ေတာင္သူမ်ား ထံမွ သိရသည္။

 

မံုရြာၾကက္သြန္ေစ်းကြက္သည္ ယခင္လ မ်ားတြင္ တစ္ပိႆာလွ်င္ ေငြက်ပ္ ၇၀၀မွ ၁၀၀၀ အတြင္းသာ ရရွိခဲ့ရာမွ လက္ရွိ အခ်ိန္တြင္  ျပည္ပအ၀ယ္လိုက္သျဖင့္  တစ္ပိႆာလွ်င္ ေငြက်ပ္ ၂၀၀၀ မွ ၂၅၀၀ အထိ ေစ်းႏႈန္းျမင့္တက္ခဲ့သည္။ ၾကက္သြန္စိုက္ေတာင္သူမ်ားသည္ ေခ်းေငြရယူကာ  စိုက္ပ်ဳိးရသျဖင့္ ၾကက္သြန္ေပၚခ်ိန္အတြင္း  ရရွိသည့္ေစ်းျဖင့္ ေရာင္းခ် ခဲ့ရၿပီး လက္ရွိ အခ်ိန္တြင္ ၾကက္သြန္ေစ်းျမင့္တက္လာ ေသာ္လည္း သိုေလွာင္ရန္ အရင္းအႏွီး မတတ္ႏိုင္ သျဖင့္ အက်ဳိးခံစားခြင့္ နည္းပါးေနျခင္းျဖစ္သည္။

 

ၾကက္သြန္စိုက္ရာတြင္ စိုက္ပ်ဳိးစရိတ္ အေနျဖင့္ ကိုယ္ပိုင္ယာေျမ တစ္ဧကလွ်င္ေငြက်ပ္ ၁၅ သိန္း၊ ေျမငွားစိုက္ပ်ဳိးလွ်င္ ေငြက်ပ္ သိန္း ၂၀ ခန္႔ကုန္က်ၿပီး ျမန္မာ့ လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ တစ္ဧကလွ်င္ ေငြက်ပ္ တစ္သိန္း ထုတ္ေခ်း ေပးသည္။

 

““ၾကက္သြန္စိုက္ရင္ တစ္ဧကကို ေငြက်ပ္ ၁၅ သိန္းကုန္က်ပါတယ္။   အစိုးရက တစ္သိန္းပဲေခ်းေတာ့ အရင္းအႏွီး အေနနဲ႔  ဘယ္လိုမွ အဆင္မေျပဘူး။ ပုဂ္ၢလိကဘဏ္ ေတြက ပံုစံ(၇) မိတၱဴေပး႐ံုနဲ႔ ၁၀ လ၊ ရွစ္လ၊  ေျခာက္လဆပ္၊ ကိုယ္ဆပ္ ႏိုင္သေလာက္ ေစ်းတက္ႏုိင္တဲ့အခ်ိန္ထိ  ခန္႔မွန္းၿပီး ဆပ္ရတာဆိုေတာ့   အဆင္ေျပတယ္။

 

Read More >>>>>  ဘဂၤလားေဒ႕ရွ္ႏုိင္ငံမွ အဝယ္လိုက္၍ ၾကက္သြန္နီေစ်းျမင့္တက္

 

စိုက္ပ်ဳိးစရိတ္လည္း   လံုေလာက္ေအာင္ ေခ်းေပးတဲ့အတြက္ ပုဂၢလိကဘဏ္ေတြက  ေခ်းရတာပိုအဆင္ေျပတယ္””  ဟု ေတာင္ပုလူေက်းရြာရွိ   ၾကက္သြန္စိုက္ ေတာင္သူ ကိုေနထြန္းေအာင္က ေျပာသည္။

 

မံုရြာၿမိဳ႕နယ္အတြင္းရွိ ကၽြဲရဲေက်းရြာ၊ ေတာင္ပုလူေက်းရြာ၊   ခိုသန္းေက်းရြာ၊  သမႏၱာေက်းရြာ၊ ရွင္ငါးဆယ္ေက်းရြာတို႔ တြင္ ၾကက္သြန္ကို   အဓိကစိုက္ပ်ဳိးၾကေၾကာင္း၊  လက္ရွိမံုရြာၾကက္သြန္ေစ်းကြက္ တြင္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊   အိႏ္ၵိယႏိုင္ငံ တို႔မွ အ၀ယ္လိုက္ေနသျဖင့္   ၾကက္သြန္ေစ်း ျမင့္တက္ေနေၾကာင္း၊   ၾကက္သြန္သီးႏွံ  အထြက္ႏႈန္းမွာ တစ္ဧကလွ်င္ ပိႆာ ၆၀၀၀  ခန္႔ထြက္ရွိၿပီး ၾကက္သြန္ေပၚခ်ိန္တြင္ တည္ၿငိမ္ခိုင္မာသည့္   ေစ်းကြက္ရရွိရန္  ေတာင္သူမ်ား လိုလားေနေၾကာင္း  သိရသည္။   

 

Source: Myawaddy

Read times Last modified on Thursday, 06 February 2020 16:39
Rate this item
(0 votes)