Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းရွက်ဈေးနှုန်းများ နှစ်ဆမြင့်တက်

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြီးခဲ့တဲ့လကုန်ပိုင်း၌

ကွမ်းများ ပြန်လည်စိုက်ပျိုးခြင်းဖြင့် ကွမ်းရွက်ဈေးနှုန်းများ နှစ်ဆမြင့်တက်ကြောင်း သိရပါတယ်။

သြဂုတ်လတွင် ရေကြီးမှုကြောင့် ကွမ်းခြံများ ပျက်စီးခဲ့ရခြင်းဖြစ်ပြီး နိုဝင်ဘာလတွင် ပြန်လည် စိုက်ပျိုးနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကွမ်းခြံတွေပျက်စီးခဲ့ခြင်းကြောင့် ကွမ်းဈေးနှုန်းများ နှစ်ဆ၊ သုံးဆလောက်မြင့်တက်ပြီး ဈေးကောင်းနေကြောင်း သိရပါတယ်။

ကွမ်းရှားသောကြောင့် ဈေးကောင်းတဲ့သဘောဖြစ်ပြီး ယခု ကွမ်းအစားပြန်စိုက်ဖို့ လုပ်နေကြောင်းလည်း သိရပါတယ်။

ကွမ်းခြံအချို့ ရေ၀င်သောကြောင့် သြဂုတ်လအတွင်း ကွမ်းတစ်ပိဿာဈေးနှုန်းသည် ၂၀၀၀ ကျပ် ရှိခဲ့ပြီး နိုဝင်ဘာလဆန်းပိုင်းတွင် ကွမ်းတစ်ပိဿာဈေးနှုန်းသည် ၄၀၀၀ ကျပ် အထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ဒုတိယအပတ်မှစတင်၍ ကွမ်းတစ်ပိဿာဈေးနှုန်းသည် ၇၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက် ခဲ့ကြောင်း သိရပါတယ်။

ကွမ်းဈေးများသည် မိုးတွင်းကထက် တော်တော်တက်နေကြောင်းလည်း သိရပါတယ်။ ကွမ်းသန့်နှင့် အထားခံတဲ့ကွမ်းရွက်ဆိုရင် ပိုဈေးကောင်းပါတယ်။

ယခု ကွမ်းယာသမားများအတွက် ကွမ်းတစ်ပိဿာကို ၈၅၀၀ ကျပ် ဖြင့် ရောင်းချပြီး ရိုးရိုးကွမ်း တစ်ပိဿာလျှင် ၇၅၀၀ ကျပ် ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရပါတယ်။

Source: Farmer

Read times Last modified on Wednesday, 19 September 2018 13:48
Rate this item
(2 votes)